Saturday, October 19, 2013

အင်းလေးကန် ပေါ်ပေါက်လာပုံ

0 comments

ဘူမိဘေဒ ပညာရှင်များ၏ သင်ကြားချက်အရဆိုလျှင် ရှမ်းကုန်းမြေမြင့်ဒေသသည် (Lime stone) ခေါ် ထုံးကျောက်များ ပေါ်ကြွယ်ရာ ဒေသဖြစ်သည်။ မိုးများအဆက်မပြတ်ရွာသွန်းရာတွင် ထုံးကျောက်များ အရည်ပျော်ရာမှ ဖြစ်ပေါ်လာသောပျော်ဝင်ကန် (solution lake) ဖြစ်သည်ဟုဆိုကြ၏။တစ်ချို့သော ဘူမိ ဘေဒ ပညာရှင်များကလည်း အင်းလေးကန်သည် ထုံးကျောက်များကိုရေတိုက်စားခြင်းဖြင့် ရေတိုက်စား ခံရသော နေရာများတွင် ချိုင့်ဝှမ်းဖြစ်ပေါ်လာသောထုံးကျောက်အိုင် ဟူ၍ ဆိုကြ၏

တဖန်တစ်ချို့သော ပညာရှင်များက အင်းလေးကန်၏ တဖက်တချက်ရှိ အက်ကြောင်းကြီး နှစ်ခု၏ အလယ်ထု အောက်သို့ လျှောကျမှုကြောင့် (ထုပြတ်ရွေ့ Block Faulting) ဖြစ်ပေါ် လာသောရေအိုင်ဟူ၍ လည်း ဆိုကြ၏။

မည်သို့ပင်ဆိုစေကာမူ အင်းလေးကန်ကြီးသည် လွန်ခဲ့သော နှစ် ၁၀ သန်းခွဲ လောက်ကပင်ရှိနေပြီဖြစ် သည်။ ထိုအချိန်ကာလ၏ ကန်ရေပြင်သည် ယခုမြေမျက်နှာပြင်ထက် ပေပေါင်း၃၀၀ ခန့် မြင့်သည် ဟု ဆိုသည်။ မည်မျှ ကျယ်သည် မည်မျှ နက်သည်ကိုကား ရေရေရာရာတိတိကျကျ မသိရှိရပေ။ သို့သော် သေချာခိုင်မာစွာ သိရသည်မှာ တဖြည်းဖြည်းနှင့်ကျမ်းမြောင်း တိမ်ကော လာပြီ ဆိုသည့် အချက်ပင် ဖြစ်သည်။

အင်းလေးကန်၏ ထူးခြားချက်မှာ အမာခံ အောက်ကြမ်းပြင်မရှိခြင်း ဖြစ်သည်။စိမ်းညို့ညို့ အရောင်ရှိသော အမှုန်များ စုပေါင်း၍ နွံ အဖြစ်သို့ကူးပြောင်းသွားသော နှုန်းမြေများ ဖြစ်လာကြသည်။ ထိုအမှုန်များတွင်
ထုံးဓါတ်အများအပြားပါဝင် သည်ကို တွေ့ရှိရသဖြင့် အင်းလေးကန် ကြီးသည် ထုံးကျောက် အရေပျော်အိုင်ကြီး ဖြစ်လာသည်ဟူသော ယူဆချက်မှာ အတော်ပင် ခိုင်မာသည်ဟုဆိုနိုင်ပါသည်။

ဘ၀စုံလင်အင်းရေပြင်

အင်းလေးကန်ကြီးသည် နှစ်သန်းပေါင်းရာပေါင်းများစွာမှစတင်ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော ရေအိုင်ကြီးတခုဖြစ်သဖြင့် ဖြတ်သန်းကျော်လွှားလာခဲ့သည့် အချိန်ကာလမှာ ကမ္ဘာနှင့်ချီ၍ ပင် ခိုင်းနှိုင်း လောက်သည်။အင်းရေပြင်သည် မာန်ဟုန်ပြင်းပြင်း ထုထည်ကြီးမားသည့် အချိန်ကာလများကိုဖြတ်သန်း ခဲ့ရသလို ထုထည်သေးငယ်သည့် ရေပြင် တိမ်တိမ်နှင့်လည်း နေခဲ့ရဖူးဟန်ရှိသည်။ လက်ဝဲ လက်ယာ ကမ်းများနှင့် တောင်မြောက် အင်းရေပြင်သည် ဆုတ်လိုက်တက်လိုက်ဖြင့် သံသရာ လည်နေခဲ့ဟန် လည်း တူပေသည်။

