Friday, October 5, 2012

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး မိသားစု (၆) ယောက် စံပြဆေးရုံရောက်

0 comments

မိသားစု အချင်းချင်း ရန်ဖြစ်ခဲ့ရာမှ စိတ်မထိန်းနိုင်၍ မိန်းမအိမ်ကို မီးရှို့ ဖျက်ဆီး
မိသားစု (၆) ယောက် စံပြဆေးရုံရောက်

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးဒေါင့်ကန်လမ်း၊လေးဒေါင့်ကန်ရပ်ကွက်၊ကုလားစုရှိ အသေးစားဓာတ် ဆီဆိုင် မှ မိသားစုအချင်းချင်း အခင်းဖြစ်ပွားရာကနေ ဒေါသများကို မထိန်းချုပ်နိုင်သောကြောင့် အောက်တိုဘာ (၃) ရက်နေ့ ညပိုင်း ၉း၃၀ အချိန်တွင် အငယ်လေး (ခေါ်) ဌေးဝင်းသည် မိန်းမတော်ခဲ့ဘူးသော ဒေါ်စန်းစန်းနွဲ့ ဆိုင်သို့ လာပြီး ဓာတ်ဆီလောင်း၍ မိန်းမနှင့် ယောက်ဖ၊ ခဲမများကို မီးလောင်တိုက်သွင်းပြီး မီးရှို့ ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။ ယင်းအချိန်တွင် မိန်းမဖြစ်သော ဒေါ်စန်းစန်းနွဲ့သည် ယင်း ရန်မှ ကြောက်သော ကြောင့် တိမ်းရှောင်နေသည်ဟု သိရှိရပါသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ် ကားများ အချိန်မှီရောက်ရှိလာသောကြောင့် အိမ်ဆိုင် (၆) လုံးသာ မီးလောင်ကျွမ်းခဲ့ပါသည်။မီးသတ်ကားများအစီး ၂၀ ကျော်နှင့် မီးသတ်ရဲဘော်များ၏ ကြိုးစားမှုကြောင့် မီး လောင်ချိန်ဟာ နာရီဝက်အတွင်းမှာပဲ ရှိခဲ့ကြောင်း သိရှိရပါသည်။
တာဝန်ရှိသော မီးသတ်ရဲဘော်များနှင့် မြို့နယ်ရဲစခန်းမှူးများကတော့ ဆုံးရှုံးမှုတန်ဖိုးဟာ သိန်း၂၅ သိန်းကျော် နှင့် အသေပျောက် ဒဏ်ရာရသူ မရှိခဲ့ဟု စာနယ်ဇင်းနှင့်မီဒီယာသမားများကို ထုတ်ပြန်ခဲ့ပေမယ့်လည်း လက်ရှိ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် မသေရုံတမယ် ခွဲစိတ်ခန်းထဲမှာ အသည်းသန် ခွဲစိတ်နေရကြောင်း၊ မိသားစု (၆) ယောက်လုံး မီးလောင်တိုက်မှာ မီးရှို့ခံခဲ့ရသလို ခံခဲ့ရတာကြောင့် ရုပ်ပျက် ဆင်းပျက်ရှိနေကြောင်း၊ ဆေးရုံပေါ် တွင် အတွင်းလူနာအဖြစ် ကုသနေရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးဟာ သိန်း ၁၀၀ အထက်မှာ ရှိကြောင်း မိသားစုဝင်တစ်ယောက်က သတင်းစာနယ်ဇင်းနှင့်မီဒီယာများကို အတိအကျ ဖြေပေးခဲ့ပါတယ်။

စံပြဆေးရုံမှာ အရေးပေါ်ခွဲစိတ်ခန်းသို့ ပို့ထားရသော အတွင်းလူနာ (၆) ဦးမှာ ဒေါ်ရီရီနွဲ့၊(တူမ)။ ဒေါ်သူဇာဝင်း၊ (ညီမ)။ ဇော်ဇော်အောင်(သား)။ ကျော်မင်းသင်း၊(သား)။ရန်နိုင်ဖြိုး ၊(မြေး) မျိုးမင်းဟိန်း (မြေး)တို့ဖြစ်ကြောင်း ဓာတ်ဆီဆိုင်ပိုင်ရှင် ဒေါ်စန်းစန်းနွဲ့၏ မိခင် ဒေါ်ရီရီစန်းမှ ပြောကြားခဲ့ပါတယ်။
 
ဒီမိုဝေယံ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here