Sunday, October 28, 2012

အပစ်အခက်ရပ်စဲရုံမျှနှင့်ထာဝရငြိမ်းချမ်းရေးမဖြစ်လာနိုင်ကြောင်းပြောလာသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ်နှင့်တွေ့ဆုံခြင်း

0 comments
အောက်တိုဘာ(၂၈)



ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်း ရေးဖော်ဆောင်မှု့အခြေအနေများ၊ အပြန်အလှန် အပစ်အခတ်ရပ်စဲ  ရေးကိစ်္စရပ်များနှင့်ပတ်သက်၍  Hot News   သတင်းထောက်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးစစ်အောင်မြတ်အား တွေ့ ဆုံကာ မေးခွန်းများမေးမြန်းဖြစ် ခဲ့ပါသည်။ရှမ်းတိုင်းရင်းသားတစ် ဦးဖြစ်သူ ၀န်ကြီးချုပ်ဦးစစ်အောင်  မြတ်မှလည်းHot Newsဂျာနယ်    ၏ မေးမြန်းချက်များအား လက်ရှိ   ရှမ်းပြည်နယ်အတွင်း လက်နက် ကိုင်အဖွဲ့များနှင့်ပတ်သက်သော   အခြေအနေများ ပူးပေါင်းဆောင်  ရွက်မှု့များအား စိတ်ရှည်စွာဖြင့် ပြန်လည်ရှင်းပြပေးခဲ့ပါသည်။
အဘတို့လို အစိုးရတာဝန် ရှိသူတွေနဲ့ ရှမ်းပြည်နယ်အတွင်း  က လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ ဆုံဆွေးနွေးတဲ့အခါ အများအား ဖြင့် နှစ်ဦးနှစ်ဖက်ဘယ်လိုသဘော   တူညီချက်တွေရကြပါသလဲ?။
အဓိကကတော့ အပစ်အခက် ရပ်စဲရေး၊ဒို့တာဝန်အရေးသုံးပါး  ကို နားလည်သဘောပေါက်ပြီး ကျင့်သုံးရေးပေါ့နော် ပြည်နယ် အဆင့်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ  ကစပြီးတော့ အားလုံးက ညီရင်း  အစ်ကိုပမာပဲ အဆင်ပြေကြပါ တယ်။ကျွန်တော်တို့အစိုးရတာဝန်   ရှိသူတွေအနေနဲ့ကလည်း တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့တွေ့  ဆုံဆွေးနွေးတဲ့အခါ သိပ်ပြီးလက် နက် စွဲကိုင်ထားလိုတဲ့ တိုင်းရင်း သားလူငယ်လူရွယ်လေးတွေကို နိုင်ငံတော်ကာကွယ်ရေးတာဝန် တွေယူဖို့စဉ်းစားပေးဖို့ လူလတ် ပိုင်းအရွယ်တိုင်းရင်းသားတွေကို တော့ ကုမ္ပဏီတွေထောင်ပြီး စီး ပွားရေးတွေလုပ်ဖို့ နောက် သက် ကြီးပိုင်းတွေကိုကျတော့ သူတို့ အနေနဲ့နိုင်ငံရေးပါတီကြီးတွေ ထောင်ပြီး လွှတ်တော်ထဲဝင်ကိုယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကနေ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ကြံဖို့ အဲသလိုတော့   နှစ်ဦးနှစ်ဖက်ညှိနှိုင်းထားတယ် အဲ သလိုသဘောတူညီချက်လေးတွေ  ရကြပါတယ်။
ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်း   ရေးဖော်ဆောင်မှု့ အပြန်အလှန်   ဆွေးနွေးမှုတွေက ဘယ်အဆင့် ထိ အောင်မြင်မှု့ရနေပါသလဲ?။
ရှမ်းပြည်နယ်တွင်း ငြိမ်းချမ်း ရေးဖော်ဆောင်မှုတွေ၊ဆွေးနွေးမှု  တွေက အားလုံးနီးပါးအဆင်ပြေ   ပြီး အပြန်အလှန်သဘောတူညီ ချက်တွေရခဲ့ပါတယ်။ခုဆို ရှမ်း ပြည်နယ်ထဲမှာရှိနေတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တွေ အားလုံးနီးပါးနဲ့အဆင်ပြေသွား ပြီး ခုပြည်နယ်အဆင့်တွေမှာ အားလုံးနီးပါး အောင်မြင်မှုတွေ   ရခဲ့ပြီ သတို့ဘက်ကလည်း အပစ် အခတ်ရပ်စဲရေးဆိုတာကိုသဘော တူတယ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာတော့ တစ်ဖက်နဲ့       အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်နိုင်မယ် ပြီးရင် ပြည်ထောင်စုလွှတ်တော်အဆင့်ထိ  ဆွေးနွေးသွားနိုင်မှာပါ လက်ရှိ    တော့ ရှမ်းပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ ပြည်ထောင်စု   အဆင့်အထိအောင်မြင်နေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်   တွေ အနေနဲ့ ဆက်လက် လက် နက်ကိုင်စွဲထားလိုတာဟာ တစ်စုံ တစ်ရာရဲ့ဖိအားကြောင့်လား ဒါမှ မဟုတ် ဘာအတွက်ကြောင့်ပါ သလဲ။
တိုင်းရင်းသားလက်နက်ကိုင်   တွေအနေနဲ့ ဆက်လက် လက် နက်ကိုင်စွဲထားလိုကြတာဟာ    ဖိအားတစ်စုံတစ်ရာကြောင့်လို့ လည်းပြောလို့ရတယ် အဲဒါဘာ လည်းဆိုတော့ ရှမ်းပြည်နယ်မြောက် ပိုင်းကွတ်ခိုင်မြို့ထဲမှာ ခြေလုပ် ယူထားတဲ့ ကချင်တပ်မဟာ(၄)   က ရှမ်းပြည်နယ်ထဲမှာလာပြီး နည်းနည်းထိတွေ့မှုရှိတယ် အရင် က ဒီတိုင်းသွားလာနေကြတာ အားလုံးခင်ခင်မင်မင်ပဲ အဲဒါကို   KIA ဌာနချုပ်က မင်းတို့တပ်မ ဟာ(၄)က လူတွေ သတ်္တိမရှိဘူး လား မလုပ်ရဲဘူးလား ထမီဝတ်  ထားကြပါလားဆိုပြီး ဖိအားတွေ   ပေးလာတယ်။ဒါကြောင့် သူတို့ အနေနဲ့ကလည်း မလွှဲသာလို့ ရှမ်း  ပြည်ထဲမှာ ထိတွေ့မှုတွေလုပ်တာ    နောက်ထပ် တိုင်းရင်းသားတွေကို လက်နက် စွဲ ကိုင်ထားစေဖို့ ဖိအားတစ်ခုဖြစ် နေတာက သူတို့တိုင်းရင်းသား တွေကို ပယ်ထားတယ်ဆိုတဲ့ အယူအဆတွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေကြောင့်ပဲ။ ဒါ တွေက သူတို့ကို ဆက်ပြီး လက် နက်ကိုင်ဆွဲထားစေဖို့ ဖြစ်စေတာ ပဲ။ ကျွန်တော်တို့အနေနဲ့တိုင်းရင်း သားတွေကို မပယ်ထားပါဘူး။ လစ်လျူမရှုထားပါဘူး။ ဒါကြောင့် ပြောရမယ်ဆိုရင် သူတို့တွေကို လက်နက်ဆက်လက် ကိုင်ဆွဲစေ တာဟာ အထက်ဌာနချုပ်ရဲ့ ဖိ အားလည်းပါတယ်။ သူတို့ကို ၀ိုင်း ပယ်ထားကြတယ်ဆိုတဲ့ အယူအ ဆတွေကြောင့်လည်း ပါပါတယ်။