လွန်ခဲ့သော နှစ်၁၀၀၀ ကျော်ကလများတွင် ညောင်ရွှေမြို့သည် မပေါ်ထွန်းသေးပါ။ညောင်ရွှေမြို့၏ မြောက်ယွန်းယွန်း လေးမိုင်ခန့်ရှိ ဗောရိဿတ် ဘုရား အနီးတွင်ရှေးဟောင်းမြို့ကြီး တစ်မြို့ ထွန်းကား ခဲ့သည်။ ဧက ၉၇၀ ကျော် ကျယ်ဝန်းကြီးမားသောထိုမြို့ကြီးကို မြို့ရိုးနှင့် ကျုံးတို့က ၀န်းရံထားပါသည်။ ထိုမြို့ကို ဒေသခံများက “မြို့တွင်းကြီး ခေါ် ကောသမ္ဘီ (ကော့ဆမ်ပီ)” မြို့ကြီးဟုခေါ်ဆိုကြသည်။ယခုတိုင် အချို့နေရာများတွင် အုတ်မြို့ရိုးများ ကျန်ရစ်တည်ရှိနေဆဲ ဖြစ်သည်။အေဒီ ၁၀၀၀ ခန့်က ထိုကောသမ္ဘီ ခေါ် (ကမ္ဘောဇ တိုင်းနိုင်ငံ ကြီးသည်) ကြီးမားတန်ခိုးထွားခဲ့လေသည်။ ထိုအချိန်၌ အင်းရေပြင်သည် ယခု လက်ရှိအလျား (၁၄ မှ ၁၂ )မိုင် အနံ (၄ မှ ၅ ) မိုင်ထက် သေးငယ်သည်။ ရေမျက်နှာပြင် ကျင်းသော်လည်းပို၍နက်သည်။ ဤကောသမ္ဘီ မြို့ နိုင်ငံ ကြီးကို မြောက်ဘက်မှ တရုတ်တို့က အေဒီ ၁၁၁၃အလောင်းစည်သူမင်း လက်ထက်တွင် လာရောက်တိုက်ခိုက်ကြရာ စစ်ရှုံး၍ ကောသမ္ဘီမှ ခွာ၍တိမ်းရှောင်သွားကြသည်။ တရုတ်တပ်များ ပြန်ဆုတ် သွားပြီးနောက် မြို့တစ်မြို့ကိုထပ်မံ တည် ကြပြန်သည်။

အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါ လှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည် ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင် ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦး လာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင် နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီး ဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည် ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည ရှမ်းအသံ ထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ် ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။

မြို့တည်နေရာကား ယခု မိုင်းသောက်အင်းရွာနှင့် သလဲဦးရွာ အကြားရှိ ပေပင်အင်းရွာ အနောက် ဘက်တွင် ရမ္မ၀တီမြို့သစ်ကို တည်ထောင်ခဲ့ကြသည်။ ဤဒုတိယ တည်ထောင်ခဲ့ သော ရမ္မ၀တီမြို့သည် သဘာဝဘေးဒဏ်ြေ့ကာင့်ပျက်ခဲ့ရသည်။

