ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်....
ဒီစာတွေအားလုံးကို
ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ......
အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :)
ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......
အဆီကျဟင်းရည် ချက်နည်း
ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင် ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ်
(လိုအပ်လျှင်
စွပ်ပြုတ်အခဲ (၁-၂) ခဲ) အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊
အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့
တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့
တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)
အသီးအရွက်များကို
အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊
ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို
ပိုမိုကောင်းမွန်စေပါသည်။ ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။
ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။
အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။
ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ
အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ
အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင်
အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။
(၇) ရက်စားသုံးနည်းအစီအစဉ်ကို
သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက
သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။
ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။ ဤအစီအစဉ်ကို
ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး
ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ
ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ
ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို
သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို
ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။
ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ
အရက်သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏
အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ်
သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး
ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran
နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ
သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃)
ရက်အကြာတွင်တွေ့ရလိမ့်မည်။
အထူးရှောင်ကြဉ်ရန် ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။
ရေ၊
အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့်
အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော
ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။
သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့်
အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို
သင်လိုပါလိမ့်မည်။ ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက်
ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။
ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ
များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။ မည်သည့်ဆေးဝါးမဆို
ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန်
ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ
ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။
Satred
Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ
ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက်
အသုံးပြုသည်။ ပထမနေ့ သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊
ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။
သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု
လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ
စားသုံးခွင့်ရှိပါသည်။
အချိုမပါသော လက်ဖက်ရည်၊ cranberry juice
နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့်
အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်..
ပထမနေ့မှာ
အတော်ခံရခက်ပါလိမ့်မယ်... စိတ်လည်း တိုတတ်ပါတယ်... :) )
ဒုတိယနေ့
ဟင်းသီးဟင်းရွက်များအားလုံး၊
အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို
ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော
ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့်
ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ
ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။
ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး
တစ်ခါစားသုံးခွင့်ရှိပါသည်။
ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို
ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။
(ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်...
ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ......
အဆင်ပြေပါလိမ့်မယ်. .... သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ...
ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့
ကိုရီးယားထမင်းလိပ်တစ်ပွဲဝယ်စားလိုက်ပါတယ်.. အဓိက
ကစိဓာတ်ပါတာချင်းတူတူပဲလေ... . )
တတိယနေ့
ပထမနေ့နှင့်
ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့်
ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့
စားခွင့်မရှိပါ။
စတုတ္ထနေ့
ငှက်ပျောသီးနှင့်
အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ
ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့
ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ
ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ
အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊
ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က
လိုအပ်ပါသည်။ (အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် ....
ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို
အရွက်ကြော်ပဲစားခဲ့ပါတယ်... သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)
ပဉ္စမနေ့
အမဲသားနှင့်ခရမ်းချဉ်သီး။
၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး
လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid
ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို
အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။ (ကြက်သားကို ပြုတ်လိုက်ပြီး
.... ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်.... ညနေဗိုက်ဆာတော့လည်း
ခရမ်းချဉ်သီးပဲစားပါတယ်...... )
ဆဌမနေ့
အမဲသားနှင့်
ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့်
ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး
လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။
အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို
အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ ... ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို
အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်.... ညနေဗိုက်ဆာတော့
ခရမ်းချဉ်သီးပဲစားပါတယ်...)
သတ္တမနေ့
ဆန်လုံးညို၊
အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း
ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့
အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။ (သစ်သီးရည်က ရှာရခက်တာကြောင့်
.... သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..) (၇) ရက်
ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀)
ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။
အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ
ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ
(တစ်ပါတ်ပြည့်တဲ့
အခါ ကိုးပေါင်တိတိကျပါတယ်.... ဒါက ဒီကြားထဲမှာ ကျွန်တော် တို့
ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်... နောက်မုန့်ဟင်းခါး
တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း
တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်.... အဆင်ပြေမှာပါ.... အစပိုင်းမှာ
အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ....
အောင်မြင်ကြပါစေဗျာ.... )
မောင်ကျောက်ခဲ
Saturday, October 6, 2012
Subscribe to:
Post Comments (Atom)