အဲန်အီးဒီ(National
Endowment for Democracy)အဖွဲ့က ချီးမြှင့် ပေးအပ်တဲ့ ဒီမိုကရေစီဆု လက်ခံရယူရန် အတွက်
စက်တင်ဘာလ(၁၄)ရက်နေ့ကတည်းက အမေရိကန်ပြည်ထောင်စုကို ထွက်ခွာသွားတဲ့ ရှမ်းတိုင်းရင်း သားများ
ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးဟာဘန်ကောက်မြို့ကတဆင့် ဒီကနေ့ (၉)နာရီကဘဲ ရန်ကုန်ကို
ပြန်လည်ရောက်ရှိတယ်လို့ သိရပါတယ်။
ခွန်ထွန်းဦးကိုမိသားစုဝင်များ၊ရှမ်းတိုင်းရင်းသားများ၊ဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ရန်ကုန်မြို့ရောက်ရှမ်းပြည်နယ်က
လူငယ်များအပြင်ညီညွှတ်သောတိုင်းရင်သားလူမျိုး များ မဟာမိတ်အဖွဲ့(UNA)၀င်များဖြစ်ကြသော
မွန်ဒီမို ကရေစီပါတီ၊ဇိုမီးဒီမိုကရေစီကွန်ဂရက်တို့က ခေါင်းဆောင်များလည်း ရန်ကုန်လေဆိပ်ကို
သွားရောက်ကြို ဆိုခဲ့ ကြ ပါတယ်။
အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေစဉ်
အတွင်းမှာ ဒီမိုကရေစီ ဆုကို လက်ခံရယူခဲ့ပြီး အမေရိကန် ပြည်ထောင် စုကို ရောက်ရှိနေကြတဲ့
ရှမ်းတိုင်းရင်းသားများ အပါအ၀င် အခြားတိုင်းရင်းသားတွေ နဲ့ လည်းတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ကော့လီမီဒီယာ
