Friday, October 5, 2012

စက်မှုဇုန် (၂၅) ခု ရှိလာမည်။

0 comments
ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရန်အတွက် စက်မှုဇုန်အသစ် ၇ ခုကို တိုးချဲ့ ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ စက်မှုဇုန် အသစ် ၇ ခုမှာ မန္တလေးတိုင်း ဒေသကြီးအတွင်း တပ်ကုန်းစက်မှုဇုန်နှင့် ရတနာပုံ စက်မှုဇုန်၊ကရင်ပြည်နယ်တွင် ဘားအံစက်မှုဇုန်၊ မြဝတီစက်မှုဇုန်နှင် ဘုရားသုံးဆူ စက်မှုဇ
ုန်၊ ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း စက်မှုဇုန်၊ ရှမ်းပြည်နယ်တွင် နမ့်အွန် စက်မှုဇုန် တို့ဖြစ်ကြောင်း လည်း ဆက်လက် ဖော်ပြ ထားသည်။

'စက်မှုဇုန် အသစ် လုပ်မှာတွေက တစ်နေရာနဲ့ တစ်နေရာ မတူတဲ့အတွက် အတိအကျ မသိသေးပါဘူး။ ဘယ်တော့စမယ် ဆိုတာနဲ့ ပတ်သတ်ပြီး ဆွေးနွေးနေပါတယ်။အဲဒီ ၇ နေရာ ကိုရွေးရတာကတော့ ဖွံ့ဖြိုးလာအောင် နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးလာအောင်ပေါ့' ဟု စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ဖြေကြားသည်။

ယခု ပြည်တွင်းတွင် စက်မှုဇုန် (၁၈)ဇုန် တည်ထောင်ထားပြီး ထပ်မံ တိုးချဲ့မည့် စက်မှုဇုန် ခုနစ်ခု ပါဝင်ပါက (၂၅) ခု ရှိလာမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာ အရ သိရ သည်။


The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here