မေး- လတ်တလောရှမ်းပြည်တွင်း မှာ ထိတွေ့မှုဖြစ်နေတဲ့ တိုင်းရင်း သားလက်နက်ကိုင်ဘယ်နှစ်ဖွဲ့ လောက် ရှိပါသလဲ။ သူတို့တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့လုပ်တဲ့အခါ မှာရော သူတို့ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ?။
ဖြေ- ထိတွေ့မှုရှိတာက ရှမ်းပြည် တပ်မတော် (SSA) ၊ပြီးတော့ ရှမ်း ပြည်တိုးတက်ရေးပါတီ(SSDP) တို့နဲ့ပဲရှိတယ်။ ထိတွေ့မှုလုံးဝမရှိ ဘူး။ သူတို့ကလည်း နည်းနည်း ပါးပါးပါပဲ။ “၀”အမျိုးသားအဖွဲ့ အထူးဒေသ(၂)နဲ့ အထူးဒေသ(၄) တို့ကတော့ ထိတွေ့မှုလုံးဝမရှိ  ဘူး။ သူတို့ကလည်း ရှောင်တယ်။ နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲ ရေးဆိုတာကို သူတို့က အပြည့် အ၀ လိုက်နတယ်။ ကျန်တဲ့အဖွဲ့ တွေကတော့ အဆက်အသွယ် ပြက်နေတဲ့အခါကြတော့ ထိတွေ့ တာတော့ရှိတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်းလက် နက်ကိုင်ချင်ကြတော့တာမဟုတ် ဘူးလေ။ ထိတွေ့နေတဲ့ တပ်တွေ ကလည်း ပြန့်ကြဲနေတဲ့အနေအ ထားအရ စုစုစည်းစည်းမရှိနိုင်ဘဲ ထိတွေ့ရတဲ့သဘောရှိပါတယ်။ လက်ရှိ ပြည်ထောင်စုအဆင့် ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ လက် နက်ကိုင်တိုင်းရင်းသားအဖွဲ့ (၁၀) ဖွဲ့ထဲမှာ ရှမ်းပြည်နယ်က (၄)ဖွဲ့ ပါနေတယ်။ အဓိကတော့ပါတီ အမည်ခံလက်နက်ကိုင်အဖွဲ့အ စည်းတွေပါပဲ။ ရှမ်းပြည်တိုးတက် ရေးပါတီ ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကော်မတီ သူတို့က နိုင်ငံရေးကို စစ်ရေးနဲ့တွဲပြီး လုပ် နေကြတဲ့အဖွဲ့တွေပါ။
မေး- ကချင်တပ်မဟာ (၄)က ရှမ်းပြည်နယ်မြောက်ပိုင်းထဲမှာက ပါနေတော့ ကချင်ပြည်နယ်တွင်း မတည်ငြိမ်မှုတွေဖြစ်လာတာနဲ့ ရှမ်းပြည်မြောက်ပိုင်းဘက်တွေကို သက်ရောက်ကူးစက်မှု အခြေ အနေရော ဘယ်လိုရှိပါသလဲ?။
