Saturday, October 6, 2012

NLD ပါတီ မှ ငြမ်းစင် ပြိုကျမှု တွင် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုဝင်များအတွက် အလျှူငွေများ ပေးအပ်

0 comments

တောင်ကြီးမြို့  ရွှေတောင်ရပ်ကွက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရပ်ကျေးရုံးခန်း ၌   ငြမ်းစင် ပြိုကျမှု့တွင် ထိခိုက်သေဆုံး သွားခဲ့ကြသော ကျန်ရစ်သူ မိသားစု ဝင်များ အတွက် အလျှူငွေပေးအပ်ပွဲကို ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။

စုစုပေါင်း အလျှူငွေ ၁၁၁၁၀၀၀ ( ဆယ်တစ်သိန်း တစ်သောင်း တစ်ထောင်) ကိုလျှူဒါန်းခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ၊ ၈၈ မျိုးဆက်သစ်ကျောင်းသား(ရှမ်းပြည်နယ်) ၊ မေတ္တာရှင် နာရေးကူညီမူ့အသင်း(တောင်ကြီး) ၊ ရွှေတောင်ရပ်ကွက် ရပ်မိရပ်ဖများမှ စုပေါင်း၍ အလျှူငွေပေးအပ် လျှူဒါန်းခဲ့ကြကြောင်း သိရသည်။

လောကမာန်အောင်ကျောင်းတိုက်  ဆရာတော် ဦးခေမာနန္ဒမှ အလျူငွေ ၅၀၀၀၀(ငါးသောင်း) ကျပ် နှင့် ဆန်အိတ် (၂) အိတ်တို့ကို အသီးသီးလျှူဒါန်းခဲ့ကြပါသည်။

 အခမ်းအနားတွင် ရေစက်ချ အမျှဝေ ခြင်း ၊မေတ္တာပို့ တရားနားခြင်း နှင့် အလျှူငွေ ပေးအပ်ပွဲကို ကျင်းပခဲ့ကြကြောင်းသိရသည်။
“  သူတို့ဘက်မှ အဆင်ပြေအောင် ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းကိစ္စကတော့ ကြည့် စီစဉ်ရမှာပေါ့ ” ပာု သေဆုံးသူ၏ ဇနီး မလှိုင်ဌေး မှ ပြောပြပါသည်။

သေဆုံးသူများသည် ၂.၁၀.၂၀၁၂ ရက်နေ့ ညနေ ၂း၃၀ မိနစ်အချိန်တွင် ငြမ်းစင် ပြိုကျမှုတွင် ထိခိုက်သေဆုံးခဲ့ကြခြင်း ဖြစ်ပြီး သေဆုံးသူ ၇ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၃ ဦး တို့ရှိခဲ့တာလည်း ဖြစ်သည်။

သေဆုံးသူများကို ၄.၁၀.၂၀၁၂ တွင် တိုင်းရင်းပေါင်းစုံ သုသာန် သို့ နေ့လည် ၁၂ နာရီ တွင် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်  မြို့နေ ပြည်သူလူထု အများစုမှ စုပေါင်း၍ လိုက်လံ ပို့အားဆောင်ပေးခဲ့ ကြသည်ပာု သိရသည်။

၎င်း အမှု နှင့် ပက်သက်၍ တာဝန်ရှိသူ ၃ ဦး  ကိုသန့်ဇင်အင်ဂျင်နီယာ (ထွန်းသီရိ ဆောက်လုပ်ရေး ကုမဏီ)၊ ခင်မောင်အေး (လက်ထောက်) ၊ ကျော်စိုး( လက်သမားခေါင်းဆောင်) တို့အား ဒေသဆိုင်ရာ အာဏာပိုင်များမှ ဖမ်းဆီးအရေးယူထားပြီး ဖြစ်သည် သိရသည်။


သစ်ထူးလွင်




Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here