လူမိုက်လက်သစ်လေးရွက်ဆစ်ဆိုတဲ့
သတင်းတစ်ပုဒ်ကိုဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရင်ထဲ မှာ ပြောစ ရာ တွေ အများကြီးဖြစ်လာခဲ့ပါတယ်။
တကယ်တော့ ရွက်ဆစ်ဆိုတာ လူမိုက်လက်သစ်လေး မဟုတ်ပါဘူး။ တကယ်ကိုကြောက်စရာကောင်းတဲ့ ရာဇ၀င်လူမိုက်ကြီးပါ။
ရှမ်းပြည်မှာ ကျွန်တော်နေခဲ့တဲ့ အချိန်က ရွက်ဆစ်ဆိုတာ မူးယစ်ဆေးဝါးနဲ့ပက်သက်လာရင် အလွန်ကြောက်စရာကောင်းတဲ့
လူလို့ အဖိုးပြောပြတာ ခဏခဏကြားရပါတယ်။ ရွက်ဆစ်ဟာ မူးယစ်ဆေးဝါးနဲ့ စီးပွားရှာပြီး သူ့အဖွဲ့တွေရပ်တည်ဖို့
ကြိုးစားခဲ့တာပါ။ ကျွန်တော့်အဖိုးဟာ အရင်က ပွန်ချောင်းအရှေ့ဘက်ခြမ်း မကျန်းရွာလေးကဖြစ်ပါတယ်။
အဖိုးတို့လို ရိုးသားပြီး အေးအေးဆေးဆေးနေတဲ့သူတွေဆီကနေ ပိုက်ဆံတွေတောင်း (သူတို့အခေါ်တော့
ဆက်ကြေးေ ပါ့ဗျာ)၊ မပေးရင် လူတွေကိုရက်ရက်စက်စက်ဖမ်းခေါ်ပြီး သတ်ပစ်ပါတယ်။ နောက်ဆုံးတော့
ကျွန်တော့်အဖိုး လည်း သူတို့ရန်ကိုကြောက်ပြီး မြို့ပေါ်ကို တစ်မိသားစုလုံးပြောင်းလာတော့တာပါပဲ။
ရွက်ဆစ်ကို အရင်တုန်းက ဘိန်းဓားပြလို့ခေါ်ပါတယ်။
သူက ဘိန်းစိုက်ပျိုးဖို့အတွက် သူ့ရဲ့ အဖွဲ့ SSA ထဲကို မ၀င်မနေရအနေနဲ့လူစုပြီး အမှုထမ်းခိုင်းပါတယ်။
သူတို့တောင်းထားတဲ့လူမရဘူးဆိုလို့ကတော့ ဖမ်းပြီးခေါ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် တစ်ချို့ဆို
ရွာမှာမနေရဲဘဲ မြို့ပေါ်မှာ ကိုရင်ဝတ်ကြပါတယ်။ ကိုယ့်နယ် ကိုမခွဲနိုင်လို့ ကိုယ့်ရွာမှာ
ကိုရင်ဝတ်တဲ့သူတွေကိုလည်း နားလည်မှုတောင်မပေးဘဲ ဖမ်းဆီးပါတယ်။ ဒါကြောင့် ရွာကလူတွေလည်းကြောက်ပြီး
မြို့ပေါ်အခြေချတဲ့သူကချ၊ ထွက်ပြေးတဲ့သူကထွက်ပြေးနဲ့ အတော် လေးကို ဒုက္ခရောက်ကြပါတယ်။
တစ်ချို့ဆို ရွာလုံးကျွတ်နီးပါးတောင် ကိုရင်တွေဝတ်ကုန်ကြပါတယ်။ အဲ့ဒီလောက်ထိ ဆိုးတဲ့
ဘိန်းဘုရင်ကြီးပါ။
သူတို့ကြွေးကြော်တာက အေးချမ်းတဲ့ရှမ်းနိုင်ငံတော်ကြီးထူထောင်ရေးပါ။
ရွက်ဆစ်ရဲ့လူမဆန်တဲ့ ဘိန်း စီမံချက်ကြောင့် ကျွန်တော်တို့တိုင်းရင်းသားတွေ မိကွဲ ၊ဖကွဲနဲ့
ကိုယ့်ရပ်ကိုယ့်ရွာမှာ ပညာမသင်ကြားနိုင်ဘဲ
