ရန်ကုန်၊ သြဂုတ် ၃၁
မြန်မာအိုင်တီဘာသာရပ်၌ ကျောင်းသားအများစှုနခကမငအပ ဘာသာရပ်လေ့လာသင်ယူမှု အားနည်းနေကြောင်း Myanmar Inspiration Exam Centreမှ သိရသည်။
လက်ရှိတွင် အိုင်တီကျောင်း သားများမှာ Cisco Networking နှင့် Software Engineering ဘာသာရပ်များကိုသာ သင်ကြားမှု များပြားနေပြီး Security ဘော သာရပ်အား သင်ကြားသူများ အနေဖြင့် ၅ ရာခိုင်နှုန်းခန့်သာရှိနေ သေးကြောင်း ၄င်း Exam Centre မှ ကိုကျော်သူက ပြောသည်။
”အိုင်တီနယ်ပယ်အတွင်းမှာ Security အောင်လက်မှတ်ကိုင်ထားတဲ့ ကျောင်းသား အရမ်းနည်းတယ်။ ကျောင်းသားတွေအနေနဲ့ Security ဘာသာရဲ့ အရေးပါမှု ကို သေချာမသိသေးကြတာ ပါလိမ့် မယ်” ဟု ၄င်းက ဆက်ပြောသည်။
ကျောင်းသားအများစု Security ဘာသာရပ်အပေါ်တွင် စိတ်ဝင်စားမှု နည်းပါးလာခြင်းမှာ နိုင်ငံတွင်း ယင်းဘာသာရပ်ဖြင့် အသုံးချလုပ်ကိုင်နိုင်မည့် နယ်ပယ် များ ရှားပါးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးနေခြင်း တို့ကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း နည်း ပညာကော်မတီမှ အတွင်းရေးမှူး ဦးရဲကျော်သိန်းက သုံးသပ်သည်။
လာမည့်နှစ်များအတွင်း ပြည်တွင်း၌ အွန်လိုင်းဘဏ်လုပ်ငန်းဝန် ဆောင်မှုများ တိုးတက်လာပါက အွန်လိုင်းလုံခြုံရေးဆောင်ရွက်မှု များ ပိုမိုလုပ်ကိုင်ကြရမည်ဖြစ်သည့် အတွက် Security ဘာသာရပ် ကျွမ်းကျင်သည့်လူငယ်များ ပြည်တွင်း၌ အဆင်သင့်ရှိနေရန် လိုအပ်ကြောင်း ယင်းပုဂ္ဂိုလ်က ပြောသည်။
”Security ဘာသာနဲ့ ပတ်သက်တဲ့ သင်တန်းတွေ လာတော့ တက်ကြပါတယ်။ ဒါပေမဲ့သင်တန်းသာ ဆင်းသွားတယ်။ ဘာမှ မသိလိုက်ဘူးဆိုတာ များနေတယ်” ဟု ¤င်းက ဆက်ပြောသည်။
Security ဘာသာရပ် ကျွမ်းကျင်လက်မှတ် ကိုင်ဆောင်ထား နိုင်ပါက အာဆီယံနိုင်ငံများအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ များပြားကြောင်း၊ စင်ကာပူနိုင်ငံ၌ Security ပိုင်း ကျွမ်းကျင်သူ အိုင်တီသမားများသည် စင်ကာပူ ဒေါ်လာ ၂၈ဝဝ မှ ၄ဝဝဝ ကြား လစာရရှိကြောင်း သိရသည်။
ကွန်ပျူတာပညာရှင် အသင်းမှ ဦးရဲကျော်သိန်းကလည်း”Security ကျွမ်းတဲ့ အိုင်တီသမား လစာက အိမ်နီးချင်းနိုင်ငံတွေမှာ Networking တို့ Software Engineering တို့ထက် အရမ်းများတယ်။ ကိုယ်တကယ်တတ်ရင် ကိုယ်လိုတဲ့ လစာကို သူတို့ဘက်က တိုးပေးဖို့ အဆင်သင့်ပဲ”ဟု ပြောသည်။
ပြည်တွင်း၌လည်း Security ဘာသာနှင့် ပတ်သက် ConpTia Security Plusစာမေးပွဲ၊ EC Council Security စာမေးပွဲ၊ Micrsoft Security စာမေးပွဲများနှင့် Cisco Security စာမေးပွဲများအပြင် စက်ပစ္စည်းပိုင်းဆိုင်ရာ Security စာမေးပွဲ ( Third Party Product Security ) များအား အာဆီယံ အဆင့်မီ ဖြေဆိုနိုင်ရန် အခွင့် အလမ်းရှိသော်လည်း လက်ရှိ အိုင်တီနယ်ပယ်အတွင်း ဖြေဆိုမည့် ကျောင်းသားများ မရှိသလောက် နည်းပါးနေကြောင်း သိရသည်။