Tuesday, October 16, 2012

အစ္စရေး၏ ဝေဟင်ပိုင်နက်ကာကွယ်ရေးစနစ်အပေါ် အီရန် လှောင်ပြောင်

0 comments
 
အီရန်နိုင်ငံက အစ္စရေး၏ ဝေဟင်ပိုင်နက် ကာကွယ်ရေးစနစ်နှင့် ပတ်သက်ပြီး လှောင်ပြောင်ရန်စလိုက်ကြောင်း သိရှိရသည်။ ယခုလ အစောပိုင်းက အစ္စရေး၏ ကောင်းကင်ယံကို ကျူးကျော်ပျံသန်းခဲ့သည့် မောင်းသူမဲ့ လေယာဉ်သည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများ စေလွှတ်လိုက်ရန် မိမိတို့ ထောက်ပံ့ခဲ့ခြင်းဟု အီရန်က အတည်ပြုခဲ့သည်။

အစ္စရေး၏ ဝေဟင်ပိုင်နက်ကာကွယ်ရေးစနစ်အပေါ် အီရန် လှောင်ပြောင်
အီရန်နိုင်ငံက အစ္စရေး၏ ဝေဟင်ပိုင်နက် ကာကွယ်ရေးစနစ်နှင့် ပတ်သက်ပြီး လှောင်ပြောင်ရန်စလိုက်ကြောင်း သိရှိရသည်။ ယခုလ အစောပိုင်းက အစ္စရေး၏ ကောင်းကင်ယံကို ကျူးကျော်ပျံသန်းခဲ့သည့် မောင်းသူမဲ့ လေယာဉ်သည် ဟစ်ဇ်ဘိုလာ ပြောက်ကျားများ စေလွှတ်လိုက်ရန် မိမိတို့ ထောက်ပံ့ခဲ့ခြင်းဟု အီရန်က အတည်ပြုခဲ့သည်။ အဆိုပါ လေယာဉ်ကို အစ္စရေးလေတပ် တိုက်လေယာဉ်များက ခြေရာခံ ပျံသန်းပြီး နီဂျက်ဖ် သဲကန္တာရထဲတွင် ပစ်ချခဲ့သည်။

လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွတို့ စေလွှတ်ခဲ့သည်ဟု အစ္စရေးက စွပ်စွဲခဲ့သော မောင်းသူမဲ့ လေယာဉ်၏ ဇစ်မြစ်နှင့် ပတ်သက်ပြီး အစိုးရ ရုပ်မြင်သံကြား ဌာန၏ မေးမြန်းမှုကို အီရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် အာမက် ဗာဟီဒီက "အီရန်ရဲ့ စွမ်းဆောင်နိုင်မှုက အရမ်းမြင့်မားနေပါပြီ။ ဒါဟာ အစ္စလာမ် နိုင်ငံတွေရဲ့ အမှုတော်ကို ထမ်းဖို့ လုံလောက်တဲ့ အခြေအနေမျိုးပါ။ အစ္စလာမ် နိုင်ငံတွေရဲ့ ပိုင်နက်မြေတွေကို ကာကွယ်ဖို့ လိုအပ်လာတဲ့ အချိန်မှာ ကျွန်တော်တို့ဟာ သဘာဝကျကျ ခုလို အသုံးပြုမှုတွေ ရှိလာမှာပါ"ဟု ပြောကြားခဲ့သည်။



(အစ္စရေးက ထုတ်ပြန်ခဲ့သည့် ဟစ်ဇ်ဘိုလာတို့၏ မောင်းသူမဲ့လေယာဉ်အား ပစ်ချခဲ့မှုမှတ်တမ်း)

၎င်းက ဆက်လက်၍ "ခုမောင်းသူမဲ့ လေယာဉ် ကိစ္စအတွက် ဟစ်ဇ်ဘိုလာတွေက ကောင်းကောင်း ကြိုတင် ပြင်ဆင်ထားပါတယ်။ ဇီယွန်ဝါဒီတွေကို သူတို့တွေ အကောင်းဆုံး တုံ့ပြန်ပါလိမ့်မယ်"ဟုလည်း ဆိုသည်။ ဗိုလ်ချုပ်အာမက်က နိုင်ငံပိုင်နက် ဝေဟင်ပေါ်တွင် မောင်းသူမဲ့လေယာဉ် ဖြတ်ပျံသွားသည့်အခါ အစ္စရေးတွင် အရာခပ်သိမ်း တုန်လှုပ်ခြောက်ခြားကုန်ကြောင်း လှောင်ပြောင်ခဲ့သေးသည်။ ၎င်းက အစ္စရေး၏ လေကြောင်းကာကွယ်ရေး ဒိုင်းစနစ် Iron Dome System၏ ပျော့ကွက်ကို ထောက်ပြခဲ့ကာ ဇီယွန်ဝါဒီများသည် မွတ်ဆလင်တို့၏ ဒေါသကို မတားဆီးနိုင်ဟုလည်း ပြောဆိုသွားသည်။

အစ္စရေးသည် အောက်တိုဘာ (၆)ရက်နေ့က မြေထဲပင်လယ်ဘက်မှတစ်ဆင့် နယ်ကျော် ပျံသန်းလာသော မောင်းသူမဲ့ လေယာဉ်ကို လူနေထိုင်မှု ကျဲပါးသော နေရာတွင် ပစ်ချခဲ့ပြီး အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက မိမိတို့ ပိုင်နက်မြေကို ခြိမ်းခြောက်လာသည့် မည်သည့် လုပ်ရပ်ကိုမဆို တုံ့ပြန်မည်ဟု ဟစ်ဇ်ဘိုလာတို့အား သတိပေးထားခဲ့သည်။


 Myanmar Express

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here