ချစ်တဲ့ ရှမ်းပြည်နယ်ကြီးကိုစွန့်ခွာပြီး တနယ်တကျေးမှာ ပညာသင်ကြားခဲ့ရပါတယ်။
စိတ်မထင်ရင် မထင်သလို အပြစ်ရှာပြီး သတ်ဖြတ်တတ်တာကလည်း ရွက်ဆစ်အတွက် ပုရွက်ဆိတ်လေး တစ်ကောင် ကို
ခြေထောက် အောက်မှာ နင်းထားသလိုပါပဲ။ မီးရှို့ဖျက်စီးခံခဲ့ရတဲ့ ရွာတွေဆိုတာလည်း မနည်းပါဘူး။
သူတို့က လူစုရင်လည်း ကိုယ့်စိတ်နဲ့ ကိုယ်ဝင်ချင်တဲ့လူကိုမစုပါဘူး။ ဆင့်ခေါ်စာနဲ့တကွ
မ၀င်မနေရလို့ပြောပြီး မရရင် ရွာကိုမီးရှို့မယ်ဆိုတော့ မိဘတွေခမျာ ရင်ကွဲပက်လက်နဲ့ အခံရခက်ပြီး
ရင်နာနာနဲ့ပဲ ကိုယ့်သားသမီးကို ပို့ေးရပါတယ်။ လူသစ်အပြင် ရိက္ခာနဲ့ ဆက်ကြေးပါတောင်းတော့
ဒေသခံတွေအဖို့ နူရာ ၀ဲစွဲသလိုပါပဲ။ ရွက်ဆစ်ရဲ့
ဥပဒေကတော့ သူ့သေနတ်ပြောင်းဝက ထွက်တဲ့ ကျည်ဆံပါပဲ။
ရွက်ဆစ်ဘယ်လောက်တောင်ရက်စက်သလဲဆိုရင်
နမ့်စန်မြို့နယ်က တိုင်းရင်းသားတွေအားလုံး သိကြပါတယ်။ မီးသွေးကုန်းကျေးရွာက ရွာသူရွာသားတွေကို
တုတ်နဲ့ရိုက်သတ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအ၀င် ၁၅ဦးလောက် မြင်မကောင်းအောင်သေခဲ့ကြရပါတယ်။
ရွက်ဆစ်ဟာ မြန်မာ-ထိုင်းနယ်စပ်က ကျထိန၊
လွယ်ခမ်းချုံ၊ လွယ်မ ဆိုတ် စတယ့် စခန်းတွေဆောက်ပြီး ဘိန်းလုပ်ငန်းတွေ ၊ စိတ် ကြွဆေးပြား ထုတ်တဲ့လုပ်ငန်းတွေ၊
မှောင်ခိုလုပ်ငန်းမှန်သမျှတစ်ခုမကျန် အကုန်လုပ်ပါ တယ်။ တပည့်တွေကလည်း ရွက်ဆစ်ရဲ့ ခြေရာ ကိုနင်းနိုင်တယ်လို့ပြော ရပါလိမ့်မယ်။
သူ့အဖွဲ့တွေ ရွာထဲဝင် သွားပြီးပြန် ထွက်လာရင် အဲ့ရွာက မီးတောက်နဲ့ ပြာပဲကျန်ခဲ့ပါတယ်။
ခရီးသွားမယ့်လမ်းတွေမှာဆို မိုင်းထောင် တယ်၊ လက်နက်ကြီးနဲ့ပစ်တယ်၊ ခရီးသွားတွေကို အတင်းဖမ်းဆီးခေါ်ဆောင်ပြီး
လူသစ်လုပ်ခိုင်း တယ်၊ ဆက်ကြေးတောင်းတယ်။ ပြောရင်တော့ ရွက်ဆစ်ရဲ့ ယုတ်မာရိုင်းစိုင်းပြီး
ကောက်ကျစ်တဲ့ စိတ်ဓာတ်ကို ဘိန်းဘုရင်လို့ တင်စားခေါ်ဝေါ်ခဲ့တဲ့ ခွန်ဆာတောင်အရှုံးပေးရပါတယ်။
တစ်နှစ်တစ်နှစ် အပြစ်မဲ့တဲ့လူ တစ်ရာကျော်လောက်ကို အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့သူပါ။
ရှမ်းလူမျိုးကောင်းစားရေး၊ အေးချမ်းတဲ့
