Wednesday, September 5, 2012

အလယ်တန်းကျောင်းအုပ် နှစ်ထောင်ကျော် ပြန်တမ်းဝင်အရာရှိ အဖြစ် အောက်တိုဘာတွင် အပြီးတိုးမြှင့်မည်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၃
အလယ်တန်းကျောင်းအုပ် နှစ်ထောင်ကျော်အား ပြန်တမ်းဝင် အရာရှိအဖြစ် အဆင့်နှင့်လစာတိုးမြှင့်မှုကို အောက်တိုဘာတွင် အပြီးအပြတ် ဆောင်ရွက်ပေးမည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ပြောသည်။
 ”သြဂုတ်လ ၁၇ ရက်နေ့က လည်း တသုတ်ခွဲပြီး တိုးပေးပြီးပြီ၊ အခုဟာက စက်တင်ဘာ ၈ ရက် နေ့နဲ့ အောက်တိုဘာလ ၅ ရက်မှာ ထပ်ပေးမှာ၊ အဓိကကတော့ ကိုယ့် ဆရာ/ဆရာမတွေကို အမှတ်တရ ဖြစ်စေချင်လို့ပါ”ဟု ဒုတိယဝန်ကြီး က ပြောသည်။ စွမ်းဆောင်ရည်မြင့်မားပြီး လူမှု စီးပွားအဆင့်အတန်းမြင့်မားလာစေ ရန် ရည်ရွယ် ချက်ဖြင့် ဆောင်ရွက် သော ထိုအစီအစဉ်အရ အသက် ၅၉ နှစ်ကျော်သူတို့ကို ပထမဦးစား ပေး၊ ၄ တန်းနှင့် ၈ တန်း စကော လားရှစ်ဆု ဆွတ်ခူးပေးနိုင်သူကို ဒုတိယဦး စားပေးဘီအီးဒီး၊ အမ်အီး ဒီပညာရေးဘွဲ့ရရှိသူကို ဒုတိယ ဦးစားပေးစသဖြင့် အဆင့်ဆင့် တိုးမြှင့်၊ ပြန်တမ်းဝင်အရာရှိ အဖြစ် သို့ ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ထို့အပြင် မူလတန်းကျောင်းအုပ်ကို အလယ်တန်းကျောင်းအုပ် အဆင့် ဖြင့်လစာကိုလည်းကောင်း၊ မူလ တန်းပြကိုအလယ်တန်းပြများ အဖြစ်လည်းကောင်း တိုးမြှင့်ခြင်း ကို လည်း ယခုနှစ်အတွင်း ဆောင်ရွက် ပေးသွားမည်ဟု ဒုတိယဝန်ကြီးက ဆက်ပြောသည်။  ပြန်တမ်းဝင်အရာရှိအဖြစ်သို့ ရောက်ရှိလာတော့မည့် အလယ်တန်း ကျောင်း အုပ်များမှာ သမ္မတ ၏ခွင့်ပြုမှုကြောင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ရေးဖြေနှုတ်ဖြေ တို့ကို ဝင်ရောက်ဖြေဆိုကြရမည့် အဖြစ်မှ ကင်းလွတ်သွားမည် ဖြစ် သည်။
ပညာရေးဝန်ကြီးဌာန စာရင်း များအရ လက်ရှိတွင် အလယ်တန်း ကျောင်းအုပ် ၂၂၃၁ ဦး၊ မူလတန်း ကျောင်းအုပ် ၃၆၁၆၈ ဦး၊ မူလတန်း ပြဆရာမ ၆ဝဝဝဝ ရှိနေသည်။ မွန်ပြည်နယ် မော်လမြိုင်မြို့မှ အခြေခံပညာ ဆရာမတစ်ဦးက ယခုကဲ့သို့ အဆင့်တိုးမြှင့်ပေးမှုအပေါ် နိုင်ငံတော်က ၄င်းတို့အပေါ် အသိ အမှတ်ပြုခြင်းဟုသာ ခံယူကာ ဝမ်း မြောက်မိပါကြောင်း ပြောသည်။အခြေခံ ပညာအဆင့် သတ် မှတ်ဆရာမများနည်းတူ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးရှိ အကြီးအကဲတို့ ကို ညွှန်ကြားရေးမှူး အဆင့်ရာထူးနှင့် နေပြည်တော်၌ သာထားရှိသော ခရိုင်ရုံးကို တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့ရှိ ခရိုင် ၅၂ ခုတွင်တိုးချဲ့ဖွဲ့စည်းကာ ဒုတိယ ညွှန် ကြားရေးမှူးအဆင့်ရာထူး ပေးအပ်သွားမည်ဟု ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ နိုင်ငံတော်အနေဖြင့် ကျောင်း အားလုံးအတွက် ထပ်မံခန့်အပ်ဖြည့် ဆည်းပေရမည့် ဆရာ/ဆရာမ အရာထမ်း ၆၉၅ ဦး၊ အမှုထမ်း ၁၉၇၇ဝ၊ ဝန်ထမ်း ၄၄၂၂ ဦး စုစု ပေါင်း ၂၄၈၈၇ တို့ကို နှစ်အလိုက် တိုးချဲ့ခန့်အပ်သွားရန် ရှိကာ ၄င်းတို့ အတွက် တစ်လ လျှင် လစာစရိတ် ငွေကျပ် ၁၃၄ဝ ဒသမ ၆၂ သန်း ကျခံသုံးစွဲရမည်ဟု ပညာရေးဝန်ကြီး ဌာနမှ သိရှိရသည်။
မင်းသုအောင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here