Friday, October 26, 2012

အားလုံးမျှော်လင့်စောင့်စားနေသော Window 8 ယနေ့ ထွက်ပြီ

0 comments
အောက်တိုဘာ(၂၆)



ကဲ လည်ပင်းရှည်အောင် စောင့်နေခဲ့ရတဲ့ ဝင်းဒိုး-၈ တော့ မနက်ဖြန်ထွက်လာပါတော့မယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ ဝင်းဒိုးစ် စတိုးဆိုင်တွေနဲ့ PC တွေမှာ ဝင်းဒိုးစ်-၈ ကို မနက်ဖြန် (၂၆.၁၀.၂၀၁၂) နေ့ကနေ စပြီး ဝယ်ယူ အသုံးပြုနိုင်ကြတော့မယ်လို့ ဒီနေ့မှာပဲ မိုက်ခရိုဆော့ဖ် ကုမ္ပဏီက တရားဝင်ကြေညာလိုက်ပါတယ်။ 

"ကျွန်တော်တို့ ဝင်းဒိုး-၈ ကို အံ့အားသင့်စရာ ကောင်းလောက်အောင် အစကနေ အဆုံး ပြန်တည်ဆောက်ခဲ့ကြတာပါ၊ ရလာဒ် အနေနဲ့ကတော့ ရင်သ

ပ်ရှုမောဖွယ် ပီစီ တစ်လုံးပါပဲ" မိုက်ခရိုဆော့ဖ်ရဲ့ စီအီးအို စတိဗ်ဘောလ်မာ ပြောသွားခဲ့တာပါ။ ဝင်းဒိုစ်-၈ ဟာ အကောင်းဆုံး ပီစီ (တစ်ကိုယ်ရေသုံး ကွန်ပြူတာ) နှင့် သင်ပုန်းကွန်ပြူတာ (Tablet) တို့ရဲ့ အကောင်းဆုံး ပေါင်းစပ်နိုင်မှုလည်း ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဝင်းဒိုးစ်-၈ ကို တစ်ကိုယ်ရေသုံး ပီစီ ကွန်ပြူတာတွေမှာရော၊ Tablet ကွန်ပြူတာ တွေမှာပါ တစ်ကယ့်ကို ပြည့်စုံကောင်းမွန်စွာ အသုံးပြုနိုင်လိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။

အရေးတကာ့ အရေးအကြီးဆုံးအချက်ကတော့ မိုက်ခရိုဆော့ဖ်ရဲ့ ဝင်းဒိုးစ်-၈ ဟာ မြန်မာလူမျိုးတွေနဲ့ မြန်မာစာ၊ မြန်မာစကား အတွက် သမိုင်းမှတ်တိုင်တစ်ခုကိုလည်း စိုက်ထူပေးခဲ့တယ် ဆိုတာပါပဲ။ အဲဒါကတော့ Apple ရဲ့ Mac OSX Lion ပြီးတဲ့နောက် ဝင်းဒိုးစ်-၈ ဟာ Unicode Standard မြန်မာစာ၊ မြန်မာဖောင့်ကို တစ်ပါတည်း ထည့်သွင်းထားပေးတဲ့ မိုက်ခရိုဆော့ဖ်ရဲ့ ပထမဆုံး ဝင်းဒိုးစ်ဖြစ်လာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ့ထက်ပိုပြီး အလေးအနက် ပြောရရင်တော့ ကွန်ပြူတာ နားလည်တဲ့ မြန်မာစာ အဖြစ်ကို တရားဝင်ရောက်ရှိတဲ့ ဝင်းဒိုးစ် ကို ပြပါဆိုရင် ဝင်းဒိုးစ်-၈ ကိုပဲ ပြရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝင်းဒိုးစ်သုံး ကွန်ပြူတာတွေမှာ မြန်မာစာကို တစ်ခြား တရုတ်၊ ဂျပန်၊ ရှရှား၊ ယိုးဒယားစာတွေလိုပဲ ဝင်းဒိုးစ် တင်ပြီးတာနဲ့ တစ်ပါတည်း မြင်တွေ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

ဝင်းဒိုးစ်-၈ ကို လတ်တလောမှာ ဝင်းဒိုးစ်-၈ Pro နှင့် မိုက်ခရိုဆော့ဖ် ဆာဖေ့စ် (Surface) မှာ ဝင်းဒိုးစ်-၈ RT ဆိုပြီး ဗားရှင်း ၂-မျိုးနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး ၂၀၁၂ ၊ ဇွန်လ (၂) ရက် ကနေ၂၀၁၃၊ ဇန်နဝါရီ (၃၁) ရက် အတွင်း ဝင်းဒိုးစ်-၇ ပါတဲ့ ကွန်ပြူတာ တစ်လုံး ဝယ်ထားသူများ အနေနဲ့ကတော့ ဝင်းဒိုးစ်-၈ ကို အနိမ့်ဆုံး ဈေးနှုန်းဖြစ်တဲ့ ၁၄.၉၉ ဒေါ်လာနှုန်းနဲ့ စတင် ဝယ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

Myanmar Express 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here