Monday, November 4, 2013

နေတိုးတပ်ဖွဲ့ ထောက်ပံ့မှုများ ရပ်တန့်ရေးဆုံးဖြတ်ချက် ပါကစ္စတန် ပါတီများ ယနေ့ စတင်ဆွေးနွေးကြမည်

0 comments

Monday, November 4, 2013

ပါကစ္စတန် Pakistan Tehrik-i-Insaf (PTI) မှ ဥက္ကဌ အင်မ်ရန်ခန်းက သူတို့အဖွဲ့အနေဖြင့် Khyber Pakhutunkhwa (KP) နယ်နိမိတ်မှ ဖြတ်သန်းကာ ပြုလုပ်နေသည့် နေတိုးထောက်ပံ့မှုများကို ခွင့်ပြုတော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး၊ ယနေ့ အောက်တိုဘာ ၄ ရက်တွင် ထိုအရေးအတွက်
ပါတီပေါင်းစုံ ဆွေးနွေးမှုကို ပြုလုပ်ကာ အများသဘောတူ ဆုံးဖြတ်ချက်ချနိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း မီဒီယာများကို ပြောကြားသည်။

PTI နှင့် ပြုလုပ်ခဲ့သော ကနဦး ဆွေးနွေးခန်းတွင် KP ၀န်ကြီး ပါဗိုင်ဇ်ခတတ်ခ်အပါအ၀င် အခြားသော ပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များမှခေါင်းဆောင်များစွာ ပါဝင်ခဲ့သည်။

PTI က အမေရိကန်သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ မစမီရက်ပိုင်း အလိုတွင် တာလီဘန် ခေါင်းဆောင် ဟာကီမူလာမီဟ်ဆက်ကို မောင်းသူမဲ့လေယာဉ်ဖြင့် တို်က်ခိုက် သတ်ဖြတ်လိုက်ခြင်းဖြင့် ပါကစ္စတန်၏ ငြိမ်းချမ်းရေးနှင့် တာလီဘန်တို့နှင့် ဆွေးနွေးပွဲများကို အမှန်တကယ် မလိုလားသည့် သဘောကို ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည်။

ထို့ပြင် အင်မ်ရန်ခန်းက သူ၏ နယ်မြေအတွင်း ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဖြစ်ခဲ့သော အကြမ်းဖက်မှုများကို ထောက်ပြကာ နိုင်ငံ၏ ငြိမ်းချမ်းရေး အဖျက်အမှောင့် လုပ်ငန်းများလုပ်သူ မည်သူ့နည်းဟု မေးခွန်းထုတ်ခဲ့သည်။

တာလီဘန်တို့က KP ဒေသအတွင်း လတ်တလော ဖြစ်ပွားခဲ့သော ဗုံးခွဲမှုများမှာ သူတို့၏ လက်ချက်မဟုတ်ဟု အခိုင် အမာ ငြင်းဆိုထားသည်။

ယင်းဖြစ်ရပ်များအတွက် အင်မ်ရန်ခန်းက ဗဟိုအစိုးရကို စုံစမ်းဖော်ထုတ်ပေးရန် တောင်းဆို ထားသည်။

အင်မ်ရန်ခန်းက ရန်သူတော် အမေရိကန်တပ်များက သူတို့၏ ပြည်သူများကို တိုက်ခိုက်နိုင်ရန် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့သော အရင်အစိုးရ၏ လုပ်ရပ်ကို စိတ်ပျက်မိကြောင်းနှင့် PTI က နေတိုးထောက်ပံ့မှုနှင့် အမေရိကန်၏ မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုများ ရပ်တန့်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ယင်းသို့သော ဆုံးဖြတ်ချက်များ နိုင်ငံအနှံ့တွင် ချမှတ်နိုင်ရန် ပါတီပေါင်းစုံဆွေးနွေးမှုကို ယနေ့မှ စတင်ကာ ဆုံးဖြတ်ချက်
များ ချမှတ်နိုင်သည်အထိ ပြုလုပ်သွားမည်ဟု ဆိုလိုက်သည်။

The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here