Wednesday, September 19, 2012

လယ်မြေသိမ်းခံရက လွှတ်တော်စုံစမ်းရေးကော်မရှင်သို့ တိုင်မှသာ ဖြေရှင်းနိုင်မည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၁၅
လယ်မြေအသိမ်းခံရသူများက လွှတ်တော်စုံစမ်းရေးကော်မရှင်သို့ တင်ပြမှသာ ၄င်းတို့၏ပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဟု စုံစမ်းရေးကော် မရှင်အဖွဲ့ဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
”ကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ လယ်သိမ်းမြေသိမ်း ကိစ္စတွေကို သာဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်သမားတွေ မြေသိမ်းခံရတဲ့သူတွေက စုံစမ်းရေး ကော်မရှင်ကို မြန်မြန်ပေးပို့ဖို့ လိုတယ်”ဟု မန္တလေးတိုင်းဒေသကြီး စုံစမ်းရေးကော်မရှင်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
လယ်ယာမြေ အသိမ်းခံရသူများအနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရခြင်း စုံစမ်းရေးကော်မရှင်၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌထံသို့ လိပ်မူ၍ လယ်ယာမြေ အသိမ်းခံရသူကိုယ်တိုင် ပိုင်ဆိုင်ကြောင်း အထောက်အထားနှင့် လက်မှတ်ရေးထိုးပေးပို့ကာ တိုင်ကြားနိုင်ကြောင်း ၄င်းက ပြောသည်။
ကချင်ပြည်နယ် စုံစမ်းရေး အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဥိးစိုင်းသန့်ဇင်က ”ဒေသအလိုက် ပေးပို့လာတဲ့တိုင်ကြားစာတွေကို အရေအတွက်အပေါ် မူတည်ပြီး တော့ စုံစမ်းရေးကော်မရှင်က စီမံ ခန့်ခွဲရမှာဖြစ်တယ်။ နစ်နာတဲ့သူတွေ တိုင်ကြားစာမြန်မြန်ပို့ဖို့ လိုတယ်”ဟု ပြောသည်။
စုံစမ်းရေးကော်မရှင်အနေဖြင့် လယ်မြေနှင့်အခြားမြေများ အသိမ်း ခံရမှုအခြေအနေနှင့်အစိုးရဌာနများ ၏ ပူးပေါင်းပါဝင်မှု အသေးစိတ် အချက်အလက်များကို မှတ်တမ်း တင်၍ ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြမည်ဟု ၄င်းကပြောသည်။
ရန်ကုန်တိုင်း စုံစမ်းရေး အဖွဲ့တွင် ပါဝင်သည့် လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က လယ်ယာမြေ နစ်နာတဲ့သူတွေက ကော်မရှင်ကို တိုက်ရိုက် ပို့လို့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေက နေပေးပို့ရာမှာတော့ သူတို့ အနေနဲ့ မှန်၏၊ မမှန်၏ဆိုတာ စဉ်း စားရမယ်၊ စိစစ်ရမယ်ဟုပြောသည်။
မြေယာစုံစမ်းရေး ကော်မရှင်အနေဖြင့် အမွေလုသည့် ကိစ္စများ၊ ပုဂ္ဂိုလ်ရေးကိစ္စများကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များကလည်း မိမိနှင့် သက်ဆိုင်သည့် ကိစ္စများကို စိစစ်၍ ကော်မရှင်သို့ ပေးပို့နိုင်ကြောင်း ၄င်းက ပြောသည်။
ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုင်းကျော်ဇောသန်းက ”စုံစမ်း ရေးကော်မရှင်ကို ရောက်လာတဲ့ တိုင်စာတွေက နည်းနေတယ်၊ ရှမ်းပြည်နယ်က ၃၉ ခုနဲ့ ကယားပြည် နယ်က တစ်ခုပဲ ရောက်သေးတယ်”ဟု ပြောသည်။
လယ်ယာမြေနှင့် အခြားမြေ များသိမ်းဆည်းခံရခြင်း စုံစမ်းရေး ကော်မရှင်က မြို့သစ်များ တည်ဆောက်ခြင်း၊ စက်မှုဇုန်များဖော် ထုတ်ခြင်း၊ တပ်မြေများ ချဲ့ထွင်ခြင်း၊ နိုင် ငံတော် စီမံကိန်းများ၊ ကားလမ်း၊ ရထားလမ်းများ ဖောက်ခြင်း၊ နိုင်ငံပိုင်စက်ရုံများ ဆောက်လုပ်ခြင်း၊ ပုဂ္ဂလိကများကို ပေးခြင်းကြောင့် အသိမ်းခံရသည့် လယ်မြေများ အပြင် ဓာတ်သတ္တုတူးဖော်ရေးနှင့် အခြားကိစ္စများကြောင့် အသိမ်းခံရသည့် ကိစ္စများကို  စုံစမ်းစစ်ဆေးမည်ဟု သိရသည်။
အဆိုပါ စုံစမ်းရေး ကော်မရှင်သည် စတုတ္ထအကြိမ် ပုံမှန်လွှတ် တော်အစည်းအဝေးအပြီး စက်တင်ဘာလအတွင်း စုံစမ်းရေး လုပ်ငန်းများ စတင်မည်ဟု သိရသည်။
စုံစမ်းရေးကော်မရှင်ကို လွှတ် တော်ကိုယ်စားလှယ်အဖွဲ့ဝင် ၆ဝ ဦးဖြင့် ဖွဲ့စည်းထားပြီး ခေါင်းဆောင် များအဖြစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဦးတင်ထွတ်(ဇလွန်မဲဆန္ဒ နယ်)၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဦးသိန်းထွန်း(ကျောင်းကုန်း မဲဆန္ဒ နယ်)၊ ပဲခူးတိုင်းဒေသကြီးတွင် ဦး မင်းဆွေ(ဒိုက်ဦးမဲဆန္ဒနယ်)၊ မန္တ လေးတိုင်းဒေသကြီးတွင် ဦးသိန်းထွန်းဦး(အမရပူရ မဲဆန္ဒနယ်)၊ မကွေးတိုင်းဒေသကြီးတွင် ဦးလှ ဆွေ(မကွေးမဲဆန္ဒနယ် ၁၂)၊ စစ် ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည် နယ်တွင် ဦးတင်မြ (စစ် ကိုင်းမဲ ဆန္ဒ နယ် ၇ )၊ ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ်တွင် ဦးစိုင်းထွန်းစိန် (မိုင်း ပြင်းမဲဆန္ဒနယ်)၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဦးမောင်ဦး(တပ်ကုန်း မဲဆန္ဒ နယ်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသကြီးတွင် ဒေါက်တာဌေးဝင်း (ဧရာဝတီမဲဆန္ဒနယ် ၅)တို့ကအသီး သီးတာဝန်ယူထားကြောင်း သိရသည်။
စိုင်းနောင်
ref: PNews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here