ဟဲဟိုးသီခေါင်ပုံးအင်း

ယနေ့ကန်ရေပြင်သည် ရှေးအင်းလေးကန်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပေသည်။ အင်းလေးကန်
ရေပြင်သည် ယခင်က ပထ၀ီ အနေထားမှာ ယခုအတိုင်းမဟုတ်ပဲ ကျယ်ပြန့်ရာ အလျား ၃၈ မိုင်
အနံ ၈ မိုင်ခန့်ထိ ရှိခဲ့သည်။ ရေဦးတိုက်ရွာများ အဖြစ် (၁) ပေါင်းပိန်း (၂)ရေဦး (၃) ဟိုနမ့် နှင့် (၄) ထန့်အိမ်အထိ ရေများ ရောက်သည်ဟု ဆိုကြသည်။ ယခုညောင်ရွှေမြို့နေရာသည်ပင် တချိန်က အင်းရေပြင်ကျယ်ဖြစ်ခဲ့ဖူးသည်ဟု ဆိုကြသည်။ ဤမျှမက ယခု ညောင်ရွှေမြို့မှ ၁၅ မိုင်ခန့်ကွာဝေးသော တောင်နီ ကျေးရွာ (အင်းဦးစေတီ)အထိ တစ်ချိန်က ဦးတိုက်ခဲ့သည်ဟု ဆိုကြသည်။ ဟဲဟိုးသီခေါင် ချိုင့်ဝှမ်းကြီးသည်အရှေ့အင်းခေါင်း ရေထွက်မှ အနောက် ရေဝေါ တောင်နှင့် လက်မောင်းကွေး တောင်တန်းများအထိ (၇)မိုင်(၈)မိုင်ခန့် ရှိသည်။ တောင်နှင့်မြောက်မှာ ၅ မိုင် ၆ မိုင်ကျောရှိပေမည်။ ထိုအချိန်က ဟဲဟိုးချိုင့်ဝှမ်းကြီးသည် ရေပြင်ကျယ်ကျယ်နှင့်တင့်တယ်လို့ နေပါသည်။ ရေဝေါတောင်ပေါက်ထွက်ရာမှ ရေများ အလုံးအရင်းနှင့်အင်းလေးအင်းကြီးထဲသို့ စီးဝင်သွားသည့်အတွက် အင်းလေးအင်းကြီးသည် အလျား ၃၆ မိုင်အနံ ၈မိုင် ထိ ပထ၀ီ အနေအထားသို့ ရောက်ခဲ့ရသည်။ ရေဝေါတောင်သည် ၂ ပိုင်းနီးပါးကွဲအက် ပေါက်သွားရခြင်းကို ဆန်းစစ်ကြည့်သော် သဘာဝ ဘေးဒဏ်ကြောင့်ဟု ယူဆရပါမည်။မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဟဲဟိုးအင်းရေပြင်သည် အရှိန်အဟုန်ပြင်းစွာဖြင့်အဆမတန်မြင့်တက်ခဲ့ဟန်တူပါသည်။ ပြင်းထန်သော ရေအားကြောင့်ပေါက်ထွက်ခြင်း(သို့မဟုတ်) မြေငလျှင် လှုပ်ခါမှြုေ့ကာင့် ကွဲအက်ခြင်းများ ဖြစ်နိုင်ပါသည်။မည်သို့ ဆိုစေကာမူ ဟဲဟိုးသီခေါင်နယ် ငုတ်တောင်ဘက်မှ တောင်ပြိုခြင်းကြောင့် ယခုပုန်းအင်း (ဖုန်းအင်း) ဟု ခေါ်ကြသည့် ဘက်မှ အင်းရေများ ကျဆင်းလာပြီးအရှေ့တောင်ဘက် ညောင်ရွှေအင်းထဲထိ စီးဝင်လာခဲ့သဖြင့် အင်းရေသည် အလျား ၃၆ မိုင်အနံ ၈မိုင် အထိ ပထ၀ီ အနေ အထားဖြစ်ပေါ်ခဲ့ရာ ဒုတိယ ရမ္မာဝတီမြို့ရေအောက်သို့ရောက်ပြီး မြို့ပျက်ရခြင်းဖြစ်ပါသည်။ ဤဖြစ်ရပ်မှန် ကို သိနိုင်ရန်သိပ္ပံနည်းကျ အထောက်အကူ ပစ္စည်းကိရိယာများဖြင့် ဘူမိဘေဒ ကွင်းဆင်း လေ့လာပါက ဖြစ်ရပ်မှန်များ ဧကန်မုချ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ရပါသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင် သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင် အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာ ငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍ နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည် ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမ တို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်း လာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီး ရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန် ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။ နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီး ရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကို ရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသ ဟု အဓိပ္ပာယ် ရပါသည်။

