Friday, October 5, 2012

ထိုင်းရုပ်ရှင် ဖွံ့ဖြိုးသည့် အကြောင်း ပြောပြသူ စံရတီမိုးမြင့်

0 comments
ထိုင်းနိုင်ငံ ရုပ်ရှင်ပိုပြီး ဖွံ့ဖြိုးသည်မှာ စက်ပစ္စည်းနှင့် ပံ့ပိုးမှု အားကောင်း ၍ ဖြစ်ကြောင်း သရုပ်ဆောင် စံရတီမိုးမြင့်က ပြောသည်။

”ထိုင်းမှာ ကြော်ငြာ သွားရိုက်တော့ ဒါရိုက်တာ ကလည်း သူရိုက်တဲ့ အပိုင်းလိုပဲ ကြည့်တယ်။ တည်းဖြတ်သူ ကလည်း တည်းဖြတ်ဖို့ အဆင်သင့်ပဲ။ သူတို့ အပိုင်းပဲ သူတို့ ကြည့်တယ်။ ဒီမှာကျတော့ ဒါရိုက်တာ တစ်ဦးတည်းကနေပဲ အကုန် အကွက်စေ့အောင် လုပ်ပေးရတာ ဆိုတော့ လစ်ဟာမှု ရှိတာပေါ့” ဟု စံရတီမိုးမြင့်က ဆိုသည်။ စံရတီမိုးမြင့် သည် မကြာခင်က ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကြော်ငြာ သွားရောက် ရိုက်ကူးခဲ့ကြောင်း သိရသည်။


”စရိုက်တုန်းက သိပ်ပြီးတော့ ဘာမှ မဖြစ်ဘူး။ အမှား အယွင်း လုပ်မိတယ် ဆိုရင်လည်း မှားယွင်းခွင့် ရှိနိုင်သေးတယ်။ အခုတော့ တာဝန် ပိုကြီးလာပြီ။ အခုအချိန်မှာ ကားရိုက်တာ တစ်နှစ်နီးပါး ရှိတော့မယ်။ တစ်နှစ်အတွင်း မှာ ဘာမှ မတက်လာဘူး ဆိုတာ ကိုတော့ အပြောမခံ ရအောင် အမြဲတမ်း ကိုယ့်ရဲ့ဘက်က အတတ်နိုင်ဆုံး ကြိုးစား နေတယ်” ဟု ၄င်းက ပြောသည်။


တစ်နှစ် အတွင်းမှာ အနုပညာ နယ်ပယ်ကနေ အတတ် ပညာတွေ များစွာရရှိသလို ဇာတ်ကား ရိုက်တိုင်း ရိုက်တိုင်း အသိပညာ၊ အတတ်ပညာ တစ်ခု စီကတော့ အမြဲ ရတတ်ကြောင်း စံရတီမိုးမြင့် က ပြောသည်။ ”စိတ်ထားမှုပေါ့။ သရုပ်ဆောင် လုပ်တဲ့အခါမှာ အဓိက က စိတ်ရှည်ဖို့ အရေးကြီး ပါတယ်။ အကုန်လုံးမှာတော့ ပညာတွေ အများကြီး ရှိနေတဲ့ အတွက် တစ်ယောက်ချင်း စီကနေ ပညာတွေ ရသလို အကုန်လုံးကလည်း အများကြီး သင်ကြားပေးကြပါတယ်” ဟု ၄င်းကပြောသည်။ လက်ရှိတွင် ‘လွမ်းတိုင်း မရပ်တဲ့ သံယောဇဉ် ရထား’ ဇာတ်ကား၌ နေမင်း၊ သဉ္ဇာနွယ်ဝင်း တို့နှင့် ရိုက်ကူးနေကြောင်း သိရသည်။


 POPULAR NEWS

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here