Tuesday, September 11, 2012

ပညာရေးကြောင့် MTV ရိုက်ကူးမှုတွေကို တဖြည်းဖြည်းလျှော့လာသူ ယွန်းဝတီလွင်မိုး

0 comments
ယွန်းဝတီလွင်မိုးက ညီမဖြစ်သူ ယွန်းနန္ဒီ လွင်မိုးရဲ့၁ဝ နှစ်ပြည့် မွေးနေ့ပွဲကို အစ်မဖြစ်သူ အနေနဲ့ စီစဉ်ပေးဖြစ်ခဲ့ပါတယ်။  “ဒီမွေးနေ့ပွဲကို အစကတော့ ဆိုင်တစ် ဆိုင်မှာ လုပ်ဖို့ပါပဲ။ နောက်ကျတော့ အိမ်မှာ ပဲ လုပ်ဖြစ်သွားတယ်။ ဒီဒီ နဲ့ရင်းနှီးတဲ့ သူငယ်ချင်းတွေ စုပြီး သမီးက စီစဉ်ပေးတာပါ။ သူ့အတွက် မွေးနေ့ လက်ဆောင်ကိုလည်း သမီး နဲ့ သူငယ်ချင်းနှစ်ယောက် ပေါင်းပြီး မိုနိုပိုလီ ကစားတဲ့ ကဒ်အကြီးကြီး ကိုပေးမယ်။ သူကတော့ မသိသေးဘူး။ သမီး ကတစ်ခုခုဆို စီစဉ်ရတာကို ကြိုက်တယ်” လို့ ပြောပြပါတယ်။  ကြော်ငြာနှစ်ခု ထပ်ရိုက်ဖြစ်မယ့် ယွန်းဝတီလွင်မိုး က “သမီးကို ဖေဖေနဲ့မေမေက ၅ဝ ရာခိုင်နှုန်းလောက်နဲ့ ဓာတ်ပုံဆရာတွေက ၅ ရာခိုင်နှုန်းလောက် ပံ့ပိုးသလို သမီးကိုယ်တိုင် က ၄၅ ရာခိုင်နှုန်းလောက် ကြိုးစားရပါတယ်။  အိုဗာတင်း ကြော်ငြာရိုက်တုန်းက မနက် ၅ နာရီလောက် ထပြီး ရိုက်ရတယ်။ တစ်ခါတလေ ည ၁၁ နာရီလောက် မှပြီးတယ်။ ဒီလိုပင်ပန်းပေမယ့် ကြော်ငြာ ပေါက်သွားတဲ့ အတွက် ဝမ်းသာပါတယ်”လို့ ပြောပြပါတယ်။ ပညာရေးကြောင့် အမ်တီဗီ ရိုက်ကူးမှုကို တဖြည်းဖြည်း လျှော့လာပြီလို့ ဆိုတဲ့ ယွန်းဝတီလွင်မိုးက “ပညာရေးကို ကြိုးစားနေရတော့ တဖြည်း ဖြည်း လျှော့လာတယ်။ နောက်နိုင်ငံခြားမှာ ကျောင်းတက်ရင်လည်း စင်ကာပူ မှာ တက်ချင် တယ်။ အမေရိကက တအားဝေးတယ်လေ။ အဲဒီအတွက် အခုကတည်းက တဖြည်းဖြည်း လျှော့လုပ်လာတာပါ။ သမီးပညာရေးကို လုပ်နေပေမယ့် လုံးဝ ရပ်လိုက်မှာ မဟုတ်ပါဘူး။ Photo မော်ဒယ်အဖြစ် ဆက်လုပ်သွားမယ်။ အမ်တီဗီမှာ မတွေ့ရပေမယ့် ကြော်ငြာနဲ့ ဓာတ်ပုံ တွေမှာတော့ ပရိသတ် တွေ တွေ့ရမှာပါ” လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
ref: Popular

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here