တိုင်းဆာခေါ် မိုင်းသာသျှမ်း
လူမျိုးများသည် အထက် မြန်မာပြည်မြောက်ပိုင်း ဒေသများနှင့် မိန်းမောခေါ်
ယခုယူနန်ဒေသတွင် အနေများပြီး ၎င်းတို့ကို ကချင်လူမျိုးများ
မုန်ဆာဟုခေါ်ကြသည်။ သျှမ်းအချို့ကလည်း တိုင်းမိုင်းဆာဟု ခေါ်ဆိုကြသည်။
၎င်းသျှမ်းလူမျိုးတို့သည် အမျိုးသမီးများသည် အနက်ရောင် ခေါင်းပေါင်း
အနက်ရောင်အင်္ကျီ အနက်ရောင် လုံချည်ကို ၀တ်ဆင်သည်။ ခေါင်းပေါင်းတွင်
ငွေပန်းခက်၊ သို့မဟုတ် နှင်းဆီပန်းပန်းဖြင့် တန်ဆာဆင်လျှက်ရှိသည်။
အကျီင်္မှာ မတိုမရှည် လက်ကောက်ဝတ်အထိ ရှည်သည်။ ငွေကြယ်သီး သို့မဟုတ်
ရွှေရောင်ကြယ်သီးကို အသုံးများသည်။ ထမိန်အောက် အစနားသားကို
နှစ်ထပ်ချုပ်ထားသည်။ ငွေခါးပတ်သို့မဟုတ် အ၀တ်ခါးပတ်ကို သုံးလေ့ရှိသည်။
အကျီင်္၏ ညာဘက်ရင်အုံတွင် ငွေဆွဲကြိုးအတွဲလိုက် ချိတ်ဆွဲဝတ်ဆင်ကြသည်။အမျိုးသားများကမူ သျှမ်းလူမျိုးများဝတ်ဆင်သည့်နည်းအတူ သျှမ်းဘောင်းဘီနှင့် လည်တောင် ပါတိုက်ပုံအင်္ကျီကိုဝတ်ဆင်ကြပါသည်။ နက်ပြာရောင်ကို အ၀တ်များပါသည်။ အဖြူရောင်ခေါင်းပေါင်းကို ခေါင်းပေါင်းစတစ်ပိုင်းချ၍ ပေါင်းသည်။ ခေါင်းပေါင်းပေါ်တွင် ဒေါင်းမြီးကွက်များကို အလှအဖြစ် ထိုးစိုက်ဝတ်ဆင်လျှက်ရှိသည် ရှေးပဝေသဏီကာလမှ စ၍ မွန်ဂိုကုန်းပြင်မြင့်မှ မွိန်ဂိုလွိုက် မျိုးနွယ်များ နည်းတူ တောင်ဘက်ရှိ သျှမ်းပြည် နမ့်ခမ်း ကျိုင်းတုံ ရွှေလီမြစ်ဝှမ်းတလျှောက် ဗန်းမော်ခရိုင် တာပိန်မြစ် တလျှောက်တို့တွင် အများဆုံးနေထိုင်ကြသည်။
မြန်မာနိုင်ငံ လွပ်လပ်ရေးမရမီ ၁၉ ၃၀ ခုနှစ် ကောက်ယူရရှိသော သန်းခေါင်းစာရင်း တွင် တိုင်းဆာ လူဦးရေမှာ ၂၉ ၁၈၃ ဦးရှိပြီး အခြားလူမျိုးစု တိုင်းရင်းသား ကြားတွင် ရောနှောနေထိုင် လျှက်ရှိကြောင်း ဖေါ်ပြထားသည်။ တနေရာထဲတွင် နှစ်ပေါင်းများစွာ အခြစိုက်နေထိုင်ခြင်း မရှိဘဲ ရေကြည်ရာ မြက်နုရာ သို့ ပြောင်းရွေ့နေထိုင်ကြသည်။ ယခုအခါ တောင်ကြီးလာရှိုး၊ မူဆယ် သိန္နီ၊ သီပေါ၊ ကွတ်ခိုင်၊ မိုးမိတ်၊ မိုးကောင်း၊ မိုးညှင်း၊ ၀ိုင်းမော်မြို့တို့တွင်နေထိုင်ကြပြီး ပါတ်ဝန်းကျင် အမျိုးမျိုးကို ထိတွေ့ ပေါင်းစပ် နေထိုင်ခဲ့သူများဖြစ်၍ ဘာသာစကားမျိုးစုံ တတ်ကျွမ်းသူများကြောင်း တွေ့ရသည်။
