Monday, November 26, 2012

ခုနှစ်ရက်သားသမီးများအတွက် ( ၂၆.၁၁.၁၂) မှ (၂.၁၂.၁၂) အထိ တပတ်စာဗေဒင်ဟောစာတမ်း

0 comments
နိုဝင်ဘာ(၂၆)

ဆရာကြီးမင်းသိင်္ခ၏တပည့် ဗေဒင်ပညာရှင် ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
လေယာဉ်ခရီး၊ ပျော်ရွှင်သောခရီးသွားရခြင်းများ ဖြစ်တတ်သည်။ နိုင်ငံခြားသွားရန်ပြင်ဆင်နေ
သူများနိုင်ငံရပ်ခြားခရီးလည်းဖြစ်တတ်သည်။ အလုပ်တွင်နေရာကောင်းရနေခြင်း၊ နာမည်ကောင်း
ရခြင်းထက်အလုပ်များလည်း မိမိတာဝန်ဖြစ်သလိုဖြစ်နေတတ်သည်။ အထက်လူကြီးဆရာသမားကောင်းခြင်း၊ လက်အောက်ငယ်သားကောင်းခြင်းကြောင့်အလုပ်များနေသော်လည်း အဆင်ပြေနေသည်။ ငွေများဝင်သည်။ သို့သော်ဝင်သလောက်အဖတ်မတင်ဖြစ်နေတတ်သည်။ မကြာခင်အစစအရာရာအဆင်ပြေမည်။
ကျန်းမာရေး။ အစာအိမ်ရောဂါကြောင့်ဆေးစားဆေးသောက်လုပ်နေရတတ်သည်။
အချစ်ရေး။ အစစအရာရာနားလည်ပေးသောသူအနားတွင်ရှိနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား အုန်းသီး (၆) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၁ ၂ ၄ ၇ )
တနင်္လာသားသမီးများ၏ကံကြမ္မာ
ထီပေါက်တတ်သည်၊ ဆုသေးဖြစ်တတ်သည်။ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းများရတတ်သည်။ အခန်းသစ်ရခြင်း၊
ကားသစ်ရခြင်းဖြစ်တတ်သည်။ ကွန်ပြူတာဝင်ခြင်း၊ လူမျိုးခြားများ၏ကူညီမှုရခြင်း
ဖြစ်တတ်သည်။ ပြည်တွင်းပြည်ပခရီးတခုခုထွက်ရတတ်သည်။ ငွေများစွာဝင်ခြင်း၊ လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်း
များဖြစ်တတ်သည်။ အလုပ်တွင်စိတတိုင်းမကျစရာများဖြစ်နေတတ်သည်။ လက်
အောက်ငယ်သားကြောင့်ဖြစ်နေတတ်သည်။ ငွေလူလိမ်ခံရသလိုဖြစ်နေတတ်သည်။ သတိထားပါ။
ကျန်းမာရေး။ ဆီးအောင့်ခြင်း၊ မျက်စိကိုက်နေခြင်းဖြစ်နေတတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ မိမိကိုလက်ထပ်ရန်ပူဆာနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားမာလာကာသီး( ၉) စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၂ ၀ ၇ ၂)
အင်္ဂါသားသမီးများ၏ကံကြမ္မာ
ရွှေလက်ကောက်ဝင်ခြင်း၊ ငွေဝင်သော်လည်းငွေကုန်များနေသောကြောင့်စိတ်ညစ်နေတတ်သည်။
ငွေအတွက်ပူပင်သောကဖြစ်နေရတတ်သည်။ စာရွက်စာတမ်း၊ စာရင်းအင်းများမှားတတ်သည်။
သတိထားပါ၊။ ခင်မင်သောမိတ်ဆွေနှင့်မိတ်ပျက်တတ်သည်။ မိမိကိုယ်တိုင်စိတ်တိုင်းမကျခြင်း၊
သူတပါးကိုစိတ်တိုင်းမကျခြင်းဖြစ်နေတတ်သည်။ ဖုန်းထွက်ခြင်း၊ ကြာသပတေးနံထွက်ခြင်းဖြစ်နေ
တတ်သည်။ စိတ်များလေနေတတ်သည်။ အလုပ်တွင်စိတ်မ၀င်စားသောကြောင့် အလုပ်များလည်းပိနေတတ်သည်။
စိတ်အေးအေးထားပြီးလုပ်ပါ။
ကျန်းမာရေး။ အစားမှားပြီးသွေးတိုးတတ်သည်။
အချစ်ရေး။ သာယာဖြေင့်ဖြူးနေသည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းလိမ္မော်သီး (၈) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ (  ၄ ၂ ၂ ၁ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်စိတ်ပင်ပမ်းခြင်း၊ လူပင်ပမ်းခြင်းဖြစ်နေတတ်သည်။ ငွေများဝင်ခြင်း၊ ထီပေါက်တတ်ခြင်း၊ ကြာသပတေးနံများဝင်ခြင်းဖြစ်နေတတ်သည်။ မြေ၊ အမွေကိစ္စကြောင့်စကားများနေရတတ်
သည်။ နိုင်ငံရပ်ခြားခရီးသွားရခြင်း၊ အမိနိုင်ငံပြန်ရတတ်ခြင်းဖြစ်နေတတ်သည်။ ကွန်ပြူတာဝင်ခြင်း၊
ဖုန်းအကောင်းဝင်ခြင်း၊ စက်ပစ္စည်းများဝင်ခြင်းများဖြစ်တတ်သည်။ အခန်းပြောင်းရခြင်း၊ အလုပ်
