(လန်ဒန် စက်တင်ဘာ ၄ )
မင်းသား ဝီလျံနှင့် ကိတ်မစ် ဒယ်တန် တို့သည် ဒုတိယ မြောက် ဟန်းနီးမွန်း ခရီးထွက် မည်ဖြစ် ကြောင်း သိရ သည်။ အဆိုပါ ခရီးစဉ်သည် ကိုးရက်ကြာ မည်ဖြစ်ပြီး စင်ကာပူ၊ ကွာလာလမ်ပူ၊ ဘောနီ ယိုနှင့် ဆော်လမွန် ကျွန်းများကို အလည် အပတ်သွားရောက် မည်ဖြစ်သည်။ ယင်းတို့၏ ခရီးစဉ် သည် တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ကမ္ဘာ့ စတုတ္ထ မြောက် အသေးဆုံး နိုင်ငံဖြစ်သည့် တူဗာလူကျွန်း နိုင်ငံတွင် အဆုံးသတ် မည်ဖြစ် ကြောင်း သိရသည်။
၎င်းတို့ နှစ်ဦးသည် စက်တင်ဘာ ၁၁ ရက်တွင် စင်ကာပူ နိုင်ငံသို့ ရောက်ရှိ မည်ဖြစ်သည်။ ထိုမှတစ်ဆင့် မလေးရှား နိုင်ငံသို့ သွားရောက် မည်ဖြစ်ပြီး ဘုရင့် နန်းတော်တွင် တည်ခင်းဧည့် ခံသည့် ညစာစားပွဲသို့ တက်ရောက် မည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ဇနီးမောင်နှံသည် ဒနမ်တောင်ကြားရှိ မိုးသစ် တော အတွင်း သွားရောက် လည်ပတ် မည်ဖြစ်ပြီး ရှားပါး တိရစ္ဆာန်များ ကိုလည်း လှည့်လည် ကြည့်ရှုသွား မည်ဖြစ် ကြောင်းသိ ရသည်။