တရုတ်နိုင်ငံမှ ကျားလီ အမည်ရှိ အသက်လေးနှစ် အရွယ် မိန်းကလေးငယ် တစ်ဦး၏ နှာခေါင်းဝသို့ မတော်တဆ ထိုးစိုက်ဝင် သွားခဲ့သည့် ဝက်အူလှည့် တစ်ချောင်းကို ခွဲစိတ် အထူးကု ဆရာဝန်ကြီး ယူချင် က ဦးဆောင် ၍ အောင်မြင် စွာ ခွဲစိတ်ဖယ် ရှားနိုင်ခဲ့ပြီး ထိုမိန်းကလေးသည် ယခုအခါ တွင် ပြန်လည် ကောင်း မွန် လာပြီ ဖြစ်ကြောင်း အင်တာနက် သတင်းတစ် ရပ်အရ သိရသည်။
အဆိုပါ မိန်းကလေးသည် တရုတ် နိုင်ငံ ကန်စုပြည်နယ် ထျန်းရွှီးမြို့တွင် နေထိုင်ပြီး သူမ၏ လက်ထဲတွင် ဝက်အူ လှည့်ကို ဆုပ်ကိုင်ထားရာမှ မတော်တဆ မှောက် လဲပြီး မျက်နှာအား ထိုးမိခြင်း ဖြစ်ကြောင်း သိရ သည်။ ထို့နောက် သူမအား ဒေသ တွင်းရှိ ဆေးရုံ နှစ်ရုံသို့ ခေါ်ဆောင် သွားခဲ့သော်လည်း အဆိုပါ ဆေးရုံ များက လက်မခံဘဲ အခြားဆေးရုံသို့ လွှဲပြောင်း ပေးခဲ့ သောကြောင့် ခွဲစိတ် အထူးကု ဆရာဝန်ကြီး ယူချင်၏ ဆေးရုံသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် သူမ၏မျက်နှာအား X-rays နှင့် CAT Scans များ ရိုက်ယူ စစ်ဆေးခဲ့ရာ ထိုဝက်အူလှည့် သည် မျက်စိသူငယ်အိမ် အောက်နားအထိ စိုက်ဝင် ခဲ့၍ ဦးနှောက်ကို ထိခိုက်ရန် ၂-၃ မီလီမီတာ ခန့်သာ လိုတော့ကြောင်း၊ ဦးနှောက် ကို ထိခိုက်သွားပါက အလွန်အန္တရာယ် ရှိကြောင်း ၎င်းဆေးရုံမှ ခွဲစိတ် အထူးကု ဆရာဝန်ကြီးက ပြောကြား ခဲ့သည်။
ထို့နောက် သူမ၏ မျက်နှာပေါ်ရှိ နှာခေါင်းတွင် စိုက်ဝင်နေသည့် ဝက်အူလှည့်ကို ခွဲစိတ် အထူးကု ဆရာ ဝန်ကြီးက ခွဲစိတ်ကုသ ဖယ်ရှားပေးခဲ့ရာ သူမသည် ယခုအခါ တွင် ပြန်လည် ကောင်းမွန် လာပြီဖြစ် ကြောင်း ဗြိတိသျှ သတင်း စာကြီး တစ်စောင်တွင် ဖော်ပြထား သည်။
မြ၀တီ