ရှမ်းနိုင်ငံတော်ထူထောင်ရေးလို့ ပြောခဲ့တဲ့ ရွက်ဆစ်၊ တကယ် လုပ်နေတာကတော့ ရှမ်းပြည်နယ်ကတိုင်းရင်းသားတွေအပါအ၀င်
တစ်မျိုးသားလုံး လူညွန့်တုံးစေမယ့် မူးယစ်ဆေးဝါးလုပ်ငန်း၊ လူသတ်၊ အကြမ်းဖက်တဲ့လုပ်ရပ်တွေပဲဖြစ်ပါတယ်။
လူသစ်စုတာကို ဘာမှမပြောလိုပေမယ့် လူသစ်မရလို့
၊ ဆက်ကြေးတောင်းလို့မရရင် ရွာတွေကိုမီးရှို့ဖျက်ဆီး ၊ စိတ်ကြွဆေးပြားတွေကို ရွာသားတွေနဲ့ရောင်းခိုင်း၊
အဲ့လိုမလုပ်ဘူးဆိုရင် စစ်တပ် သူလျှိုပါလို့စွပ်စွဲပြီး သတ်ပစ်တာပါပဲ။ တိုင်းရင်းသားတွေက
နိုင်ငံရေးနားမလည်သလို ၊စစ်မက်ရေး ရာ တွေကိုလည်း စိတ်မ၀င်စားပါဘူး။ အေးအေးချမ်းချမ်းနေရရင်
ဘ၀တစ်ခုလုံးရှမ်းပြည်နယ်မှာ အရိုးဆွေး အောင် မြှပ်နှံသွား မယ့်သူတွေပါ။ ကိုယ့်ဝမ်းစာကိုရှာစားဖို့တောင်
သူတို့ကိုကြောက်နေရတော့ စားဖို့သောက်ဖို့တောင် နပ်မမှန်ဘဲ ၀မ်းရေးခက်ခဲတဲ့သူတွေဖြစ်ခဲ့ရပါတယ်။
ဝမ်းရေးခက်မှတော့ နေဖို့ ၊ထိုင်ဖို့၊ ဥစ္စာရှာဖို့၊ တရားရှာဖို့ ဘယ်မှာ အချိန်ရှိနိုင်တော့မှာလဲ။
ရွက်ဆစ်ဘာကြောင့် ဘိန်းနဲ့ရှမ်းပြည်နယ်ကို
ချုပ်ကိုင်နေရသလဲဆိုရင် ရှမ်းပြည်နယ်မှာ ဘိန်းစွဲတဲ့ သူများလေ သူချုပ်ကိုင်လို့လွယ်လေဖြစ်နေလို့ပါပဲ။
တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း ဘိန်းဟာ ဘယ်လောက် မကောင်းဘူးပဲပြောပြော တစ်ခုတော့ကောင်းပါတယ်။
အဲ့ဒါကတော့ ရွက်ဆစ်တည်ထောင် ထားတဲ့ SSA အဖွဲ့ကြီး မားမားမတ်မတ်ရပ်ဖို့အတွက် ၀င်ငွေရတာပါပဲ။
ဘယ်လောက်တောင်ရသလဲဆိုရင်တော့ ရွက်ဆစ်ရဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကိုကြည့်ရင်သိနိုင်ပါတယ်။
ဘိန်းကြောင့် အမျိုးကောင်းသား တွေဆုံးရှုံးတယ်။ အမျိုးကောင်းသမီးလေးတွေပျက်စီးတယ်။
စီးပွားရေးတွေကျဆင်းတယ်။ ဘိန်းဆိုတာ ဘယ်သူ့အတွက်မှ မကောင်းပေမယ့် ရွက်ဆစ်ဆိုတဲ့ ဘိန်းဓားပြကောင်ကြီးအတွက်တော့
အလွန်တရာမှ ကောင်းလွန်းတဲ့ အရာဖြစ်နေပါတယ်။
ရွက်ဆစ်က
သူအဖွဲ့ရပ်တည်နိုင်ဖို့အတွက် ဘိန်းပင်တွေကိုစိုက်ဖို့ ငွေကြိုပေးထားပါတယ်။ မယူလို့
လည်းမရသလို မစိုက်လို့လည်းမရပါဘူး။ စိုက်ခိုင်းလို့ရလာတဲ့ဘိန်းတွေကို သူကယူပြီး သူ့ဌာနချုပ်မှာရှိတဲ့
