မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ လာရောက်၍ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်တွင် မြို့ပြဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးအစီအစဉ်ကို နိုဝင်ဘာ(၂၃)မှ နိုဝင်ဘာ(၂၄)ထိ (၂)ရက် သတ်မှတ်ထားပြီး နံနက်(၉)နာရီမှ ညနေ(၄)နာရီထိ ပို့ချလျှက်ရှိပါတယ်။
အသိပညာပေးအစီအစဉ်သို့ ဆန်ဆိုင်းရပ်ကွက်အတွင်းမှ လူဦးရေ(၃၀)ကျော် လာရောက်၍ လေ့လာမှတ်သားကြတာကို တွေ့ရှိရပြီး အသိပညာပေးအစီအစဉ် ပို့ချသည့်နေရာမှာ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း အနောက်ဘက်ရှိ ဆန်ဆိုင်းရပ်ကွက်ရုံးမှာပဲ ပြုလုပ်တာဖြစ်ပါတယ်။
ဆန်ဆိုင်းရပ်ကွက်တွင် အသိပညာပေးအစီအစဉ်များ ပို့ချပြီးနောက် မယ်ခေါင်ရပ်ကွက်မှာလည်း အသိပညာပေး အစီအစဉ်များ ဆက်လက်ပို့ချမှာဖြစ်ပြီး တာချီလိတ်မြို့တွင် ထိုရပ်ကွက်နှစ်ခုတာ ပို့ချမှာဖြစ်တယ်လို့ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