Tuesday, October 16, 2012

Miss International 2012 ပြိုင်ပွဲဝင် နန်းခင်ဇေယျာ အတွက် မဲပေးသူ 5,612,161 ဖြင့် ဦးဆောင်နေ

0 comments

Tuesday, 16 October 2012 

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ယခုလ ကျင်းပနေသော ကမ္ဘာ့နိုင်ငံပေါင်း ၆၉ နိုင်ငံမှ အလှမယ် ၆၉ ဦးပါဝင်ယှဉ်ပြိုင်နေသည့် Miss International 2012 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု၍ ရှမ်းပြည်နယ် တောင်ကြီးမြိုက ပအိုဝ်းတိုင်းရင်းသူ နန်းခင်ဇေယျာ ၀င်ရောက်ယှဉ်ပြိုင်လျက် ရှိပါသည်။

အောက်တိုဘာ ၁၆ ရက် အထိ Miss International ပြိုင်ပွဲ Miss Internet Award ဆုအတွက် အင်တာနက်မှတစ်ဆင့် မြန်မာ ကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာ အတွက် ၀င်ရောက်ကြည့်ရှု မဲပေးသူ အရေအတွက်မှာ 5,612,161 ကျော်ရှိပြီဖြစ်သည်ဟု သိရှိရသည်။

နာမည်ကြီး စာရေးဆရာတစ်ဦး တက္ကသိုလ်ဘုန်းကြွယ်မှ ရေးစပ်ပေးထားသည့် ကဗျာတစ်ပုဒ်မှာ "နိုင်ငံတကာ အလှပဂေး၊ ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ရွေး။ အယဉ်ကျေးဆုံးနဲ့ အလှဆုံး၊ မြန်မာ့အလှမယ် ကျက်သရေဖုံး၊ နန်းခင်ဇေယျာ မက်မပြေ အပြုံး…။ "
အောက်တိုဘာ ၉ ၂၀၁၂ ခုနှစ်

နောက်ပြီးတော့ အွန်လိုင်းကနေတဆင့် ၀င်ရောက်ကြည့်ရှု မဲပေးသသူတို့၏ အမြင်များကတော့

Waje Laseng "အခုလို မြန်မာနိုင်ငံကိုယ့်စား မြန်မာပြည်သူပြည်သား အားလုံးအတွက် ပါဝင်ရှင်ပြိုင်ခြင်းဖြစ်တဲ့အတွက်ကြောင့် အားလုံးဂုဏ်ယူစရာလည်းဖြစ်တယ်။ ဝေဖန်စရာ အကြောင်းလည်းမရှိပါဘူး၊ ၀မ်းသာစွာပဲ အားပေးနေပါတယ်။"

Nay Zaw Aung "အမ နန်းခင်ဇေယျာ ရေ ဂျပန်နိုင်ငံအထိ နိုင်ငံတကာအလှမယ် ပြိုင်ပွဲကိုတော့ ကျနော်တို့က သွားမကြည့်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံ နဲ့ကိုယ့်လူမျိုးအတွက် တောင်ကြီး ကနေ အမြဲတမ်းဂုဏ်ယူ အားပေးနေပါတယ်။"

Aung Chit " အောင်မြင့်မှု့ အတွက်..အားလုံးက.. မျှော်လင့်နေကြတယ်နော်...။ "

Aung Khing "အဝေးရောက် ညီမလေး နန်းခင်ဇေယျာ အတွက် ကိုယ်စိတ် ကျန်းမာ၊ ချမ်းမြေ့ပျှော်ရွှင်စွာ အောင်နိုင်ပါစေ!"

နန်းခမ်းဗွာ (တောင်ကြီး)
"နိုင်ငံတကာမှာ ယဉ်ကျေးတဲ့ တို့မြန်မာ သမီးပျိုလေးတွေ ဂုဏ်သိကွှာရှိရှိနဲ့ အောင်မြင်နိုင်ပါစေ။ "

Aye Min "သူမ အပြုံးက အပြစ်ကင်းစင်သလို မြင်ရသူအဖို့ အေးချမ်းစေပါတယ်။ ၂၀၁၂ ခုနှစ်ကတော့ သူမအတွက် ဖြစ်ခဲ့ပါပြီ။ စိတ်ထားလှသူရဲ့ အောင်ပွဲဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ "

နန်းခင်ဇေယျာ သူမ၏ ကိုယ်တိုင်လက်ရေးဖြင့် တင်ထားသည့် စားသားကတော့
"Thank you all the supporter
Thanks for everything and love you all from Okinawa (Japan) "

Nang Khin - 13 October 2012

အိုကီနာဝါက Miss International 2012 ပြိုင်ပွဲဝင် အလှမယ်များကို အင်တာနက်မှတစ်ဆင့် တရားဝင်မဲပေးနိုင်ရန် www.miss-international.org ၏ Flickr (http://www.flickr.com/photos/64086169@N03/sets/72157631640709082/ ) စာမျက်နှာတွင် ပြုလုပ်ထားပြီး အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး မဲပေးနိုင်ကြောင်း သိရှိရသည်။

Profile
အမည်ရင်း - နန်းခင်ဇေယျာ
အသက် - ၂၃ နှစ်၊
အရပ် - ၅ ပေ၊ ၆ လက်မခွဲ
လူမျိုး - ပအိုဝ်း
ဇာတိ - ရှမ်းပြည်နယ်၊ တောင်ကြီးမြို့
မိဘအမည် - ဦးအောင်မြတ်-ဒေါ်ဖြူဖြူခိုင်
ပညာအရည်အချင်း - BA (LLB)
ရရှိပြီးသည့်ဆုများ - Miss Myanmar International
From - taunggyitime

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here