ဖြေ- ကွတ်ခိုင်ဒေသမှာ အခြေ ပြုခြေကုပ်ယူထားတဲ့ ကချင် တပ်မဟာ (၄)က ရှမ်းပြည်မြောက် ပိုင်းထဲမှာလာပါနေတယ်။ သူတို့ မှာက တပ်မဟာ ၁၊၂၊၃၊၄ ရှိတာ လေ။ ဒါကြောင့် ကချင်ပြည်နယ် မှာ မတည်ငြိမ်မှုတွေဖြစ်တာနဲ့ အတူ အဲဒီမတည်ငြိမ်မှုတွေ၊ ထိ တွေ့မှုတွေက ရှမ်းပြည်နယ်ဘက် ကို ကူးစက်တာမျိုးသက်ရောက် မှုဖြစ်စေတာမျိုးတော့ရှိပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ တောင် ကချင်တပ်မဟာ (၄)နဲ့ နမ့်ခမ်းမြို့ပတ်ဝန်းကျင်နဲ့ မိုးကုတ် မြို့ရဲ့ မြို့နယ်ခွဲတွေအချို့မှာ ထိ တွေ့မှုဖြစ်သွားသေးတယ်။ သူတို့ အနေနဲ့ကလည်း ငြိမ်းချမ်းရေး ယူ ဖို့ကို ကြိုးစားနေကြပါတယ်။ အမှန်တော့ ရှမ်းပြည်နယ်ထဲပါ နေတဲ့ တပ်မဟာ (၄)က  သူတို့  ဌာနချုပ်က ဖိအားပေးလွန်း လို့ ခုလိုမျိုး မလွဲမရှောင်သာတဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး ထိတွေ့ခဲ့တာ အဲဒီမှာတော့ သေ နတ်သံလေးတွေ ရှိနေတာပေါ့။
ထာဝရငြိမ်းချမ်းရေးဆိုတာ တည်ဆောက်နိုင်ဖို့အတွက် လက်နက်စွန့်တိုင်းရင်းသားတွေရဲ့ အသက်ရှင်ရပ်တည်မှု ဘ၀ရပ်မှု ကလည်း အရေးကြီးပါတယ်။ အဲဒီအတွက် အစိုးရအနေနဲ့ရော ဘယ်လိုစီစဉ်ဆောင်ရွက်သွားဖို့ရှိ ပါသလဲ?။
သူတို့နဲ့တွေ့ဆုံဆွေးနွေးတဲ့ အခါအစိုးရဘက်က ရှင်းပြထား တာကတော့ လူငယ်ပိုင်းတွေက နိုင်ငံတော်ကာကွယ်ရေးမှာပါဝင်၊ လူလတ်ပိုင်းတွေက လုပ်ငန်းတွေ ထောင်၊ သက်ကြီးပိုင်းတွေကတော့  ပါတီထောင်လွှတ်တော်ဝင်ပြီး ဒေသအကျိုးလုပ်ဆိုတဲ့အတိုင်းပါ ဘဲ။ ကျွန်တော်တို့တိုင်းပြည်ဟာ သယံဇာတအရမ်းကြွယ်ဝတယ်  ရှမ်းတိုင်းရင်းသားတွေကလည်း အရမ်းကိုစိတ်ရင်းကောင်းကြပါ တယ်။ ဒီတော့ ဒီလောက်သယံဇာ  တပေါများစွာထွက်နေတဲ့ ရှမ်းပြည်  ကြီးဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ  ၀င်လာရင် ခဏလေးနဲ့ တိုးတက်  သွားမှာလေ ရှမ်းပြည်ကြီးရဲ့ တိုးတက်ဖွံ့ဖြိုးမှုအသီးပွင့်တွေ တိုင်းရင်းသားတွေ မခံစားရလို့ ဘယ်သူတွေခံစားရမှာလဲ တိုက်ပွဲ တွေဖြစ်နေရင်တော့ ဘယ်လောက်  ပဲ သယံဇာတထွက်နေပါစေ ဒီဒေသကို ပြည်ပရင်းနှီးမြှုပ်နှံမှု  ဘယ်လာမလဲ။ ဒီတော့ တိုင်းရင်း သားအဖွဲ့တွေအားလုံးက ကိုယ့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုပဲ။ ဦးတည်ပြီးတိုက်ပွဲဝင်နေတာလေ။ အားလုံးသားငြိမ်းချမ်းသွားမယ်လို့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အတူ ရှမ်းပြည်ကြီးလည်းတိုးတက်ပြီပေါ့။  ဒါဟာ အစိုးရလုပ်ပေးလို့ဖြစ်လာ မှာမဟုတ်ဘူး။ ငြိမ်းချမ်းရေးရဲ့ အကျိုးရလာဒ်ကြောင့်ဖြစ်လာမှာ