တပေါင်းတန်ခူး ရေကျချိန်၌ အင်းလေးကန် အရှေ့ဘက် သလဲဦးရွာနှင့်မိုင်းသောက်ရွာကြား ပေပင်အင်းရွာ၏ အနောက်ယွန်းယွန်းတွင် ယခုတိုင် ရမ္မ၀တီမြို့ဟောင်းကြီးအား တွေ့မြင်နိုင်ပါသည်။ ဒေသခံ လူများက နန်းတော်ရာဟုခေါ်ဆိုကြသည်။ မြေအောက်သို့ သေချာစွာကြည့်ပါက လူတစ်ဖက်မျှ ကြီးမားလှသည့်တိုင်ကြီးများကို ရေမှော်ရေညှိ များ ဖုံးအုပ်လျှက် တွေ့နိုင်ပါသည်။အင်းလေးအင်းကြီး သေးငယ်စဉ်က ဤမြေရာ သည် ကုန်းမြေ ရမ္မာဝတီမြို့နေရာပင်ဖြစ်ပါသည်။ရမ္မာဝတီ မြို့သူမြို့သားများလည်း ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွေ့လာကြပြီး။မိုင်းသောက် (ရှမ်းအခေါ် မိုင်းဆောက် ၊ မိုင်း = မြို့ ဆောက် = တစ်ထောင်မျှဖြစ်၍ အဓိပ္ပာယ်မှာ မြေနေရာလွန်စွာကျဉ်းမြောင်းလှ၍ နေရာတစ်ထောင်မျှသာရှိသောမြို့ ဖြစ်သည ) တွင် နေထိုင်ကြပါသည်။ ထိုမှ တဖန်အင်းရေ အတော်အတန်ကျသွာသည့် အခါ၌ မြောက်ဘက်သို့ရွေ့ပြောင်းပြီး မြို့ ၂ မြို့ကို မြို့ရိုးများကျုံးများဖြင့် တည်ဆောက်ကြပြန်သည်။ ၄င်းမြို့ ၂မြို့မှာ ဖန်းဖယ် နှင့်မန်ကျည်းစင် ဖြစ်ပါသည်။ ဖန်းဖယ် (ဖာဖယ်) မှာ ရှမ်းဘာသာဖြင့် အမွှာ နှစ်မြို့ဟု
အဓိပ္ပာယ်ရပါသည်။ ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင်စော်ဘွားကြီး ဆီဆိုင်ဖ မှ ယခု ညောင်ရွှေမြို့ကို မြို့ အင်္ဂါရပ် နှင့် အညီတည်ထောင်ခဲ့သည်။ ကောသမ္ဘီ တိမ်ကော ပျက်သုဉ်းပြီး နှစ်ရာပေါင်းများစွာကြာမြင့်လာသောအခါ ရေများလည်း ကျသွားပြီး ကုန်းမြေများပေါ်ထွန်း လာသည်။ ယခု အခါညောင်ရွှေမြို့သည်လည်း ကြီးမားသော ညောင်ရွှေ ချိုင့်ဝှမ်းကြီး၏ အလယ် ဗဟိုဘူမိနက်သန် နေရာမှန် ပြန်ရောက်ကာ တိုးတက်နေပြီဖြစ်ပါသည်။ ညောင်ရွှေသည်ရှမ်းဘာသာဖြင့် ယောင်ဟွေ့ ဟု အသံထွက်ကာ တောင်နှစ်လုံးကြားမှ ကုန်းမြေမို့မို့ဟု
အဓိပ္ပာယ်ရပါသည်။ ရေကျသွားသဖြင့် ကုန်းမြေများ ပေါ်ထွန်းလာခြင်းကြောင့်ဖြစ်သည်။အင်းလေး အင်းကြီးနှင့် အင်း၏ အရှေ့အနောက်တောင်မြောက် လွင်ပြင်များတွင်ရှေးဟောင်းမြို့ကြီးများ လွန်စွာပေါ်များလှသည်။ အချိုမှာ ကွယ်ပျောက်ကုန်ကြပေပြီ။မပျောက်ပျက်သေးသော မြို့ရိုး ၊ အုတ်ရိုး နေရာ တော်တော်များများလည်းကျန်ရှိနေပေသေးသည်။ စေတီပုထိုးရှေးဟောင်း သမိုင်းဝင် အဆောက်အဦးများလည်းလွန်းစွာပေါများလှသည်။ အင်းတ၀ိုက်နှင့် အနီးအနား ဒေသများမှေ၇ှးဟောင်းပစ္စည်းမျးလည်း ပေါ်ကြွယ်လှပေသည်။ ထိုညောင်ရွှေချိုင့်ဝှမ်းဒေသသည် ဤမျှ
ရှေးဟောင်းအမွှေအနှစ်များ ပေါကြွယ်ချင်းမှာ သမိုင်းကြောင်ရှည်လျား၍ယဉ်ကျေးမှုနှစ်ပေါင်းထောင်ချီ၍ ရှိခဲ့သည်မှာ သေချာလှပေသည်။

