အောက်တိုဘာလ(၇)ရက်
ရှမ်းသတင်းစဉ် Blog နှင့် facebook Page သည် ပြည်ပတွင်ရောက်ရှိ နေသော ရှမ်းတိုင်းရင်းသား လူငယ်များမှ ရှမ်းပြည်နယ် အတွင်းရှိ ဗဟုသုတများ၊ ရှမ်းပြည်နယ် အတွင်းတွင်ဖြစ်ပေါ်နေသော ဖြစ်စဉ်ဖြစ်ရပ် သတင်းများအား ဖြစ်ပျက် နေသည့်အတိုင်း အများပြည်သူ သိရှိစေရေး စေတနာ အမှန်ဖြင့် ဆောင်ရွက်နေသော Blog ဖြစ်ကြောင်း ဦးစွာ အသိပေးလိုပါသည်။
ရှမ်းသတင်းစဉ် Blog နှင့် facebook Page တွင် ရှမ်းပြည်နယ်အတွင်းရှိ ဗဟုသုတရနိုင်ဖွယ်ရာများ၊ အစိုးရလက်အောက်ခံ အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက် အမှား/ အမှန်များ ၊ ရှမ်းပြည်တပ်မတော် ကဲ့သို့သော ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်အမှား/ အမှန်များ၊ ပြည်သူလူထု ထိခိုက်နစ်နာအောင် လုပ်ဆောင်နေမှုများနှင့် ပြည်သူလူထုအကျိုးရှိစေသော လုပ်ဆောင်ချက်များအား မိမိတို့မြင်သည့်အတိုင်း အများပြည်သူများ၏ အကျိုးအတွက် မျှမျှတတ ဖော်ပြပေးနေသော သတင်းစဉ် ဖြစ်ပါသည်။ ထိုသို့ဖော်ပြပေးခြင်းအတွက် ရှမ်းသတင်းစဉ်အနေဖြင့် ပြည်တွင်း၊ ပြည်ပ မည်သည့်အဖွဲ့အစည်း နှင့်မျှ ပတ်သက်ခြင်း မရှိပါ။ မည်သူ့အထောက်အပံ့မှလည်း ရယူလုပ်ဆောင်နေခြင်း မဟုတ်ပါ။ ထို့ပြင် ရှမ်းသတင်းစဉ်အား တစ်စုံတစ်ဦး / အဖွဲ့အစည်းတစ်ခုခုမှ ခိုင်းစေခြင်း၊ တိုက်တွန်းခြင်း မရှိဘဲ ၀ါသနာအရ စေတနာအမှန်ဖြင့် ရှမ်းတိုင်းရင်းသားပြည်သူများ သတင်းအမှန် ဖတ်ရှုနိုင်ရေး ဖော်ပြနေသော သတင်းစဉ် ဖြစ်ပါသည်။
ယခုရက်ပိုင်းအတွင် ရှမ်းသတင်းစဉ်အား ပုတ်ခတ်စွပ်စွဲမှုများကို တွေ့မြင်လာရပါသည်။ လူတို့၏ သဘောသဘာဝအရ မိမိ၏လုပ်ဆောင်ချက် အမှားများကို ဝေဖန်ထောက်ပြလာပါက မကြိုက်ဘဲ ထိုသို့ဝေဖန်ထောက်ပြလာသူကို မိမိ၏ ဆန့်ကျင်ဘက်ဟု မြင်တက်ကြပြီး ပြန်လည် တိုက်ခိုက်တက် သည်မှာ ထုံးစံပင်ဖြစ်သည်။ ယခု ရှမ်းသတင်းစဉ်အား ပုတ်ခတ်လာသူများမှာလည်း ထိုသဘော သဘာဝကြောင့် ပင်ဖြစ်ကြောင်း မိမိတို့မှ ကောင်းစွာသဘောပေါက်ပါသည်။ သို့သော် ထိုပုတ်ခတ်သော ပုဂ္ဂိုလ်များမှာလည်း သတင်းအမှန်များကို သာထုတ်ပြန်နေခြင်း ဟုတ်ပါသလား ။ အဖွဲ့အစည်းတစ်ခုခု၏ လုပ်ဆောင်ချက်များကို ၀ါဒဖြန့်ချင်၍ ထုတ်ပြန်နေခြင်းမဟုတ်ပါလား ဟုပြန်လည်မေးခွန်းထုတ်လိုပါသည်။
သို့သော် ရှမ်း သတင်းစဉ်အား မည်သို့ပင် ပုတ်ခတ်စွပ်စွဲသည်ဖြစ်စေ အလေးအနက်ထားခြင်း၊ ဂရုစိုက်ခြင်းမရှိပါ။ မည်သို့ပင် ပုတ်ခတ် ထင်မြင်သည်ဖြစ်စေ ထင်မြင်နိုင် ပါသည်။ ရှမ်းသတင်းစဉ်အနေဖြင့် မိမိတို့၏ ရည်ရွယ်ချက် စေတနာအမှန် အတိုင်း အများပြည်သူ ဗဟုသုတရရှိရေးနှင့် သတင်းအမှန် ကို အမှန်အတိုင်း သိမြင်စေရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ရှမ်းသတင်းစဉ်မှ ရှမ်းပြည်နယ်အတွင်း လုပ်ဆောင်နေသော အစိုးရ လက်အောက်ခံအဖွဲ့အစည်းများ၊ ငြိမ်းချပ်းရေးအဖွဲ့များ စသည်ဖြင့် အဖွဲ့အစည်းများမှ ပြည်သူလူထုအပေါ် ထိခိုက်အောင် လုပ်ဆောင်ချက်များ၊ ရှမ်းပြည်နယ် အတွင်း ဗဟုသုတရနိုင်ဖွယ်ရာများ၊ အမှုအခင်းများအား ရနိုင်သမျှစုဆောင်း၍ ရှမ်းပြည်သူများ၏ အကျိုးကိုမျှော်ကိုး၍ ဆက်လက်တင်ပြသွားပါမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ရှမ်းသတင်းစဉ်ညီအကိုများ
http://shannnews.blogspot.com/
https://www.facebook.com/pages/Shan-News/137023683111212?fref=ts