Tuesday, October 16, 2012

ကျောက်မဲ၌ ကြေးဘုရားရုပ်ပွားတော် ခြေတော်ရင်းမှ ဖြတ်၍ ခိုးယူခံရ

0 comments
အောက်တိုဘာ(၁၆)

 

ရှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲမြို့၌ ကြေးဘုရားရုပ်ပွားတော်တစ်ဆူပျောက်ဆုံးမှုဖြစ်ပွားပြီး နောက်တွင် ဘုရားစေတီများရှိကြေးဘုရားများအတွက် ဒေသခံများက စိုးရိမ်ပူပန်မှုများလျှက်ရှိသည်။

ယင်းကဲ့သို့ ဘုရားရုပ်ပွားတော်ပျောက်ဆုံးမှုမှာ ကျောက်မဲမြို့တည်ရှိခဲ့ပြီး နှစ်ပေါင်း(၈၀)ကျော်အတွင်း ပထမဆုံး အကြိမ် ပျောက်ဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ(၉)ရက်နေ့ညပိုင်းက အမှတ်(၂)ရပ်ကွက် ကျောက်တောင်ရပ်ရှိ အေးစေတီဘုရားတည် ထား ရာ တောင်ပေါ်၌ ဥာဏ်တော်အမြင့် (၁၃)လက်မရှိသော ကြေးဘုရားရုပ်ပွားတော်တစ်ဆူ ကို ခြေတော် ရင်း မှ ဖြတ်တောက်၍ ခိုးယူခံခဲ့ရခြင်းဖြစ်သည်။

“ရပ်တော်မူရုပ်ပွားတော်ရဲ့ အောက်ခြေမှာရှိတဲ့ ဂြိုလ်ပြေနာမ်ပြေ ဘုရားရှစ်ဆူထဲက သောကြာထောင့် က ကြေး ဘုရား ကို ခြေတော်ရင်းကနေ ဖြတ်ပြီး ခိုးယူသွားတာ၊ ရဲစခန်း ကိုတော့ အသိပေးထားတယ် တိုက်ချက်ဖွင့် ထား တာတော့ မရှိပါဘူး´’ ဟု အဆိုပါဘုရားတောင်ပေါ်ရှိ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

အဆိုပါကြေးရုပ်ပွားတော် ခိုးယူခံရပြီင်္းနောက်တွင် ဘုရားများအား ကာရံထားသော သံပန်းများရှိ လူတစ်ယောက် လက်နှိုက်နိုင်အောင် ကျဲနေသော နေရာများကို ထပ်မံကာရံထားလိုက်ပြီး ထပ်မံပျောက်ရှမှုမရှိစေရန် ကာကွယ် ထားကြောင်းကိုလည်း သိရသည်။

“တရားခံကို မြန်မြန်မိအောင်ကြိုးစားပေးစေချင်ပါတယ် မဟုတ်ရင် ဒီလိုပဲ ထပ်ပြီးခိုးခံနေရဦးမှာ၊ တစ်ခြား ပစ္စည်း  တွေကို ခိုးတာကို မမိသေးတာထား ဘာမှမဖြစ်ဘူး ဘုရားရုပ်ပွားတော်ကို ခိုးတာတော့ ဖြစ်နိုင် သမျှ မြန်မြန် မိစေချင် ပါတယ်” ဟု အသက် (၅၅) နှစ်အရွယ်ရှိ ဘုရားဂေါပကတစ်ဦးက ပြောသည်။




MYANMAR LOCAL NEWS

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here