တိုင်းဆာတို့သည်။
ငွေပန်းတိမ်အတတ်နှင့် ပန်းပဲအတတ်တို့တွင် များစွာ
ကျွမ်းကျင်သူများဖြစ်သည်။ အထူးသဖြင့် ကချင်ရိုးရာ အဆောင်
အယောင်များဖြစ်သည့် ငွေဓါးလွယ်နှင့် ကချင်အမျိုးသမီးများ၏ အလှဆင်
တန်ဆာငွေမောင်းသည် တိုင်းဆာခေါ် မိုင်းသာ လူမျိုးများလက်ရာဖြစ်သည်။
ကိုယ်ပိုင်ဘသာစကား သုံးစွဲသော လူမျိုးဖြစ်ပြီး ရှေးဟောင်းစာပေမှာ
တိုင်းလေသျှမ်းစာများဖြစ်သည်။
ဗုဒ္ဓဘာသာကို
ကိုးကွယ်ယုံကြည်ကြပြီး ရိုးရာယဉ်ကျေးမှုအနေဖြင့် ရွာစောင့်နတ်
နယ်စောင့်နတ် လယ်စောင့်နတ် အခြားနတ်မြတ်နတ်ကောင်း များကို ပူဇော်ပသသည့်
အလေ့ရှိသည်။ အလှူမင်္ဂလာပွဲ၊ ရှင်ပြုရဟန်းခံပွဲ၊ အိမ်းသစ်တက် မင်္ဂလာ၊
ရုပ်ပွားတော် ရေစက်ချပူဇော်ပွဲ၊ ပိ ကတ်ကျမ်းစာလှူပွဲ၊
ဆွမ်းတော်စုပေါင်းကပ်လှူပွဲ ဘိုးဘွား မိဘပူဇော်ပွဲ (လိန်ဇင်ပွဲ) များကို
အချိန်ရာသီ အလိုက် ကျင်းပပြုလုပ်လေ့ရှိသည်။ ရိုးရာဗေဒင်များကို
ယုံကြည်မှုရှိပြီး ပစ္စည်းပျောက် ကျန်းမာရေး စီးပွားရေး အခြေနေအနေများ၊
အိမ်ဆောက် ကျောင်းဆောက် နေ့ရက်နေရာများကို ကြက်ရိုးဗေဒင် မေးလေ့ရှိပါသည်။
Photo; Ying Hseng Lao
ယနေ့
အထက်မြန်မာပြည် မြောက်ပိုင်းတွင်ရှိသော ကသာမြို့ကို ရှေးအခါက
မိုင်းသားသျှမ်းများ မန့်မောလို့ခေါ်တဲ့ ယခု ဗန်မော်မြို့မှ
သစ်ကျားသီးများ လာရောက်ရောင်းချရာ ကပ်ဆာ ဟုခေါ်ဆိုရာမှ ကသာသို့
ပြောင်းလည်း လာခြင်းဖြစ်သည်။
(
ကပ်သည်သျှမ်းလို့ ဈေးဖြစ်ပြီး ဆာသည် မိုင်းသာသျှမ်း သို့မဟုတ်
တိုင်းဆာလူမျိုး ကိုဆိုလိုသည်။ မိန်းသာသျှမ်းများ ဈေးလာ ရောင်းချ
သောနေရာ ကပ်ဆာ) ဟုခေါ်ဆိုရမှ ကာလကြာရှည် လာသောအခါ ကသာဖြစ်လာသည်။
သျှမ်းသျှမ်း ရွှေအိုးငွေးအိုးထမ်း



