Tuesday, October 16, 2012

ရှမ်းလူမျိုးများ ဆိုင်ရာ ညီလာခံ ကျင်းပရန် ကြိုးပမ်း

0 comments
အောက်တိုဘာ(၁၆)

http://phophtaw.org/burmese/images/stories/Kum_tun_Oo_0okmn.jpg 

ရှမ်းလူမျိုး အဖွဲ့အစည်း ပေါင်းစုံ ပါဝင်သော ရှမ်းတိုင်းရင်းသား ညီလာခံ တခုကို နိုဝင်ဘာလ အမှီ ကျင်းပ နိုင်ရေး ကြိုးပမ်း မှုကို ရှမ်း လက်နက်ကိုင် အဖွဲ့အစည်း များက ထောက်ခံ ခဲ့ကြသည်ဟု ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) အဖွဲ့ ပြောခွင့် ရသူက ဆိုပါသည်။
“ပြည်ပမှာ လုပ်တဲ့ UNFC ခေါင်းဆောင်တဲ့ တိုင်းရင်းသား ညီလာခံ တုန်းက သူတို့ ကိုယ်စားလှယ် လာတက်တယ်။ အဲဒီမှာဘဲ သူတို့က ပြောပြထားတာ ရှိတယ်။ သူတို့က ပြည်တွင်းမှာဘဲ လုပ်ဖို့ အစီအစဉ် ရှိတယ်ဆိုတာ သဘောလောက်တော့ သိထားပါတယ်။ သူတို့က ရှမ်းပြည် တိုးတက်ရေး ပါတီကို ဖိတ်မယ် ဆိုတာ သိတယ်။ ကျနော်တို့ ကလဲ လုပ်ဖို့ သဘောတူ ပါတယ်။ ကျနော်တို့ ကလည်း ပြည်တွင်းမှာဘဲ ရှိနေတာကိုး။ လုပ်တဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ အမျိုးသား အချင်းချင်း ညီညွတ် ရေးပေါ့။ ကျနော်တို့ ပန်းတိုင်က ဘာလဲ တခုတည်းသော ရည်ရွယ်ချက် ရရှိဖို့ပါ” ဟု ဆိုပါသည်။
ရှမ်းတိုင်းရင်းသား ညီလာခံ ကျင်းပရေးကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးက စီစဉ်ခြင်း ဖြစ်ပါ သည်။ အဓိက အားဖြင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရန် ဖြစ်ပြီး၊ ငြိမ်းချမ်းရေးကို ခိုင်မြဲရန် တည်ဆောက်နည်းများကို ဆွေးနွေး ကြရန် ဖြစ်သည်ဟု BBC ကို ပြောခဲ့ပါသည်။

ထိုအစည်း အဝေးသို့ ရှမ်းတပ်ဖွဲ့များ (SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ NDAA ၊ ကျားဖြူ ပါတီနှင့် SWAN ရှမ်းအမျိုးသမီး အဖွဲ့၊ အခြား ရှမ်းလူထု လူတန်းစား များပါ ဖိတ်ကြား မည်ဟု ခွန်ထွန်းဦးက ဆိုပါသည်။
ရှမ်းတိုင်းရင်းသား အရေးကို တပါတီ ထဲသာ ဆုံးဖြတ်ခြင်းထက် ရှမ်းအချင်းချင်း တိုင်ပင်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ပြောခွင့်ရသူ ဗိုလ်မှူး ဆိုင်းလက ဆိုပါသည်။
“သူဘယ်လိုပဲ ပြောပြော ကျနော်တို့ ကတော့ တန်တူးရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရသင့် ရထိုက်တာကို ရရှိဖို့ပဲလေး။ ကျနော်တို့ ဘက်ကတော့ ရှမ်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ တပါတီနဲ့ မဆုံးဖြတ်ပါဘူး တခြား ရှမ်းတိုင်းရင်းသား ပါတီတွေနဲ့ တိုင်ပင် လုပ်ဆောင် သွားမှာပါ” ဟု ပြီးခဲ့သည့် အောက်တိုဘာ (၁၁) ရက်နေ့က ထုတ်ဖေါ် ပြောကြား ခဲ့ပါသည်။

