Saturday, September 8, 2012

ကိုစိုင်းက တစ်ခါတလေ စည်းကမ်း ကြီးတော့ ကြောက်ရတယ် နောင့်နောင့်

0 comments
 ပရိသတ်ကို လှပပြီးချစ်စရာ ကောင်းတဲ့ မိန်းကလေး တစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူကို Kanebo billboard တွေမှာ စပြီး သတိထားမိခဲ့ ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ အမျိုးသမီးရေးရာ ဝတ်စုံ ပြပွဲမှာတော့ ပွဲတက် အမျိုးသမီး ဖက်ရှင်မှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ညီမဖြစ်သူ နောင့်နောင့်လို့ ကြေ ညာသံကြားမှ Kanebo နဲ့တွဲလို့ မှတ်မိခဲ့ပါတယ်။ ချစ်စရာ ကောင်း ဝတ်စုံများကို ဒီဇိုင်နာ မပုံ့ (My Favourite) က စီစဉ်ပေးခဲ့ပါ တယ်။ ဒါဟာ နောင့်နောင့်ရဲ့ ပထမဆုံး ဂျာနယ်ကာဗာ ရိုက်ကူး ပေးတဲ့ ပုံလည်းဖြစ်ပါတယ်။
  နောင့်နောင့်ဘယ်လိုဖက် ရှင်တွေကိုကြိုက်နှစ်သက်လဲ။
 အမြဲတမ်းတသမတ်တည်း ကြိုက်တာမျိုးမရှိဘူး။ ကိုယ့်ခံစား ကိုလည်းကြိုက်တာပဲ။
  နောင့်နောင့်ဘဝမှာ ဖြစ် ချင်တဲ့ ဆန္ဒဆိုတာရောရှိလား။
အဲဒါက မဖြေတာကောင်း မယ်။ အကြီးကြီးဖြစ်နေလိမ့်မယ်။
အခုကျောင်းပြီးသွားပြီဆို တော့ နောင့်နောင့်ဘဝမှာ ဘယ် အသက်အပိုင်းအခြားမှာ ဘာဖြစ် ရမယ်ဆိုတဲ့ စိတ်ကူးမျှော်မှန်းချက် မျိုး ရောမထားဘူးလား။
အဲဒီလိုTimeline တော့ ရှိပါတယ်။
မျိုးနဲ့ ဖြတ်သန်းချင်လဲ။
နောင့်က အေးအေးဆေး ဆေးလေးပဲဖြတ်သန်းချင်တယ်။
  နောင့်အပန်းဖြေ ခရီးထွက်ရင် ဘယ်လို နေရာမျိုးတွေသွား ချင်လဲ။
လူသိပ်မရှိဘဲ အေးအေး ဆေးဆေးနေရတဲ့ နေရာမျိုးပဲသွား ချင်တယ်။
  စိုင်းစိုင်းကရော နောင့် နောင့်ကို အနုပညာရှင်ဖြစ်စေချင် လား။ ပညာတတ်တစ်ယောက်ပဲ ဖြစ်စေချင်လား။
အဲဒါကတော့ သူ့ကိုမေးမှ ရမယ်။
အစ်ကိုက အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဆိုတော့ သူ့ကိုကြည့်ပြီး ဒီအလုပ်တွေလုပ် ချင်တဲ့ စိတ်တွေ မဖြစ်မိဘူးလား။
သူ့ကို ကြည့်ရတာ အရမ်း ပင်ပန်းတယ်။
  စိုင်းစိုင်းရဲ့ အနုပညာ၊ ဖက် ရှင်တွေနဲ့ ပတ်သက်ပြီး ခေတ်အမြင် နဲ့ ဘာတွေ အကြံဥာဏ်ပေးဖြစ်လဲ။
အရမ်းကြီးတော့ အကြံ ဥာဏ်ပေးတဲ့ သဘောမျိုးတော့ မ ကြိုးစားတာမျိုးပဲ များပါတယ်။
စိုင်းစိုင်းက နောင့်နောင့် အတွက် ချစ်စရာကောင်းတဲ့ အစ် ကိုလား။ စည်းကမ်းကြီးတဲ့ အစ်ကို လား။
 နှစ်ခုစလုံးပဲ။ တစ်ခါတ လေမှာ ချစ်စရာကောင်းသလို တစ်ခါတလေမှာ စည်းကမ်းအရမ်း ကြီးတော့ ကြောက်ရတယ်။ သူငယ် ချင်းလိုလည်း ပွင့်ပွင့်လင်းလင်း ပေါင်းလို့ရပါတယ်။
ref: 8 Day

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here