Wednesday, September 12, 2012

One teacher, One Laptop ပေးနိုင်ရန်စီစဉ်

0 comments
 
မြန်မာနိုင်ငံပညာရေးအား ယခုထက် အဆင်မြှင့်တင်နိုင်ရန်  အတွက် ပညာရေးအခန်းကဏ္ဍ  တွင် ပါဝင်သင်ကြားပေးနေသော   ဆရာ/ဆရာမများအတွက် ပညာ  သင်ကြားရာတွင် အထောက်အကူ   ဖြစ်စေရန် ရည်ရွယ်၍ ဆရာ/ ဆရာမတစ်ယောက်အား ကွန်ပျူ တာတစ်လုံးပေးရန် စီစဉ်နေကြောင်း  ၂၀၁၂ခုနှစ် စက်တင်ဘာလ(၈)  ရက်နေ့က ရန်ကုန်မြို့ လှိုင်မြို့ နယ်ရှိ Myanmar Info Teach  တွင်ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ  ကွန်ပျူတာ ပညာရှင်အသင်း၏  နှစ်ပတ်လည် အစည်းအဝေးမှ သိရသည်။
အဆိုပါကဲ့သို့ ပြုလုပ်ပေးရန်   စီစဉ်ခြင်းမှာလည်းဆရာ/ဆရာမ များ ကွန်ပျူတာအား လက်တွေ့ အသုံးချ တတ်စေရန်နှင့်ယခုတွင်  အဆိုပါ အစီအစဉ်အတွက် ပညာရေးဝန်ကြီးဌာန၊သိပ္ပံနှင့်နည်း  ပညာဝန်ကြီးဌာန၊ဆက်သွယ်ရေး၊    စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန   သို့တင်ပြထားပြီဖြစ်ကြောင်း မြန် မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းမှ အတွင်းရေးမှူး ဦးသောင်း  စုငြိမ်းကပြောကြားသည်။““အစ်ကို တို့ ဆရာ/ဆရာမတစ်ယောက်စီ ကို Laptop တစ်လုံးစီပေးဖို့ ပညာရေးဝန်ကြီးဌာန၊သိပ္ပံနှင့်နည်း  ပညာဝန်ကြီးဌာနဆက်သွယ်ရေး၊  နှင့်စာတိုက်ကြေးနန်းဝန်ကြီးဌာန တွေကို တရားဝင် ညှိနှိုင်းတာတွေ မရှိသေးဘူး။ ဒါပေမယ့် သွားရင်း လာရင်းနဲ့ ဒီအစည်းအဝေးတွေ မှာ ၀န်ကြီးတွေနဲ့တွေ့တယ်။ကျွန်တော်တို့မှာ ဒီ Idea လေး ရှိတယ်။လူကြီးတွေအနေနဲ့ ဒါတွေ  ကို ထောက်ပံ့ပေးနိုင်မယ်ဆိုပြီး အစ်ကိုတို့က တင်ပြတယ်။သူတို့ဒီ  ဟာလေးတော့ ကောင်းပါတယ်။ အသေးစိတ်ကို အစ်ကိုတို့လုပ်နိုင် လားလို့မေးတယ်။တကယ်လုပ်နိုင်   တယ်ဆိုရင် ၀န်ကြီးဌာနတွေမှာ  လည်း ဘတ်ဂျတ်က သိပ်မရှိဘူးဆို တော့ဘယ်ကနေ ဘတ်ဂျတ်ရ မလဲဆိုတာကို အသေးစိတ် ဆက် တွက်ခိုင်းထားတယ်။နောက်ပိုင်း တရားဝင် အဆိုပြု တင်သွင်းလာ  တာတွေဖြစ်လာမယ် အခုက အလွတ်သဘောမျိုးနဲ့ပြောထား  တယ်””ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ယခင်က အထက်တန်းကျောင်းများတွင် ကျောင်းသားများအတွက် ကွန် ပျူတာများအားစီစဉ်ပေးခဲ့သော်  လည်း ကျောင်းဆရာ/ဆရာမ များသည် ကွန်ပျူတာအခြေခံ အားနည်းသောကြောင့် အဆိုပါ စီမံကိန်းသည် မအောင်မြင် ခဲ့ကြောင်း သိရသည်။

ဖြိုးအောင်
ref: Hot New

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here