Wednesday, October 3, 2012

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့ အင်အားသစ် စုဆောင်းခြင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ကန့်ကွက်

0 comments
Photo: ‎တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချို့ အင်အားသစ် စုဆောင်းခြင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ကန့်ကွက်

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ အင်အားသစ် စုဆောင်းနေခြင်းကို ကန့်ကွက်လွှာ ပေးပို့ထားကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။
”တပ်သားသစ် တွေ စုဆောင်းတယ် ဆိုတော့ ပြည်သူကို ဝန်ထုပ် ဝန်ပိုးပဲ ဖြစ်စေတယ်။ ရှည်ကြာ တဲ့ ပြည်တွင်း စစ်တွေကြောင့် နှစ်ဖက် ခေါင်းဆောင်တွေ ကလည်း စစ် ပွဲ တွေကို ငြီးငွေ့နေပြီဆိုတာ အားလုံး အသိပါပဲ” ဟု ပြောသည်။
ထိုကဲ့သို့ တပ်သားသစ်များ စုဆောင်းနေခြင်းကို အဆိုပါ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ၏ တာဝန်ရှိသူများ သိရှိနိုင်စေရန် တောင်ကြီးမြို့ ရှိ ယင်းတို့၏ ဆက်ဆံရေး ရုံးများသို့ အသိပေးထား ကြောင်း ၄င်းက ပြောသည်။
”လက်နက်ကိုင် အဖွဲ့တွေ က ပြန့်ကျဲပြီးတော့ ရှိနေတဲ့ အတွက် သူတို့ရဲ့ ဗဟို ဌာနချုပ်တွေကလည်း အောက်ခြေက တပ်သားတွေက ဘာလုပ်နေသလဲ ဆိုတာ ကွပ်ကဲ နိုင်မှု မရှိတာလည်း ပါပါတယ်” ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ပြုလုပ်နေသည့် အချိန် တွင် လက်နက်ကိုင် တပ်ဖွဲ့များ အကြား ယုံကြည်မှု တည်ဆောက် ရေးကို ထိခိုက်နိုင်သည့် ကိစ္စရပ် များ ကိုဂရုပြုရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ”အခု သိန္နီဘက်မှာ လက်နက်ကိုင် အဖွဲ့ တွေကို အသုံးချ ပြီးတော့ ရွာသား တွေ ဆီကနေ အမြတ်ထုတ်နေတဲ့ လူလည်ပွဲစားတွေ ပေါ်နေတယ်” ဟု ပြောသည်။
အဆိုပါ ပွဲစားများသည် လက် နက်ကိုင် အဖွဲ့များ၏ တပ်မှူးများ မရှိသည့် အချိန်များတွင် ရွာသား များအား ခြိမ်းခြောက်၍ အဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ မလာ ရောက်နိုင်ပါက အခကြေးငွေ အဓမ္မ ကောက်ခံနေခြင်းများ ရှိနေကြောင်း ၄င်းက ပြောသည်။
”တပ်သားအသစ်တွေ စု ဆောင်းနေတယ် ဆိုတာလည်း ရှိ နိုင်ပါတယ်။ တစ်ဖက်ကလည်း ဒီလို လူလိမ်ကြား ပွဲစားတွေက လည်း ပြည်သူတွေကို ဒုက္ခပေးနေ တာလည်း ရှိပါတယ်”ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ယုံကြည်မှု တည်ဆောက်နေသော အခြေအနေတွင် အထင်အမြင် လွဲမှားမှုများ မဖြစ်စေရန်နှင့် ပြည်သူ များ၏ အရေး အလေးထားပေးရန် ရှမ်း တိုင်းရင်းသား လက်နက်ကိုင် SSPP နှင့် RCSS တို့သို့ အသိပေး အကြောင်းကြားစာ ပေးပို့ထားသည် ဟု ၄င်းက ပြောသည်။

