စက်တင်ဘာလ(၂၆)ရက် တွင်
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ နောင်မွန်ကျေးရွာအုပ်စု ဟန်နားကျေးရွာအနီးတွင်
SSPP/SSA (၀မ်ဟိုင်း)ငြိမ်းချမ်းရေးအဖွဲ့၏ မူးယစ်ဆေးဝါးများအား ဆင်ကျော့ရွာ
ပြည်သူ့စစ်မှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖြစ်စဉ်မှာ ဆင်ကျော့
ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ ဦးသည် ၁၁ နာရီအချိန်တွင် မူးယစ်ဆေးဝါး
သတင်းအရ ဟန်နားကျေးရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ်
စောင့်ဆိုင်းနေခဲ့ပါသည်။ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊
ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့်
ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ
(အဖြူရောင်)ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈)လုံးအား ချပြီး
စောင့်ဆိုင်းနေခဲ့ပါသည်။
ခဏအကြာတွင် တန့်ယန်းမြို့နယ်၊ ဝမ်ဟောင်ရွာတွင် နေထိုင်သော ယာဉ်မောင်း စံလူ
(၃၂)နှစ် (ဘ)ဦးပန်းဆာ မောင်းနှင် လာသည့် ယာဉ်အမှတ် ၊ ၃ဂ/ ၆၃၁၅ တိုက်ဂါး
အမျိုးအစား (၁)ခန်းခွဲ (အပြာရောင်)ယာဉ် ရောက်ရှိလာပြီး အိတ်များအား ကားပေါ်သို့
တင်ဆောင်နေသည်ကို တွေ့ရှိရ၍ အသင့်စောင့် ဆိုင်းနေသော ပြည်သူ့စစ်အဖွဲ့များမှ
ဝိုင်းဝန်းဖမ်းဆီးရာ ယာဉ်အားမောင်းနှင် ထွက်ပြေးကြ သဖြင့် အမ် -၂၂ သေနတ်ဖြင့်
ပစ်ခတ် ဖမ်းဆီးခဲ့ပါသည်။
မူးယစ်ဆေး သယ်ဆောင်သူများ ထွက်ပြေးရာတွင် ပစ်ခတ်မှုကြောင့် ယာဉ်မောင်း စံလူ၊
ဝဲဘက်နံရိုး ထိမှန်ဒဏ်ရာနှင့် ဝဲလက်မောင်းရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) နှင့်
ကွန်ဒါကား ယာဉ်နောက်လိုက် ချစ်ကိုဦး၊ ယာလက်သူကြွယ် ရှပ်ထိဒဏ်ရာ (၁)ချက်
(မစိုးရိမ်ရ) တို့ ရရှိခဲ့သည်။
မူးယစ်ဆေးများ စစ်ဆေးရာတွင် ယာဉ်မောင်း ၀င်းမင်းဦး ယူဆောင်လာသော အိတ်(၈)
လုံးအား စစ်ဆေးရာ ဆူဒိုအက်ဖီဒရင်းဟု ယူဆရသော ဆေးပြားများကို အိတ်(၁)လုံးလျှင် ၂
သိန်း ၂ သောင်းနှုန်းဖြင့် စုစုပေါင်း မူးယစ်ဆေးပြားပေါင်း တစ်ဆယ့်ခုနစ်သိန်း
ခြောက်သောင်း (၁၇၆၀၀၀၀) သိမ်းဆည်း ရမိပြီး ကာလပေါက်ဈေး ငွေကျပ် သိန်းပေါင်း ၃၅၂၀
ခန့်ရှိကြောင်း သိရှိရပါသည်။
သို့သော်ထိုသို့
ဖမ်းလိုက်တဲ့နေ့မှာပင် SSPP/SSA (၀မ်ဟိုင်း)အဖွဲ့မှ စုအိန္ဒာခေါင်းဆောင်သည့် အင်အား
၅၀ လောက်သည် ဖမ်းဆီးခဲ့သည့် ပြည်သူ့စစ်များနေသော ဟန်နားရွာကိုရောက်လာပြီး ၄င်းတို့ဆီကအဖမ်းခံ
ထားရတဲ့ လူတွေနဲ့ မူးယစ်ဆေးဝါးတွေကို ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ပြန်မပေးရင်
ဟန်နားရွာမှာရှိတဲ့ ပြည်သူ့စစ်တွေကို အင်အားသုံး
တိုက်ခိုက်သွားပြီး ရွာကိုမီးရှို့မယ်လို့ ပြောဆိုခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီနောက်မှာ ဖမ်းဆီးထားတဲ့သူတွေနဲ့ အလဲအလှယ်လုပ်ဖို့ ရွာသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပါတယ်။
SSPP/SSA(၀မ်ဟိုင်း)
အဖွဲ့ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးယူဖို့ အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဖြစ်ပြီး ပြည်နယ်/
ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပါတယ်။
အခုလို ငြိမ်းချမ်းရေးယူနေတဲ့ အချိန်မှာ SSPP/SSA(၀မ်ဟိုင်း)အဖွဲ့အနေနဲ့ တရားမ၀င်လုပ်ငန်းများနှင့်
မူးယစ်ဆေးဝါးတွေကို လုပ်ကိုင်နေတဲ့ အပြင် တိုင်းရင်းသားတွေကို
ခြိမ်းခြောက်မှုတွေရှိနေတာကြောင့် နောင်မွန်ရွာအနီးက ရွာတွေအပါအ၀င် ပတ်ဝန်းကျင် ရွာတွေကပါ
SSPP/SSA(၀မ်ဟိုင်း)အဖွဲ့ရဲ့ လုပ်ရပ်တွေကိုကြောက်နေရကြောင်းသိရပါတယ်။
ငြိမ်းချမ်းရေး
ဆိုပြီး ပြောနေပေမယ့်လည်း မထင်ရင်မထင် သလိုလုပ်တတ်တဲ့ SSPP/SSA (၀မ်ဟိုင်း) အဖွဲ့ရဲ့
ခေါင်းဆောင်တွေကြောင့် တိုင်းရင်းသားများမှာ စီးပွားရေးတွေလည်း လွတ်လပ်စွာ လုပ်ကိုင်လို့
မရတော့ဘူးလို့ သိရပါတယ်။