ပြောင်းချင်စိတ်ဖြစ်နေခြင်းဖြစ်နေတတ်သည်။ အလုပ်မပြောင်းပါနှင့်၊ ပြောင်းကပိုပြီးပိုဆိုးတတ်သည်။
လက်ရှိအလုပ်တွင်သာနေပါ။ အစစအရာရာအဆင်ပြေပါလိမ့်မည်။
ကျန်းမာရေး။ ခေါင်းမူးခေါင်းကိုဖြစ်နေတတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်ဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင်  မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားလိမ္မော်သီး (၅) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၇ ၅ ၄ ၃)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းရွေ့ရတတ်ခြင်း၊ စန်း၊ စုတ်အားကောင်းနေခြင်း၊ လက်ဆောင်ပစ္စည်းများရနေခြင်း၊ ပျော်ရွှင်သောခရီးသွားရန်ဖြစ်လာခြင်းများဖြစ်နေတတ်သည်။
အိမ်ထောင်ရှင်များ သားသမီးရတတ်ခြင်း၊ လက်အောက်ငယ်သားကောင်းများရောက်လာတတ်ခြင်းဖြစ်
တတ်သည်။ စက်ပစ္စည်းအဟောင်းများထွက်ပြီးအသစ်များဝင်တတ်သည်။ ရွှေဟန်းချိန်းဝင်တတ်သည်။ ခင်မင်
သောမိတ်ဆွေများနှင့်လမ်းခွဲရတတ်သည်။ စီးပွားတက်နေတတ်သည်။ အလှူတခုခုလုပ်ဖြစ်အောင်လုပ်လိုက်ပါ။
ကျန်းမာရေး။ ဆေးထိုးမှားခြင်း၊ ဆေးစားမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ အစစအရာရာအဆင်ပြေနေသည်။ စိတ်ချမ်းသာမှုများနှင့်ပြည့်စုံနေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားပန်းသီး ( ၃) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၄ ၂ ၁ ၁ )
သောကြာသားသမီးများ၏ကံကြမ္မာ
အလုပ်တွင်လုပ်ဖေါ်ကိုင်ဖက်များ၏ငွေကြေးအခက်အခဲများအကူအညီတောင်းခံခြင်းခံနေရသောကြောင့်
စိတ်ညစ်နေရတတ်သည်။ လက်အောက်ငယ်သားကြောင့်၎င်းစိတ်တိုင်းမကျဖြစ်နေရတတ်သည်။
လူမျိုးခြားများ၏ကူညီမှုရတတ်သည်။ ရွှေပြင်ရခြင်း၊ ရွှေဖြူ (သို့) ရွှေဝါလက်ကောက်ဝင်တတ်သည်။ မိမိသုံးသောစက်ပစ္စည်းပျက်နေသောကြောင့်စိတ်ညစ်နေရတတ်ခြင်း၊ ငွေကုန်ရခြင်းဖြစ်နေတတ်သည်။
မိမိအလုပ်တွင် နာမည်ဂုဏ်သတင်းကောင်းနေခြင်း၊ စီးပွားရေးတိုးတက်နေခြင်းဖြစ်နေတတ်သည်။ ဘာသာရေးတတ်နိုင်သလောက်လုပ်ခြင်း၊ မေတ္တာပို့ခြင်းများပြုလုပ်ပါ။
ကျန်းမာရေး။ သွားဒုက္ခပေးနေတတ်သည်။
အချစ်ရေး။ ပုံမှန်အတိုင်းသာယာပျော်ရွှင်မှုများဖြစ်နေတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အားသစ်တော့သီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၀ ၅ ၇ ၅)
စနေသားသမီးများ၏ကံကြမ္မာ
ဆိုင်ခန်းဝင်ခြင်း၊ စာရွက်စာတမ်းနှင့်ပတ်သက်သောကိစ္စများအဆင်ပြေနေခြင်း၊ မျက်မှန်ဝင်ခြင်း၊
မိတ်ဆွေသစ်များရခြင်း၊ စက်ပစ္စည်းများဝင်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ်ဝင်တတ်သည်။
ကောင်းသော ၀င်ခြင်းဖြစ်သည်။ လက်ခံပါ၊ ၀ယ်ပါ။ စီးပွားတက်မည့်အချိန်ဖြစ်နေသည်။အလုပ်တွင်အစစ
အရာရာအဆင်ပြေနေတတ်သည်။ သို့သော် လုပ်ဖေါ်ကိုင်ဖက်များအချင်းချင်းရန်ဖြစ်တတ်သည်။ သတိထားပါ။
အလုပ်ပြောင်းရန်ဖြစ်လာတတ်သည်။ ကောင်းသောပြောင်းခြင်းဖြစ်သည်။ ပြောင်းလိုကပြောင်းလိုက်ပါ။
ကျန်းမာရေး။ လေထိုးလေအောင့်ဖြစ်နေတတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားရတတ်ခြင်း၊ ဘ၀အတွက်လက်တွဲဖေါ်ကောင်းဖြစ်တတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ဘာသာမှဘုရားသခင်အားနှင်းသီး (၁၀) လုံးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း။ ( ၅ ၃ ၃ ၄)
 FNG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here