Thursday, November 8, 2012

မောင်တောမြို့နယ်အတွင်းနေအိမ်များပြန်လည်ဆောက်လုပ်ပြီးစီးနေပြီဖြစ်သဖြင့် ဒုက္ခသည်များ ပြန်လည်ပြောင်းရွှေ့နေ

0 comments

မောင်တောမြို့နယ်အတွင်းမီးရှို့ ဖျက်ဆီးမှုခံခဲ့ရသည့် ကျေးရွာသုံး ရွာတွင်နေအိမ်များပြန်လည်  ဆောက်လုပ်ပြီးစီးနေပြီဖြစ်သဖြင့် ဒုက္ခသည် များ ပြန်လည်ပြောင်းရွှေ့ နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဆူပူ အကြမ်းဖက်မှုကိုခံစားခဲ့ရသော  ဝေသာလီ၊ ရွှေရင်အေးကျေးရွာနှင့် ခရေမြိုင်ကျေးရွာရှိ တိုင်းရင်းသားေ ဒသ ခံများသည်ဆောက်လုပ်ပြီးစီးနေသည့် နေအိမ်များ သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မောင်တောမြို့နယ်အတွင်း မီး လောင်ဆုံးရှူံးခဲ့ရသည့် ကျေးရွာများမှ နေအိမ် များကို နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ UNHCR & INGO နှင့် CARE MYANMAR တို့က ပြန်လည်တည်ဆောက်မည်ဖြစ်ပြီး လက်ရှိဆောက်လုပ်ပြီးစီးနေသော  နေအိမ်များမှာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူတည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''စည်ပင်သာယာရေးက လုပ်တဲ့လုပ်ငန်းတွေ အားလုံးနီးပါးပြီးပါပြီ။ စည်ပင်သာ ယာက ၂၂၂ လုံးကို တာဝန်ယူဆောက်လုပ်ရာမှာ ၄၁ လုံးပဲ ကျန်ပါတော့တယ်'' ဟု မောင်တောမြို့နယ် စည် ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင် သက်ရှည်က ပြောသည်။

လက်ရှိတွင် UNHCR မှ နေအိမ်ဆောက်လုပ်ရေးလုပ်ငန်းများကို စတင် နေပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်းတွင် နေအိမ် ၁၁၁ လုံးကို အပြီးတည်ဆောက်ရန်ရှိကြောင်းနှင့် မောရ၀တီကျေးရွာတွင် စတင် တည်ဆောက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဆောက်လုပ်မှုလျာထားချက်အရ နယ်စပ်ရေးရာဝန်ကြီးဌာနမှ နေအိမ် ၂၀၂ လုံး၊ UNHCR&INGO တို့က နေအိမ် ၂၂၂ လုံး နှင့် CARE MYANMAR  ကနေ အိမ် ၁၂၈ လုံးစုစုပေါင်း ၅၅၂ လုံးကို တည်ဆောက်ပေးရန် လျာထား ခဲ့ကြောင်း သိရသည်။


From- Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here