Shan_women_009o
ရှမ်းပြည် တိုးတက်ရေး ပါတီကမူ နိုင်ငံရေးကိစ္စ၌ ပူးပေါင်း အဖြေရှာ သင့်သော်လည်း စစ်ဖက် ရေးရာ၌မူ အစိုးရ တပ်ဖွဲ့နှင့် တပ်ဖွဲ့ရှိသော ရှမ်းအဖွဲ့များကသာ ပူးပေါင်း အဖြေရှာ သွားသင့် သည်ဟု SSPP ၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ခွန်ထွန်းဦးတို့က  ငြိမ်းချမ်းရေးကို ဘယ်လို ဖော်ဆောင်ရမလဲ ဘယ်လို ခိုင်မြဲ ရမလဲလို့ ပြောရ မှာပေါ့၊ ပြည်တွင်း မှာ လုပ်ရမယ် ဆိုတော့။ တကယ်ဆိုရင်  အစိုးရ တပ်နဲ့ ကျနော်တို့ အခြေအနေက ပြေလည်မှု မရှိသေးပါဘူး။ ဒီတော့ တပ်ကိစ္စက တပ်နဲ့ ဆိုင်တဲ့ သူတွေဘဲ လုပ်သွားရမှာပါ နိုင်ငံရေး အပိုင်းမှာဘဲ ပူးပေါင်း အဖြေရှာကြဖို့ပါ။ တပ်ကိစ္စ ဆိုရင်တော့ အများဆုံး ထိပ်တိုက် ရင်ဆိုင်ရမှာက တပ်မတော်ပါဘဲ သူတို့နဲ့ဘဲ ဖြေရှင်းရမှာပါ။ ပြီးတော့ ဒီလို ထိပ်တိုက် ဖြစ်နေတဲ့ ဟာကို ဘယ်လို ရှောင်လွှဲမှာလဲ ဘယ်လို ဖြေရှင်းမှာလဲ ဆိုတဲ့ ဟာကိုတော့ အဆင့်တွေ ရှိကြပါတယ်” ဟု ဆိုပါသည်။

ရှမ်းအဖွဲ့ အစည်း များကြား တူညီသော ပန်းတိုင် တခု ရရန် ဆောင်ရွက် သင့်ကြောင်း ဆိုပါသည်။ သို့မှသာ အား လုံး ပါဝင်သော ဖြေရှင်း နိုင်သည့် ပြဿနာများကို အတူတကွ ဖြေရှင်း သွားရန် ဖြစ်ပါသည်။  ခွန်ထွန်းဦး အ ဆိုပြုသော ပြည်တွင်း၌ ရှမ်းတိုင်းရင်းသားများ ညီလာခံ ကျင်းပရေးသည် အစိုးရက ခွင့်ပြုမပြု မသိရသေးပေ။ သို့သော် အစိုးရ၏ ငြိမ်းချမ်းရေး ပေါ်လစီကို ခိုင်မြဲရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ခွန်ထွန်းဦးက ဆိုထား ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေး အစီအစဉ်သည် လက်တွေ့ အားဖြင့် တခုမျှ ပီပြင်မှု မရှိသေးကြောင်း၊ စစ်မှန်သော ငြိမ်း ချမ်းရေး တည်ဆောက် နေခြင်း မဟုတ်ကြောင်း၊ ဤသို့ကြောင့် အစိုးရ၏ အစီစဉ်ကို လက်တွဲ ဆောင်ရွက်ြ ခင်း သည် အောင်မြင်မှု ရလိမ့်မည် မထင်ကြောင်း ရှမ်းနိုင်ငံရေး သမား တချို့က သုံးသပ် ပါသည်။

သို့သော် ရှမ်းလူမျိုး အဖွဲ့အစည်း ပေါင်းစုံ တွေ့ခွင့်ရရေးသည် ရှမ်းပြည်နယ် ရှမ်းနိုင်ငံရေး အတွက် အရေးကြီးကြောင်း၊ ဤသို့ကြောင့် အစိုးရ အစီစဉ်ထက် ရှမ်းတိုင်းရင်းသား အဖွဲ့ ပေါင်းစုံ ညီလာခံ တရပ် ဖြစ်လာရေးသည် ရှမ်းလူမျိုး အတွက် အရေးကြီး သည်ဟု ဆိုသူများလည်း ရှိပါသည်။

ရွှေဟင်္သာ


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here