သမိုင်းကြောင်း

လူများသည် မည်သည့်အချိန်က စတင်၍ အခြေချနေထိုင်ခဲ့ကြသည်ကို ရှာဖွေရာတွင်ရဌ၀တီခေါ် ရပ်စောက်မြို့သမိုင်း စစ်တမ်းအရ မြန်မာ သက္ကရာဇ် ၁၀၁ ခရစ်သက္ကရာဇ် ရ၃၉တွင်သရေခေတ္တရာမှ ဒွတ္တပေါင်မင်းသည် အင်းလေးရှိရေပေါ စံနန်း၌ ခေတ္တလာရောက်စံမြန်းသွားသည်ဟု အထက်မြန်မာနိုင်ငံနှင့် ရှမ်းပြည်နယ် မှတ်တမ်း အပိုင်း၂ အတွဲ ၂ စာမျက် နှာ ၂၆ တွင် “အင်းလေးမြန်မာစကား” စာတမ်းတွင် ဖော်ပြထားသည်။ထိုကြောင့်မြန်မာနိုင်ငံတွင် အစောဆုံးလာရောက်အခြေချ နေထိုင်သောပျူလူမျိုးတို့နှင့် အဆက်သွယ် ရှိခဲ့ဟန်တူပါသည်။ အင်းလေး ဒေသညောင်ရွှေချိုင့်ဝှမ်း လွင်ပြင်ကြီးသည် အေဒီ ၇၀၀ လောက်ကပင် ယဉ်ကျေးမှုထွန်းကားပြီး အခြား ဒေသမှ မင်းနှင့် လူသူ အရောက်ပေါက်ရှီသည်ကို ပြဆိုနေပါသည်။

ရွှေသန်းတောင်ဘုရားကျောက်စာတွင် သက္ကရာဇ် ၃၇၉ (၁၁၇ အေဒီ) တွင်အနော်ရထာမင်းကြီးသည် ရွှေသန်းတောင်ဘုရားကို တည်တော်မူသည်။ ဒုတိယစည်သူခေါ်နရပတေ့စည်သူမင်းကြီးက ထပ်မံ ပြုပြင် တည်ဆောက်၍ ကျွန်သီးတော်များ ၀တ်မြေများကိုလှူပြန်သည်။ ရွှေအင်းတိန်ဘုရားကျောက်စာတွင်လည်း အနော်ရထား မင်းမှ စ၍အလောင်းစည်သူ အင်းဝရွှေနန်းကျော့၇ှင် စသည့်မင်းများက စေတီပုထိုးများပြုပြင်ခြင်း ထပ်မံ အသစ်တည်ထောင်ခြင်း ကျွန်သီးတော်များနှင့်ဝတ်မြေများလှူဒါန်းခြင်းတို့ကို ဖော်ပြထားပါသည်။