ဘိန်းချက်စက်ရုံတွေကနေ ရှမ်းပြည်နယ်တစ်ခုလုံးကို နည်းမျိုးစုံနဲ့ မူးယစ်ဆေးဝါးတွေ အဖြစ်ပြန်သွင်းပါတယ်။
တကယ်တော့ ကျွန်တော်တို့ရှမ်းပြည်နယ် က တိုင်းရင်းသားတွေဟာရိုးသားကြပါတယ်။ ရိုးသားတဲ့လူတွေကို
အကျပ်ကိုင်ပြီး မစိုက်မနေရ လုပ်ပြီး မစိုက်နိုင်တဲ့သူတွေကို ဖမ်းပြီး သူ့တပ်မှာ တာဝန်ထမ်းဆောင်ခိုင်းပါတယ်။
တာဝန်မထမ်းဆောင်နိုင်လို့ ထွက်ပြေးပြန်ရင်လည်း တွေ့တဲ့နေရာမှာ ရက်ရက်စက်စက်သတ်ပစ်ပါတယ်။
တကယ်တော့ ရှမ်းရွာလေးတွေမှာနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတွေအဖို့ကတော့ ရွက်ဆစ်ဆိုတာ
သတ်ပစ်ချင် စရာကောင်းလောက်အောင် ဒုက္ခပေးတဲ့သူဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားတွေပဲ
နားလည်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ အမျိုးမျိုးဒုက္ခပေးသလို ငယ်ရွယ်တဲ့ တိုင်းရင်းသားလေးတွေကိုလည်း
ဆန္ဒမပါဘဲ အတင်းခေါ် သွားပြီး စစ်သားလုပ်ခိုင်းပါတယ်။ တကယ်လို့ မလုပ်ချင်ဘူးလို့ ငြင်းပြန်ရင်လည်း
မိသားစုခမျာ ဒုက္ခပင် လယ်ဝေ တဲ့အထိ စိတ်သောကရောက်ရပါတယ်။
ကျွန်တော်တို့နေတဲ့
ရွာလေးဟာ မြို့အုပ်ချုပ်မှုနဲ့ တကယ်ပဲအလှမ်းဝေးလှပါတယ်။ ဒါပေမယ့် အခုအချိန် မှာ ငြိမ်းချမ်းရေးယူတော့မယ်လို့ကြားရတော့
အလွန်ဝမ်းသာမိပါတယ်။ ဒါပေမယ့် ရွက်ဆစ်အတွက်ကတော့ အခွင့်ကောင်းဖြစ်မှာကိုလည်း စိုးရိမ်မိပါတယ်။
အရင်နယ်စပ်မှာနေတုန်းကတောင် တိုင်းရင်းသားတွေကို ဒီလောက်ဒုက္ခပေးတာ ငြိမ်းချမ်းရေးယူမယ်ဆိုရင်
တောင်းဆိုလာတဲ့ နယ်မြေတွေရှိမှာအမှန်ပါပဲ။ အဲ့ဒီ နယ်မြေ တွေဟာ ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေအတွက်
ရွက်ဆစ်ရဲ့ လူသတ်လိုင်စင်၊ ဘိန်းလိုင်စင် နဲ့ မှောင်ခို လုပ်ငန်းလိုင်စင်ရတဲ့နယ်မြေတွေဖြစ်မှာပဲစိုးရိမ်ပါတယ်။
အဲ့ဒီလိုသာဖြစ်မယ်ဆိုရင်တော့ ရှမ်းပြည်နယ် က တိုင်းရင်းသားတွေအတွက်ကတော့ အနီးကပ် ငရဲခန်းနဲ့
စခန်းသွားရအုံးမယ်ဆိုတာပါပဲ။ ရွက်ဆစ်ကိုယုံပြီး ရှမ်းတိုင်းရင်းသားတွေရဲ့ ဘ၀ကိုပုံမအပ်ပါစေနဲ့လို့
ဆုတောင်းနေရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။