မြန်မာပြည်ရဲ့ ပြည်နယ်ကြီးတစ် ခုမှာ အကြီးအကဲလည်းဖြစ် ပြီးတော့ဒေသတွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေမှာလည်း  ဦးဆောင်ပါဝင်သူတစ်ယောက်အနေ နဲ့ ငြိမ်းချမ်းရေးဆိုတာကိုဘယ်လို  နားလည်ပါသလဲ။ ကိုယ့်ညီနောင် သားချင်းတွေနဲ့ ငြိမ်းချမ်းရေးဆုံ  မှတ်မှာ ခုလိုတွေ့ဆုံခွင့်ရတဲ့အတွက် ရောဘယ်လိုပီတိဖြစ်မိပါသလဲ?။
အဓိက တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ဖြစ်သွားတာဟာ သူတို့ရဲ့အတောမသတ်နိုင်တဲ့ သံသယတွေကြောင့်ပါ ခုချိန်မှာ နိုင်ငံရေးအရလည်း ကျွန်တော်တို့  နိုင်ငံဟာဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းနေပြီ သူတို့အနေနဲ့ ကလည်း ဒီလမ်းစဉ်ကို လက်ခံ တယ်။ ပြီးတော့သူတို့ရဲ့ အယူအဆ တွေဟာလည်း နိုင်ငံရဲ့ နိုင်ငံရေး လမ်းစဉ်ပြောင်းလဲမှုပေါ်အခြေခံ ပြီး။ တည်ငြိမ်လာကြတယ်။ ပူးပေါင်းပါဝင်လိုစိတ်ရှိလာကြတယ်။ အဲဒါကို မြင်ရတော့အတိုင်းမသိ ၀မ်းသာမိရပါတယ်။ တိုင်းရင်းသား  တွေအနေနဲ့ သူတို့ရိုးရာအရ တူမီး သေနတ်ကိုင်တာလောက်ပဲရှိပြီး။ ဘယ်သူမှ လက်နက်ကိုင်ချင်ကြ တာမဟုတ်ပါဘူး။ ဆန့်ကျင်တိုက် ခိုက်ဖို့ဆိုတာ သူတို့အတွက် တော်တော်ဝန်လေးပါတယ်။ သူတို့ လည်းအမြဲပြောတယ်။ ရှမ်းပြည် နယ်အလယ်ပိုင်းမှာရှိတဲ့ ပင်လုံမြို့  လေးကစပြီး ပြည်ထောင်စုစိတ် ဓာတ်လေးတွေတည်လာတာဖြစ်တဲ့ အတွက် အဲဒါကိုလည်းသူတို့အနေ  နဲ့အမြဲအမှတ်ရနေပါတယ်တဲ့။ သူတို့မှာအဲသလိုပြည်ထောင်စု စိတ်ဓာတ်လေးတွေရှိတယ်။ ခု လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ လမ်းစဉ်လိုလည်း ပူးပေါင်းပါဝင် လိုတဲ့ စိတ်လေးတွေရှိတာ အရမ်း   ၀မ်းသာမိပါတယ်။ တစ်ယောက် တစ်ယောက်တစ်ဖက်နဲ့ တစ်ဖက် အယူအဆတွေလွဲမှားစွာနဲ့ ကာလ   တစ်ခုကို ဖြတ်သန်းခဲ့ရပြီးခုလိုမျိုး ငြိမ်းခမ်းရေးဆိုတာနဲ့ ညီရင်းကိုယ် ပမာဖြစ်လာကြတယ်။ အရမ်းကို လည်းပီတိဖြစ်မိတယ်။ ဒါဟာ ရှမ်း  ပြည်ကြီးကနေစပြီးတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းပြီး ထာဝရငြိမ်း ချမ်းမယ့်နိမိတ်လက္ခဏတွေပါ။


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here