Monday, October 29, 2012

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua လာရောက်တွေ့ဆုံ

0 comments
အောက်တိုဘာ(၂၉)


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အား ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်ဆိုင်ရာ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua သည် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ ညနေပိုင်း (၄)နာရီအချိန်တွင် နေပြည်တော် ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံသည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့် စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua တို့ တွေ့ဆုံနှုတ်ဆက်စဉ်
တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့်အတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua နှင့်အတူ Counsellor Mr. Jang Wei တို့ တက်ရောက်ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး နှင့် စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua တို့ တွေ့ဆုံဆွေးနွေးစဉ်

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် PAP တို့အကြား ဆက်ဆံမှု တိုးမြှင့် ရေး၊ လူငယ်လွှတ်တော်အမတ်များအကြား အပြန်အလှန် လေ့လာရေးခရီးများ ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရှိစေရေးတို့အတွက် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးမှ စင်္ကာပူသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr. Robert Chua အး အမှတ်တရလက်ဆောင် ပေးအပ်စဉ်
 
 
 Myanmar Express 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here