Monday, November 26, 2012

အိန္ဒိယ ဆာဒူကြီးက ၃၉ နှစ်လုံးလုံး လက်တစ်ဖက်မြောက်ပြီး နေထိုင်

0 comments
နိုဝင်ဘာ(၂၆)


သာမန် လူတစ်ယောက် လက်တစ်ဖက်ကို လေပေါ်မြောက်တဲ့အခါ ၁ မိနစ်လောက်ဆိုရင် အတော်ညောင်း ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ Amar Bharati အမည်ရ အိန္ဒိယ ဆာဒူးကြီးကတော့ ၁၉၇၃ ခုနှစ်က စလို့ ယနေ့တိုင် လက်မြောက်ထားသူ ဖြစ်ပါတယ်။ 

 
ညာဘက်လက်ကို မြောက်ထားခြင်း ဖြစ်ပြီး အိပ်လည်း လက်ကိုမြောက်ထား ပါတယ်။ ထိုင်လည်း မြောက်၊ ထလည်းမြောက်၊ လမ်းလျှောက် လည်း မြောက်နဲ့ သူ့ရဲ့ ပြောဆိုချက်အရတော့ နှစ်ပေါင်း ၄၀ နီးပါးလုံး လက်ကို လုံးဝ မချဘူးဆိုပါတယ်။ ဝေယျာဝစ္စ ပြုလုပ်တာက အစ ဘယ်ဘက် လက်တစ်ဖက်နဲ့ ရအောင် လုပ်တယ်ဆိုပါတယ်။ သူပြောတာ ကိုလည်း လေ့လာသူများက လက်ခံခဲ့ပါတယ်။ 

ဘာကြောင့်လဲဆိုတော့ သူမြောက်ထားတဲ့ လက်က ပုံမှန် သွေးလည်ပတ်မှု မရှိတော့ပဲ ဆဲလ်ရှင်သန်မှု နည်းပြီး ပိန်ရှုံးနေတာကို ယခုလို မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ အရိုးများသာ ပိုနေပြီး အသားနည်းနဲ့ လက် တစ်ဖက် ဖြစ်နေပါပြီ။ သူကတော့ တရားကျင့်ကြံ တယ်လို့ ဆိုပါတယ်။ 

၁၉၇၀ ခုနှစ်အထိ သာမန် အလယ်အလတ်တန်းစား အိန္ဒိယနိုင်ငံသား တစ်ဦး ဖြစ်ပြီး နောက်ပိုင်းကျတော့ ဟိန္ဒူဘာသာကို နက်နက်နဲနဲ လေ့လာခဲ့ ပါတယ်။ ဒါနဲ့ နောက်ဆုံးတော့ ဇနီး၊ သား၊သမီး အားလုံးကို စွန့် လွတ်ပြီး တရားအားထုတ်ဖို့ ထွက်ခွာခဲ့ပါတယ်။ ဒီလိုနဲ့ တရားအားထုတ်ရင်း ညာလက် တစ်ဖက်မြောက်ပြီး Shiva ဟိန္ဒူ ဘုရားကို ငြိမ်းချမ်းမှု တောင်းဆိုပါတယ်။ ဒါနဲ့ ညာဘက်လက် မြောက်ထားခြင်းဟာ Call for peace လို့ ယူဆပြီး ယနေ့တိုင် လက်မချတန်း ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ စစချင်းမှာ နာကျင် ကိုက်ခဲ မှုများ ရှိပေမယ့် စိတ်ရှည်သီးခံ ကျင့်ကြံမှုကြောင့် ပုံမှာ မြင်တွေ့ရတဲ့ ဆာဒူးကြီးဟာ လက်တစ်ဖက် တစ် သက်လုံး မြောက်ထားလို့ ရတဲ့ အခြေအနေ ကို ရောက်သွားပါတယ်။ 

ဒါကြောင့် ကမ္ဘာပေါ်မှာ ထူးထူးခြားခြား အိန္ဒိယနိုင်ငံ ဆာဒူးကြီး တစ်ဦးဟာ လက်တစ်ဘက် လေပေါ် နှစ် ၄၀ နီးပါး မချတမ်း မြောက်ခဲ့တယ်လို့ လူသိများခဲ့ ပါတယ်။


ဧဒင်အချစ်ပုံပြင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here