ညောင်ရွှေချိုင့်ဝှမ်းနှင့် အင်းလေးအင်းကြီး၏ ယဉ်ကျေးမှုသည်နှစ်ထောင်ချီရှိနေသည့် အစားထိုးမရသော သမိုင်းဝင် အဖိုးတန်ရတနာတစ်ခုဖြစ်၍နေပါသည်။

မည်သည့်လူမျိုးများ မျိုးနွယ်စုများ စတင်၍ အခြေချနေထိုင်သည်ကိုပြန်ဆန်းစစ်ကြည့်ပါက အလောင်းစည်သူမင်း တိုင်းခန် လှည့်လည်စဉ် ကရ၀ိတ်ဖောင်တော်ပါလှေတော်သား ငထောင်နှင့် ငနောင် ကျန်ရစ်ပြီး ရွာများ တည်ထောင်နေထိုင် ကြသည်ဆိုသော ဒဏ္ဍာရီ ဆန်ဆန်အဆိုနှင့် စရမည်ဖြစ်ပါသည်။ ခရစ်သက္ကရာဇ် ၁၃၅၉ တွင်ညောင်ရွှေမြို့တည် စော်ဘွားကြီး ဆီဆိုင်ဖထံ သို့ ထားဝယ်မှ ညီအစ်ကို နှစ်ဦးလာရောက် ခစားရင်း ရေပြင်ကျယ် နှင့် သာယာလှပသော တောင်တန်းကြီးများကို တွေ့မြင်နှစ်သက်သဘောကျ သဖြင့် နေထိုင်ခွင့် ပြုပါရန် လျှောက်ထားပြီး
နေထိုင်ခွင့်ရသဖြင့် ၄င်းတို့၏ နေရပ်ထားဝယ်သို့ ပြန်ပြီးဆွေမျိုးသားချင်းများမှ မိသားစု ၃၆ စုကို စုစည်း၍ ညောင်ရွှေသို့ ပြန်လည်ရောက်ရှိလာသဖြင့် စော်ဘွား နန်းသဲ နေရာတွင် နေထိုင်ခွင့်ပြုတော်မူသည်။ နန်းသဲသည်ရှမ်းအသံထွက်ဖြင့် နန့်ဆိုင်း ဟုခေါ်ပြီး ရေကြည်သော သဲချောင်း ဟု အဓိပ္ပာယ်ရသည်။ထိုမှ တဖြည်းဖြည်းနှင့် အင်းလေးကန် ဘေးဝဲယာသို့ ပျံ့နှံ့သွားသည်ဟု အမတ်ချုပ်ဦးငြိမ်း၏ ညောင်ရွှေမြို့ရာဇ၀င်ချုပ်တွင် ဖော်ပြထားသည်။

အင်းလေးအင်းကြီးသည် ရှေးယခင်က အင်း(၄)ရွာဟု ခေါ်ဆိုကြောင်း သက္ကရာဇ် ၁၆၃၇ တွင်သာလွန်မင်းတရားကြီး လက်ထက် ရှမ်းဒေသရှိမြို့ ပေါင်း ၁၇၅ မြို့ကို ဖော်ပြရာတွင်အင်း ၄ ရွာဟု ဖော်ပြထားပါသည်။ တဖန် ၁၈၅၂ အင်းလေးစစ်တမ်းပုရပိုက်တွင် အင်း ၄ ရွာငွေခွန်မှူးငစံတင် အုပ်ချုပ်စီရင်သည် ဟု ပါရှိသည်။ ခေတ်များပြောင်း၍နှစ်များကြာလာသောအခါ အင်း ၄ ရွာ မှ အင်းလေး ဟု ဖြစ်ပေါ်ဆင်းသက် လာခဲ့သည်ဟုယူဆမိပါသည်။

