Friday, October 5, 2012

နျူသုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်သမ္မတဆို

0 comments
နိုင်ငံတကာ ဖိအားများစွာ ကျရောက်နေသော်လည်း နျူကလီးယား သုတေသန လုပ်ငန်းများကို ရှေ့ဆက်သွားမည်ဟု အီရန်နိုင်ငံက အတည်ပြု ပြောကြားလိုက်သည်။ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်က အင်္ဂါနေ့တွင် မိမိတို့သည် မည်သည့် အခက်အခဲနှင့် ကြုံနေရသည်ဖြစ်စေ ရည်မှန်းချက်ကို နောက်ဆုတ်မည် မဟုတ်ဟု ပြောဆိုသွားသည်။

နျူသုတေသနလုပ်ငန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အီရန်သမ္မတဆို
နိုင်ငံတကာ ဖိအားများစွာ ကျရောက်နေသော်လည်း နျူကလီးယား သုတေသန လုပ်ငန်းများကို ရှေ့ဆက်သွားမည်ဟု အီရန်နိုင်ငံက အတည်ပြု ပြောကြားလိုက်သည်။ အီရန်သမ္မတ မာမွတ် အမာဒီနီဂျက်က အင်္ဂါနေ့တွင် မိမိတို့သည် မည်သည့် အခက်အခဲနှင့် ကြုံနေရသည်ဖြစ်စေ ရည်မှန်းချက်ကို နောက်ဆုတ်မည် မဟုတ်ဟု ပြောဆိုသွားသည်။ လက်ရှိတွင် အနောက်အုပ်စု၏ ပိတ်ပင်မှုကြောင့် အီရန်သည် ငွေကြေးတန်ဖိုး ကျဆင်းမှု အပါအဝင် ပြဿနာပေါင်း မြောက်မြားစွာနှင့် ရင်ဆိုင်နေရသည်။



အမာဒီနီဂျက်က "ကျွန်တော်တို့ဟာ ကိုယ်ရည်မှန်းထားတဲ့ နျူကလီးယား အနာဂတ်အတွက် နောက်ပြန်ဆုတ်မယ့် လူစားတွေ မဟုတ်ပါဘူး"ဟု တီဟီရန်မြို့တွင် သတင်းထောက်များအား ပြောဆိုခဲ့သည်။ သမ္မတက "တကယ်လို့ တစ်ယောက်ယောက်က သူဟာ အီရန်ကို ဖိအားပေးနိုင်တယ်လို့ ထင်မယ်ဆိုရင်တော့ လမ်းမှားလိုက်နေတာ ဖြစ်ပါတယ်။ အဲဒီအခါမှာ သူတို့အကျင့်တွေကို ပြင်ပေးဖို့ လိုပါတယ်"ဟုလည်း ဆိုသည်။ အီရန်တွင် ငွေတန်ဖိုးသည် အရှိန်အဟုန်နှင့် ကျဆင်းနေပြီး လွန်ခဲ့သော (၁)နှစ်ကထက် (၈၀)ရာခိုင်နှုန်း ထိုးကျသွားခဲ့သည်။ တနင်္လာနေ့ တစ်ရက်တည်းတွင်ပင် ငွေလဲနှုန်းမှာ (၁၇)ရာခိုင်နှုန်း ကျဆင်းလာကြောင်း သတင်းများက ဆိုသည်။

အမာဒီနီဂျက်က ယင်းအခြေအနေသည် အနောက်အုပ်စု၏ စီးပွားရေးအရ ဆင်နွှဲသောစစ်ပွဲဟာ ဝေဖန်ထားပြီး ဖြစ်သည်။ အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးကာနေးက တနင်္လာနေ့တွင် အီရန်နိုင်ငံသားများ အနေဖြင့် လက်ရှိ အကျပ်အတည်းများနှင့် ပတ်သက်ပြီး နျူကလီးယား စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်နေသည့် မိမိတို့၏ အစိုးရကိုသာ အပြစ်တင်သင့်သည်ဟု ပြောဆိုသွားကြောင်း သိရှိရသည်။
Myanmar Express

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here