Popular Myanmar‎
ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အချို့ အင်အားသစ် စုဆောင်းနေခြင်းကို ကန့်ကွက်လွှာ ပေးပို့ထားကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ပြောသည်။
”တပ်သားသစ် တွေ စုဆောင်းတယ် ဆိုတော့ ပြည်သူကို ဝန်ထုပ် ဝန်ပိုးပဲ ဖြစ်စေတယ်။ ရှည်ကြာ တဲ့ ပြည်တွင်း စစ်တွေကြောင့် နှစ်ဖက် ခေါင်းဆောင်တွေ ကလည်း စစ် ပွဲ တွေကို ငြီးငွေ့နေပြီဆိုတာ အားလုံး အသိပါပဲ” ဟု ပြောသည်။
ထိုကဲ့သို့ တပ်သားသစ်များ စုဆောင်းနေခြင်းကို အဆိုပါ တိုင်း ရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ၏ တာဝန်ရှိသူများ သိရှိနိုင်စေရန် တောင်ကြီးမြို့ ရှိ ယင်းတို့၏ ဆက်ဆံရေး ရုံးများသို့ အသိပေးထား ကြောင်း ၄င်းက ပြောသည်။
”လက်နက်ကိုင် အဖွဲ့တွေ က ပြန့်ကျဲပြီးတော့ ရှိနေတဲ့ အတွက် သူတို့ရဲ့ ဗဟို ဌာနချုပ်တွေ ကလည်း အောက်ခြေ က တပ်သားတွေက ဘာလုပ်နေသလဲ ဆိုတာ ကွပ်ကဲ နိုင်မှု မရှိတာလည်း ပါပါတယ်” ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေးဆွေး နွေးပွဲများ ပြုလုပ်နေသည့် အချိန် တွင် လက်နက်ကိုင် တပ်ဖွဲ့များ အကြား ယုံကြည်မှု တည်ဆောက် ရေးကို ထိခိုက်နိုင်သည့် ကိစ္စရပ် များ ကိုဂရုပြုရန် လိုအပ်ကြောင်း ၄င်းက ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ”အခု သိန္နီဘက်မှာ လက်နက်ကိုင် အဖွဲ့ တွေကို အသုံးချ ပြီးတော့ ရွာသား တွေ ဆီကနေ အမြတ်ထုတ်နေတဲ့ လူလည်ပွဲစားတွေ ပေါ်နေတယ်” ဟု ပြောသည်။
အဆိုပါ ပွဲစားများသည် လက် နက်ကိုင် အဖွဲ့များ၏ တပ်မှူးများ မရှိသည့် အချိန်များတွင် ရွာသား များအား ခြိမ်းခြောက်၍ အဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ မလာ ရောက်နိုင်ပါက အခကြေးငွေအဓမ္မ ကောက်ခံနေခြင်း များ ရှိနေကြောင်း ၄င်းက ပြောသည်။
”တပ်သားအသစ်တွေ စု ဆောင်းနေတယ် ဆိုတာလည်း ရှိ နိုင်ပါတယ်။ တစ်ဖက်ကလည်း ဒီလို လူလိမ်ကြား ပွဲစားတွေက လည်း ပြည်သူတွေကို ဒုက္ခပေးနေ တာလည်း ရှိပါတယ်”ဟု ၄င်းက ပြောသည်။
ယခုကဲ့သို့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ယုံကြည်မှု တည်ဆောက်နေသော အခြေအနေတွင် အထင်အမြင် လွဲမှားမှုများ မဖြစ်စေရန်နှင့် ပြည်သူ များ၏ အရေး အလေးထားပေးရန် ရှမ်း တိုင်းရင်းသား လက်နက်ကိုင် SSPP နှင့် RCSS တို့သို့ အသိပေး အကြောင်းကြားစာ ပေးပို့ထားသည် ဟု ၄င်းက ပြောသည်။


Popular Myanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here