မူလအင်း ၄ ရွာသည် (၁)ရွာကြီးဗန်းပုံ (၂)နန်းပန်ရွာ (၃)နောင်တောရွာ (၄)ဟဲယာရွာမတို့ဖြစ်ပါသည်။ နောင်သောအခါ လူဦးရေ တိုးပွားလာပြီး အခြားရွာများပေါ်ထွန်းလာကြခြင်းဖြစ်ပါသည်။ ရွာကြီးဗန်းဗုံ ကို ရှမ်းအသံဖြင့် ၀မ့်လုံ ဟုခေါ်ဆိုပြီးရွာကြီးဟု အဓိပ္ပာယ်ရပါသည်။ နန်းပန်ရွာ ကို ရှမ်းအသံထွက်ဖြင့် နမ့်ပန်ဟုခေါ်ဆိုပြီး ရေ၀ဲများရှိ၍ ရေများဝဲကတော့ ထိုးသော နေရာဒေသ ဟု အဓိပ္ပာယ်ရပါသည်။
နောင်တောရွာကို ရှမ်းအသံထွက်ဖြင့် နောင်တောင်း ဟု ခေါ်ဆိုပြီးရေမှော်ရေညှိများရှိသော နေရာ ဒေသ ဟု အဓိပ္ပာယ်ပါသည်။ ဟဲယားရွာမကိုရှမ်းအသံထွက်ဖြင့် ဟိုင်းယ ဟုခေါ်ဆိုပြီး ဆေးဖက်ဝင်အပင် များ ပေါများသော နေရာဒေသဟု အဓိပ္ပာယ် ရပါသည်။

အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ပအိုဝ်းများ စုပေါင်းညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့်ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှုပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခုတိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။

အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မားလှပေသည်။ ရေတွင် နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ ရောင်းချနိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည်ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသောနေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက်ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေး၏ ကံကြမ္မာ

လူသားနှင့် သဘာဝတောတောင်ရေမြေ တို့၏ ပဋိပက္ခကား ကမ္ဘာနှင့် အ၀ှမ်းကြုံတွေ့နေရသော
အဆုံးမသတ်နိုင်သည့် အားပြိုင်မှုဖြစ်သည်။ အင်းလေးကန် နှင့် ၄င်း၏ပတ်ဝန်းကျင်သည်လည်း လူသားတို့ ဖန်တီးနေသော ဘေးအန္တရာယ် အောက်ရောက်နေသည်ဟုဆိုလျင်မမှားနိုင်ပေ။ ဟိုယခင်ရှေးခတ်၌ အင်းလေးဒေသ ၀န်းကျင်တွင် လူနေအိမ်ခြေ နည်းပါးကာရေခြံများ ကျွန်းမျောစိုက်ခင်းများ မထွန်းကား သေးပေ။ ဘေးဘယ်ညာနှင့် မြောက်ဖက်မှစီးဝင်သော ရေချောင်းရေမြောင်းများသည် သစ်တော သစ်ပင် ထူထပ် ၍ရေစီးရေလာအားကောင်းသည်။ သစ်မြစ်များသစ်ပင်များကြောင့် နှုန်းပါဝင်မှုအားနည်းနည့်အတွက် ရေချောင်းများကြည်လင် ၍ အင်းလေးကန်ကြီး သို့ ရေစီးဝင်မှုအားကောင်းခဲ့သည်။

၁၉၁၅ ခုနှစ်ခန့်တွင် ညောင်ရွှေမြို့ မှ ကျီးဖြူကန် သို့ ကျီးဖြူချောင်းဖြင့်ရေလမ်းဖောက်ခဲ့သည်မှာ ကျီးဖြူကန်မှ နမ့်ပန်ရွာ အထိဖြစ်သည်။ ကျီးဖြူကန်ကိုဆည်တည်ဆောက်၍ အပြီးတွင် ညောင်ရွှေစော်ဘွားကြီး ဆာစောမောင်သည် ညောင်ရွှေမှကျီးဖြူကန် ချောင်းအတိုင်း ဆွဲလှေများဖြင့် စော်ဘွားကြီး၏ စီးတော်လှေကို ဆွဲကာကန်ဖွင့်ပွဲ ကျင်းပခဲ့သည်။ ကျီးဖြူကန်၌ ပြိုင်လှေ ၂၄ စင်းပါဝင်သော လှေပြိုင်ပွဲကျင်းပခဲ့ကြောင်း လည်း မှတ်သားရပါသည်။

