Tuesday, September 11, 2012

စင်ကာပူ NUS ဘွဲ့လွန်ဒီပလိုမာတန်းအတွက် IELTS အမှတ်မလိုအပ်တော့

0 comments
စင်ကာပူအမျိုးသားတက္ကသိုလ် ( NUS )၏လာမည့်နှစ်ဖေဖော်ဝါရီ ဘွဲ့လွန်ဒီပလိုမာတန်း ၀င်ခွင့်အတွက် IELTS အမှတ် ရရှိထားရန်မလိုအပ်တော့ကြောင်း Crown Educationမှ သိရသ ည်။
ယခင်က ၀င်ခွင့် အတွက် IELTS 6.0 ရရှိရန်လိုအပ်သော်လည်း ယခုနှစ်အတွက်မှု ၄င်းအမှတ်မတင်ပြနိုင်ပါကလည်း ၀င်ခွင့်ဖြေဆိုနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း Crown မှတာဝန်ရှိသူကပြောသည်။

အဆိုပါ ဒီပလိုမာတန်းအတွက် တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိရန်လိုအပ်ပြီး သိပ္ပံဘွဲ့ရရှိသူများအား ဦးစားပေးခေါ်ယူသွားမည်ဖြစ်သည့်အပြင် ကွန်ပြူတာ Programming နှင့် Web Developing အတွေ့ကြုံရှိသူများအတွက် ၀င်ခွင့်ရရှိရန်အခွင့်အရေးပို များကြောင်းသိရသည်။


NUS မှ ၄င်းဒီပလိုမာတန်းအား တစ်နှစ်လျင် ဖေဖော်ဝါရီလ နှင့် သြဂုတ်လများတွင် ခေါ်ယူလေ့ရှိပြီး လက်တွေ့လုပ်ငန်းခွင်အစီအစဉ်ပါ ပါရှိကြောင်း ၊ အသေးစိတ်သိရှိလိုသူများအနေဖြင့် Crown Education တိုက် ( ၂၇၀ )၊ ပထမထပ် ၊ ဒဂုံစင်တာ (II )နှင့် ကမ္ဘောဇဘဏ်ကြား ဖုန်း 09-732 732 77 ၊ 09 – 732 569 65 သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။


သုတလင်း
From -ပေါ်ပြူလာဂျာနယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here