Wednesday, September 5, 2012

မူဆယ်တွင်လောင်းကစားဝိုင်းများပြန်ဖွင့်နေ

0 comments
သြဂုတ်လ ၈ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက် ကောင်းထက်တည်းခိုခန်း အနီးရှိ တရုတ် လူမျိုးတစ်ဦး ပိုင် လောင်းကစားဝိုင်းအား အာဏာပိုင်များ ဖမ်းဆီးပြီးနောက်ပိုင်း လောင်းကစားဝိုင်းများ ပိတ်ထားသော် လည်း ယခုရက်ပိုင်း အတွင်း လောင်းကစားဝိုင်းများ မြို့နေရာအနှံ့၌ ပြန်ဖွင့်နေကြောင်း သိရသည် ။

မြို့ခံတစ်ဦးက “ ဆင်ဖြူဂိတ်နားမှာက ၃ ဆိုင် ၊ နန်းတော်ပေါက် ရွှေနဂါးတည်းခိုခန်းနားမှာက ၁ ဆိုင် ၊ မန်ဝိန်းပေါက် စိန် ကမ္ဘာ တည်းခိုခန်းနားမှာက ၁ ဆိုင် ၊ ရွှေသီရိ တည်းခိုခန်းရှေ့မှာက တစ်ဆိုင် ၊ နာရီစဉ်နားမှာက တစ်ဆိုင် ၊ ကားဝင်းနား မှာက ၃ ဆိုင် ၊ အထက ၂ စာသင်ကျောင်းနားမှာက တစ်ဆိုင် တစ်မြို့လုံးဆိုရင် ဆိုင် ၃၀ လောက် ပြန်ဖွင့်နေပြီ ” ဟု ၄င်းက ဆိုသည် ။

၄င်းလောင်းကစားဝိုင်းများအနက် ဆင်ဖြူပေါက်အနီးဖွင့်လှစ်ထားသော ပန်းဆေးပြည်သူ့စစ်ပိုင် Royal တွင် ကစားဝိုင်းမျိုးစုံ ပါ၀င်သဖြင့် အကြီးဆုံးဖြစ်ပြီး ကစားဝိုင်း အကြီး ၊ အသေးအလိုက် တစ်လလျှင် ကျပ် ရ သိန်းမှ ၁၅ သိန်းအထိ လစဉ် ကြေး ပေးဆောင်ရကြောင်း သိရသည် ။ 

လွန်ခဲ့သည့်လပိုင်းက ဖမ်းဆီးခံခဲ့ရသည့် တရုတ်လူမျိုး လောင်းကစားဝိုင်းပိုင်ရှင်မှာ ယနေ့အအထိ ဖမ်းဆီးထားဆဲဖြစ်ပြီး ယခု လောင်းကစားဝိုင်းများ ပြန်လည်ဖွင့်ခွင့်ရနေပြန်ရာ မြို့ခံများအကြား  ဝေဖန်ပြောဆိုမှုရှိနေကြောင်းလည်း သိရသည် ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here