(မန်ချက်စတာ အောက်တိုဘာ ၂၉)
အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင် များကို ကုသနိုင်ရန် အတွက် ဦးနှောက် စွမ်းရည် ကို မြှင့်တင်ပေး နိုင်သော သံလိုက်ကွိုင် အသုံးပြုမည့် ကုထုံး နည်းသစ် တစ်မျိုးကို သုတေသီ များက စမ်းသပ် လျက်ရှိ ကြောင်း သိရ သည်။
သံလိုက်ကွိုင် ကုထုံးသည် မှတ်ဥာဏ် အပါအဝင် ဦးနှောက် အစိတ်အပိုင်းများ ၏ စွမ်းရည် ကို မြှင့်တင် ပေးနိုင်သည့် အပြင် ရောဂါ လက္ခဏာ များကိုလည်း ပိုမိုသက်သာ စေနိုင်ကြောင်းကို သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ ထို့ ကြောင့် သံလိုက်ကွိုင် ကိုအသုံးပြုမည့် ကုထုံးသည် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွား ခါစ အချိန်များ၌ အသုံးပြုနိုင် မည်ဟု သိပ္ပံပညာရှင် တို့က မျှော်လင့် ထားကြသည်။ ယင်း ကုထုံးကို အယ်လ် ဇိုင်းမား ရောဂါခံစားရ သူများ၏ စိတ် ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်း မာရေးများ မယိုယွင်း လာခင် အစော ပိုင်းအချိန် များတွင် အသုံးပြုနိုင် ကြောင်း၊ ယခုအချိန်တွင် ယင်းကုထုံး ဖြင့် အယ်လ်ဇိုင်းမား ရောဂါဝေဒနာ ရှင်ခြောက်ဦးကို မန်ချက်စတာမြို့၌ စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိပ္ပံပညာ ရှင်များက ပြော ကြားသည်။
သံလိုက်ကွိုင် ကုထုံးအတိုင်း ကြွက်များကို စမ်းသပ်မှုပြုလုပ် ခဲ့ရာတွင် သံလိုက်ကွိုင် အတွင်း ပါဝင်သော သံလိုက် စက်ကွင်း သည် ဦးနှောက် မှတ်ဥာဏ်၏ ဆဲလ်ကြီး ထွားမှုကို မြှင့်တင် ပေးနိုင် ခဲ့ကြောင်းကို သိပ္ပံပညာ ရှင်များက တွေ့ရှိ ခဲ့ကြသည်။ ယင်းကဲ့သို့ တွေ့ရှိခဲ့ ကြရာမှ သံလိုက်ကွိုင် ကုထုံးကို အယ်ဇိုင်းမား ရောဂါ ကနဦး အခြေအနေ များတွင် အသုံးပြု နိုင်ဖွယ် ရှိသည်ဟု ယူဆ ခဲ့ကြပြီး စမ်းသပ်မှုများ ပြုလုပ် နေကြခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီ