Friday, September 7, 2012

နွားမှောင်ခိုသယ်ဆောင်သူများဖမ်းဆီးရမိ

0 comments
(တောင်ကြီး စက်တင်ဘာ ၅)
ရှမ်းပြည်နယ် နောင်ချို ရဲစခန်းမှ ဒုတိယရဲအုပ် ဇော်မျိုးလတ် ဦးစီးတပ်ဖွဲ့ဝင် များသည် သက်သေများနှင့် အတူ စက်တင်ဘာ ၁ ရက် နံနက် ၄နာရီခွဲက နောင်ချိုမြို့ သုံးဆယ်ကျေးရွာ အုပ်စု လွယ်ခွင် ကျေးရွာ ငွေတောင် တံတားအနီးတွင် နွားမှောင်ခို သယ်ဆောင်သူ ကိုမျိုး (ခ) နေမျိုးကျော် ၂၆နှစ် (ဘ) ဦးကျော်သိန်းမန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မင်းဂံအုပ်စု ဇီးတော ကျေးရွာ နေသူနှင့် ချစ်ကို ၂၁နှစ် (ဘ) ဦးတင်အောင် မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ် မင်းဂံအုပ်စု ဇီးတော ကျေးရွာ နေသူတို့ နှစ်ဦးကို ခိုင်းနွား ၁၅  ကောင် (ဒေသ ပေါက်ဈေး တစ်ကောင်လျှင် ငွေကျပ် ငါးသိန်းနှုန်း) ကိုတွေ့ရှိ၍ စစ်ဆေး မေးမြန်းရာ တရားမဝင်  မှောင်ခို ရောင်းချရန် သယ်ဆောင်လာ ခြင်းဖြစ် ကြောင်း သိရသည်။

သို့ဖြစ်၍ တရားမဝင် မှောင်ခို ခိုင်းနွား ၁၅ ကောင် ကို နယ်ကျော် သယ်ဆောင် လာသူ ကိုမျိုး (ခ) နေမျိုးကျော် နှင့် ချစ်ကို တို့နှစ်ဦးကို နောင်ချို ရဲစခန်းမှ (ပ)၇ဝ/ ၂ဝ၁၂၊ အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ၅ အရအမှုဖွင့် အရေးယူ ဆောင်ရွက်ထား ကြောင်းသတင်း ရရှိသည်။
 

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here