ရှမ်းပြည်နယ်၊
ပင်လုံမြို့နယ်ခွဲအတွင်းရှိ ကျေးရွာများအနီးတောင်ကုန်းများတွင် ဘိန်းခင်းများ စိုက်ပျိုးထား
ကြောင်း သိရပါတယ်။ ဘိန်းပင်တွေရဲ့ အရှည်ကတော့ (၁၀)လက်မနဲ့(၁၅)လက်မအကြားမှာရှိပြီး ဘိန်းစိုက်
ထားတဲ့ ဧကကတော့(၁၀)ဧက လောက် ရှိတယ်လို့ ပင်လုံမြို့နယ်ခွဲ ကျူရုံးရွာ မှ ဒေသခံတစ်ဦး က
ပြောသွားပါတယ်။
အဲ့ဒီဘိန်းခင်းတွေရဲ့အနီးမှာ
နေထိုင်ခဲ့သူတွေကတော့ ပအိုဝ့်အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ တပ်ရင်း (၃)မှ မိသားစုဝင်တွေဖြစ်တယ်လို့
သိရပါတယ်။ ဘိန်းခင်းတွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းပေါင်းစုံမှ ၄င်းတို့ အဖွဲ့ပိုင် ဘိန်းခင်းများသာ
ဖြစ်မည်လို့ ထင်ထားခဲ့ကြပေမယ့် ပင်လုံမြို့ အမှတ်(၂)ရပ်ကွက်မှာ နေထိုင်သူ ပအိုဝ့်အသွင်ပြောင်း
ပြည်သူ့စစ်(ဌာနေ)အဖွဲ့ တပ်ရင်း(၃)မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူး ခွန်ရှိုးကတော့
ဒီဘိန်းခင်းတွေဟာ ကျွန်တော်တို့ ပြည်သူ့စစ်အဖွဲ့နဲ့ရော မိသားစုတွေနဲ့ပါ လုံးဝပတ်သက်မှုမရှိဘူးလို့ ငြင်း ဆိုခဲ့ပါတယ်။