Sunday, September 9, 2012

တာချီလိတ် ပြည်ခိုင်ဖြိုးပါတီမှ ကျောင်း(၃)ကျောင်းသို့သွားရောက်၍ စာရေးခုံများ နှင့် ပံ့ပိုးငွေများ လှူဒါန်း

0 comments
ပြီးခဲ့သော  စက်တင်ဘာ(၅)ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မိုင်းဟဲအုပ်စု ပန်စလိကျေးရွာနှင့် အ.ထ.က(တာချီလိတ်)ကျောင်းသို့ စာသင်ခုံနှင့် ပံ့ပိုးငွေများအား သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။



ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်၍ မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင် ဦးစိုင်းဆွန်ဝန်း၊ တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ပါတီကော်မတီအဖွဲ့ဝင်များအပါအ၀င် မိုင်းဟဲစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များတို့သည် နံနက်(၈း၃၀)နာရီချိန်၌ မိုင်းဟဲအုပ်စု ပန်စလိကျေးရွာသို့သွားရောက်ပြီး ပန်နယ်ကျေးရွာ မူလတန်းကျောင်းဆောက်လုပ်ရာတွင် လိုအပ်သော အမိုးသွပ်အတွက် အလှူငွေ (၁၀၀၀၀ဘတ်/တစ်သောင်းဘတ်)အား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ လှူဒါန်းခဲ့ပြီး တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပန်စလိကျေးရွာ မူလတန်းကျောင်းခွဲသို့ တန်ဘိုးငွေ(၅၀၀၀)ဘတ်ရှိသော စာသင်ခုံ(၁၀)စုံအား လှူဒါန်းခဲ့ကြသည်။ ထို့နောက် ချောင်းရေလွှမ်းမိုးမှုကြောင့် လယ်များပျက်စီးသွားသော ဖါးဟတ်/ပန်ကူ(လားဟူ) ကျေးရွာနေ လယ်သမားများအား ပံ့ပိုးငွေ(၃၇၀၀)ဘတ်တို့အား ပေးအပ်လှူဒါန်းခဲ့ကြသည်။









ဆက်လက်၍ နံနက်(၁၀း၄၀)ခန့်တွင်  အ.ထ.က(တာချီလိတ်)ကျောင်းသို့ သွားရောက်ပြီး တန်ဘိုးငွေ(၁၀၀၀၀)ဘတ်ရှိသော စာသင်ခုံ(၂၀)စုံတို့အား ကျောင်း၏ အရေးပေါ်လိုအပ်ချက်အဖြစ် ပါတီသို့ အကူအညီတောင်းခံချက်အရ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


ကျောင်းပညာရေးနှင့်ပတ်သက်၍ တဆက်တည်းမှာပင် စက်တင်ဘာ(၇)ရက်နေ့က
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ဦးဆောင်၍ မိုင်းဖြတ်ခရိုင် ကော်မတီဝင် ဦးစိုင်းဆွန်ဝန်း နှင့် ဦးဘိုစံ အပါအ၀င် တာချီလိတ်မြို့နယ်ကော်မတီဝင်များသည် တာလော့ရပ်ကွက်အတွင်းရှိ အ.မ.က တာလော့ကျောင်းသို့ သွားရောက်၍ ရေစီး ရေလာ ကောင်းမွန်ရေးအတွက် ကျောင်းတွင်းရေမြောင်းအား တူးဖော်ရာ ပါတီမှ အကုန်အကျခံ၍ ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ပုံများကိုကြည့်ရန်

တာချီလိတ်အွန်လိုင်းစာမျက်နှာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here