Monday, October 1, 2012

Samsung ဟန်းဆက်များတွင် အချက်အလက်များကို အဝေးထိန်းစနစ်ဖြင့် ဖျက်နိုင်သည့် အားနည်းချက်ရှိဟုဆို

0 comments
Samsung Galaxy S2 နှင့် S3 အသုံးပြုသူများသည် ချို့ယွင်းချက်တစ်ခုကြောင့် ၎င်းတို့၏ device မှ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ဖျက်ပစ်ခံရနိုင်ကြောင်း အဆိုပါ ချို့ယွင်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည့် လုံခြုံရေးသုတေသီ တစ်ဦးက ပြောကြား ခဲ့သည်။ 
အင်တာနက်ပေါ်တွင် ပျံ့နှံ့နေသည့် အန္တရာယ်ရှိသော code များသည် နာမည်ကျော် ဟန်းဆက်များကို factory reset ပြုလုပ်နိုင်ကြောင်းဘာလင်နည်းပညာတက္ကသိုလ်၏ လုံခြုံရေး ဆက်သွယ်မှုဌာနမှ သုတေသီဖြစ်သူ Ravi Borgaonkar က အာဂျင်တီးနားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Ekoparty လုံခြုံရေးကွန်ဖရင့်စ်တွင် အထက်ပါ အားနည်းချက်အား သရုပ်ပြသခဲ့သည်။
အဆိုပါ အားနည်းချက်သည် ဟန်းဆက်၏ keypard ပေါ်တွင် command များလုပ်ဆောင်သည့် unstructured supplementary service data (USSD) code များနှင့် ချိတ်ဆက် လုပ်ဆောင်သည့် Samsung ၏ TouchWiz UI တွင် တည်ရှိကြောင်း သိရသည်။ Borgaonkar သည် Samsung Galaxy S3 မှတစ်ဆင့် Web link, QR code, NFC connection နှင့် SMS တွင် code တစ်ခုထည့်သွင်းကာ အားနည်းချက်အား အသုံးချပုံကို သရုပ်ပြသခဲ့ရာတွင် permission မေးမြန်းခြင်းမရှိဘဲ ဖုန်း factory reset code ကို မှန်ကန်စွာ ပြုလုပ်နိုင်ခဲ့ ကြောင်း သိရသည်။
Ref: CNET Asia
From-NewsofMyanmar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here