Saturday, October 6, 2012

ပလောင်ဒေသ စစ်ရေးသတင်း

0 comments

 
၂၀၁၂ ခုနှစ်၊အောက်တိုဘာလ ၄ ရက်နေ နံနက် ၃း၄၅ နာရီခန့်တွင် မြန်မာအစိုးရတပ်ဖွဲ့မှ တအာင်းတပ်ဖွဲ့ TNLA တပ်ရင်း ၂၅၆ ခွဲ(၁) ရှိရာ ပန်စရော့တောင်သို့ (နမ့်ဆန်မြို့နှင့် ၆ မိုင်ခန့်ကွာ) ၆၀ မမ၊ ၈၂ မမ လက်နက်ကြီး များဖြင့် ပစ်ကာ အတင်းထိုး စစ်ဆင်နေခဲ့သည်။

တဖက်နှင့်တဖက် အပြန်အလှန် ပစ်ခတ်ကြပြီး နံနက် ၅း၀၀ ခန့်တွင် ပတ်ခတ်မှု ငြိမ်သက် သွားခဲ့သည်။ နှစ်ဖက် ထိခိုက် ကျဆုံးမှုများ မသိရှိရသေးပါ။ မြန်မာတပ်ဖွဲ့တို့သည် နောက်ပြန်ဆုတ်သွားပြီး အဝေး မှနေ၍ ၈၂ မမ လက်နက်ကြီးဖြင့် ခပ်ကြဲကြဲ ပစ်ခတ် နေလျှက်ရှိသည်။
 
ယခု သတင်းပို့ချိန် ၁၀း၅၁ နာရီတွင် ၈၂ မမ တလုံးထပ်မံ ပစ်လာသည်ဟု အောက်ခြေတပ်မှ သတင်းပို့လာသည်။ လက်နက်ကြီးများသည် ဒေသခံ လူထုများ၏ အားလူး၊ ပြောင်းဖူး စိုက်ခင်းထဲသို့ ထိမှန် ကျရောက်ကြောင်း သိရှိရသည်။
 
ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၃ ရက်နေ့၊ နံက် ၅ နာရီခန့်တွင် တအာင်းဒေသ နမ့်ဆန်မြို့နယ် နမ့်လင်းနှင့် တောင်ကျော်ကျေးရွာ အကြားရှိကျောက်တောတောင်ပေါ် တွင် ခေတ္တ အခြေချနားနေသော တအာင်းတပ်ဖွဲ့ တပ်ရင်း-၂၅၆ အား မြန်မာတပ်ဖွဲ့ ခမရ ၅ဝ၂ နှင့် ၅၀၁ တို့က ထိုးစစ်ဆင်ဝင်ရောက်လာသဖြင့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ကြရာ မြန်မာအစိုးရတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အများအပြား ပြင်းထန်စွာဒါဏ်ရာရရှိကြောင်း ဒေသခံများပြောကြားချက် အရသိရှိရပါသည်။

 မြန်မာစစ်တပ်ဖွဲ့တို့သည် နံက်မိုးမလင်းမီ ၅ နာရီခန့်ကတည်းက ၈၂ မမ၊ ၆၀ မမ လက်နက်ကြီးများတရစပ်ပစ်ခတ် ထိုးစစ် ဆင်လာခဲ့သည့်အပေါ် တအာင်းတပ်တို့က ပြောက်ကျားခံစစ်ဖြင့် ပြန်လည်ခုခံရင်း တိုက်ခိုက်ခဲ့ကြပါသည်။ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီး တအာင်းတပ်ဖွဲ့မှနေရာပြောင်းရွေ့ပြီး နံက် ၈ နာရီခန့်ရောက်မှသာ ပစ်ခတ်မှုများပြီးဆုံးသွားခဲ့သည်။ မြန်မာတပ်ဖွဲ့ အနည်းဆုံး ၇ ဦး ဒါဏ်ရာရရှိပြီး မည်မျှကျဆုံးသည်ကို အတိအကျမသိရှိရသေးပေ။
 
“လူနာ ၇ ယောက်ထမ်းသွားတာတွေ့တယ်။ ရွာသားတွေလည်း ကူထမ်းရတယ်။ နမ့်ဆန်ဆေးရုံမှာ ဆေးသွားကုမယ်။ ဒါဏ်ရာ ကတော့တော်တော်ပြင်းထန်မယ်ထင်တယ်” ဟု လူနာများကိုထမ်းသွားစဉ် မြင်တွေ့လိုက်တော့ တောင်ကျော်ရွာသားတဦးက ပြောပြပါသည်။

တအာင်းတပ်ဖွဲ့တို့သည် ခေးခင်နှင့်နမ့်လင်း ကျေးရွာအုပ်စု နှစ်စုမှဒေသခံရပ်မိရပ်ဖ နှစ်ရာကျော်ကို နမ့်လင်းကျေးရွာတွင် လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လူထုဟောပြောပွဲကို အောက်တိုဘာလ ၁ ရက် နေ့တွင် ပြုလုပ် ကျင်းပခဲ့ပါသည်။ ထိုဟောပြောပွဲအပြီး နောက်ကျေးရွာများသို့ ဟောပြောပွဲပြုလုပ်ရန် နမ့်လင်းရွာမှထွက်လာစဉ် မြန်မာစစ်တပ်မှ အတင်းထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်သည်။

နောက်ဆက်တွဲသတင်း
 တအာင်းတပ်ဖွဲ့ရှိရာသို့ အတင်းထိုးစစ်ဆင်လာသော မြန်မာတပ်ဖွဲ့ ၅၀၁။ ၅၀၂ တပ်ဖွဲ့ နှင့် အပြန်အလှန်ပစ်ခတ်ကြသည့် ကျောက်တောတောင် တိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့ အနည်းဆုံး ၆ ဦး ကျဆုံးပြီး ဒါဏ်ရာရရှိသူ ၁၀ ဦးကျော်ရှိကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။
 
၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၂ ရက်နေ့၊ နံက် ၉း၃၀ နာရီခန့်တွင် တအာင်းဒေသ နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအနီး ပန်ခါးလမ်းခွဲတွင် တအာင်းတပ်ဖွဲ့မှတပ်မှူး တားဟိုပ္လါင် ဦးဆောင်သော T.N.L.A တပ်ရင်း-၂၅၆ နှင့် ဒုဗိုလ်မှူးကြီး မင်းမောင် ဦးစီးသော မြန်မာတပ်ဖွဲ့ခမရ ၅ဝ၂ တို့ နှစ်ဖက် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာ အစိုးရတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁) ဦးကျဆုံးပြီး (၃)ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိကြောင်းဒေသခံ များပြောကြားချက်အရ သိရှိရပါသည်။ 


palaung national

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here