အင်းလေးဒေသသည် နောင်သားခေါ် အင်းသားများ နှင့် ရှမ်းများ ၊ ဓနုများ ၊ ပအိုဝ်းများ စုပေါင်းညီညာစွာ တည်ထောင်၍ စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ဖြင့် ရှေးကာလမှပင် စတင် နေထိုင်ခဲ့ကြပါသည်။ ယဉ်ကျေးမှု ၊ အနုပညာ ၊ စာပေ ၊ လက်မှု ပညာများကို တစ်ဦးနှင့် တစ်ဦး ဖလှယ်ရင်း အတူတကွ ကြိုးစားလာကြသည်မှာ ယခု တိုးတက်သော အင်းလေးဒေသ ဖြစ်ပေါ်လာသည်အထိ ဖြစ်ပါသည်။

အင်းသူအင်းသားတို့၏ ဇွဲလုံ့လနှင့် ဥာဏ်ပညာမှာ သူမတူထူးခြားစွမ်းရည်မြင့်မား လှပေသည်။ ရေတွင် နေထိုင်၍ သီးနှံများကို ကျွန်းမျောများဖြင့် စိုက်ပျိုး၍ ရှမ်းပြည်နယ် သာမက မြန်မာနိုင်ငံတစ်နိုင်ငံလုံး သို့ ရောင်းချ နိုင်စွမ်းရှိပါသည်။ အင်းသီး ဟုပြောလိုက်လျင် ခရမ်းချဉ်သီးကို မသိုမရှိပေ။ လက်မှု ပညာ အနေဖြင့်လည်း အင်းပိုးထည်မှသည် အင်းလေးလွယ်အိတ် ၊ အင်းလေးပင်နီ ဖျင်ထည်များသည် မြန်မာနိုင်ငံကို ကျော်ပြီး ကမ္ဘာတလွှားတိုင်ကျော်ကြား လှပေသည်။ စာပေလောကတွင်လည်း ရှေးမြန်မာမင်းများလက်ထက်မှ စတင်၍ စာဆိုတော်ထွက် ထင်ကြီးမှသည် ယခုတိုင် ညောင်ရွှေအင်းလေးဒေသမှ စာရေးဆရာ ကဗျာဆရာများ အလွန်ပေါများစွာ ရှိခဲ့ ၊ ရှိနေဆဲ ဖြစ်ပါသည်။ ထိုသို့ ဘက်စုံအဘိုးထိုက် အဘိုးတန်သော နေရာ ဒေသအင်းလေးကန်ကြီး မကြာမီ ပျောက်ကွယ်သွားတော့မည် ၊ လူထုမနေနိုင် ၊ စိုက်ပျိုးရေး မလုပ်နိုင်သည့် ရွှံနွံထူထပ်သောကိုင်းတောများ ဖုံးလွှမ်းနေသော နေရာကြီးတစ်ခု ဖြစ်သွားမည် ဆိုလျင် နောင်လာနောက်သား မျိုးဆက်သစ် များအတွက် ရင်လေးဖွယ်ရာ အတိပင် ဖြစ်ပေတော့သည်။

အင်းလေးကန်၏ ကန်ဘောင်ရိုးသဖွယ် ညောင်ရွှေမြို့နယ် အရှေ့နှင့် အနောက် ၊တောင်နှင့်မြောက် တောင်တန်းကြီးများက စီတန်းကာရံလျက် ရှိပါသည်။ ကန်ကြီးအတွင်းသို့ စီးဝင်သော ချောင်းမြောင်း များမှလည်း အလွန်များပြားလှသည်။ထိုချောင်းမြောင်းများမှ ရေနှင့် နုန်းမြေနုများ ၊ မြေဆီမြေသြဇာများကိုပေးဝေခြင်းဖြင့် လူထုကို အကျိုးပြု၏။ သို့သော် တောင်တန်းများ၌ သစ်ပင်သစ်တောများနည်းပါးလာသည့်အတွက် မြေဆီမြေသြဇာကင်းမဲ့သော မြေနီမြေစေးများသည်
အင်းလေးကန်ကြီးနှင့် လူထု အကျိုးပြုခြင်းထက် တိမ်ကောပပျောက်ရန် အတွက်သာ
ဖြစ်လာတော့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here