Thursday, October 4, 2012

SSA (ရွတ်ဆစ်)အဖွဲ့များ ရွာတွေမှာ ဆန်အတင်းတောင်းနေ

0 comments


SSA(ရွတ်ဆစ်)အဖွဲ့ တပ်မဟာ(၇၅၉) တပ်ဖွဲ့ဝင်များဟာ အောက်တိုဘာလ(၂)ရက်နေ့က မိုးနဲမြို့နယ်ရှိ ရွာတွေမှာ ၄င်းတို့တပ်ဖွဲ့ဝင်များစားသုံးရန်အတွက် ရိက္ခာဆန်များ ဆင့်ထားတယ်လို့ သိရပါတယ်။
ရိက္ခာဆန်တွေကို ရွာအုပ်စု အကြီးအသေးအလိုက် ပေးပို့ရမှာဖြစ်ကြောင်းလည်း သိရပါတယ်။

`` ကျွန်တော်တို့ ရွာကတော့ ရွာသေးလို့ (၁၀)တင်းပဲ ပေးရပါတယ်။ ရွာကြီးတဲ့ ကွန်နားရွာက တင်(၃၀)၊ လွယ်ချိုရွာက (၄၅) တင်း၊ နမ့်မော်ဆွန်ရွာတို့ ၀မ်းနားရွာတို့ ကာဟရွာတို့ ကတော့ (၁၅)တင်စီတောင်းထားတာပါ ။ အရင်ကလည်းသုံးလတစ်ခါလောက်တော့ ဆင့်ပါတယ်။ ဒီလိုပဲ ကြောက်တော့ပေးရတာပေါ့ တစ်ခါတုန်းက ဟနားရွာက အချိန်မီမပေးလို့ ရွာထဲမှာလာသောင်းကျန်းဖူးတယ်။ ကျွန်တော်တို့လည်း ဒီဒုက္ခတွေကကျွတ်ချင်ပြီဗျာ´´ လို့ မိုက်ဟိုင်း ရွာသား တစ်ဦးက ပြောပါတယ်။
အဆိုပါ ဆန်အဆင့် ခံထားရတဲ့ ရွာတွေကတော့ ဆန်တွေကို အောက်တို ဘာလ(၉)ရက်နေ့ အရောက် နောက်ဆုံးထားပြီး မိုးနဲမြို့နယ်က  ဖာလစ်ရွာကို ပို့ပေးရမှာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနေ့အရောက်မပို့နိုင်တဲ့ရွေတွေကိုတော့ “တပ်မဟာ(၇၅၉)တပ်ဖွဲ့တွေရဲ့အကြောင်း သိစေရမယ်” လို့ ခြိမ်းခြောက်ထားကြောင်း ရိက္ခာဆန်အတောင်းခံခဲ့ရသော ရွာသားတစ်ဦးက ပြောပါတယ်။ 


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here