Thursday, November 8, 2012

ယာဉ်ပိုင်ရှင်များ အခက်အခဲမဖြစ်စေဖို့ ယာဉ်မောင်းများစည်းကမ်းလိုက်နာဖို့လိုပါသည်

0 comments
Hot News  ဂျာနယ် Vol.3, No:112 Oct 2012 ပါ ““မှတ်သား ဖမ်းဆီးမှုကြောင့် ယာဉ်ပိုင်ရှင်များ အခက်အခဲဖြစ်လျက်ရှိ””ဆိုသည့် အကြောင်းအရာနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များအား ရန် ကုန်တိုင်းဒေသကြီး (၅၁)လမ်း၊ ယာဉ်ထိန်းရုံးသို့ စုံစမ်းမေးမြန်းခဲ့ ပါသည်။ အဆိုပါကိစ္စနှင့်ပတ် သက်ပြီး ရန်ကုန်မြို့မှာ ပြေးဆွဲတဲ့ ခရီးသည် တင်ယာဉ် လိုင်းကား ယာဉ်ပိုင်ရှင်တွေကို ပထမဦး ဆုံး ပြောလို တာက မိမိတို့ရဲ့ ယာဉ် မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဟာ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းလိုက်နာတတ်တဲ့ သူတွေဖြစ် လို့ လိုပါတယ်။ ယာဉ်မောင်း တတ်ရင်ပြီးရောဆိုပြီး ခန့်ထားလို့ မရပါဘူး။
တချို့ယာဉ်မောင်းတွေ ဆိုရင် သတ်မှတ်ထားတဲ့ ယာဉ် မောင်းလိုင်စင်မရှိဘဲ မောင်းသူ တွေတောင်တွေ့ ရပါတယ်။ ယာဉ် မောင်းသူတွေဟာပေးသွင်းရမယ့် အုံနာခနဲ့ မိမိရဲ့ တစ်နေ့တာအ ကျိုးအမြတ်ကိုကြည့်ပြီး ခရီးသည် များရရှိရေးကို ကြိုးပမ်းလုပ်ဆောင် နေကြတာဖြစ်တယ်။ ခရီးသည် ရရှိဖို့အတွက် ခရီးသည်လုတင် ခြင်း၊ မှတ်တိုင်မဟုတ်ဘဲရပ်ခြင်း၊ လိုင်းကား အချင်းချင်း ကျော် တက်မောင်းနှင်ခြင်း၊ မီးပွိုင့်မှာ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ မီးနီဖြတ် မောင်းခြင်း စတဲ့စည်းကမ်းမဲ့ မောင်းနှင်နေကြ တာကို တွေ့ရှိ နေရပါတယ်။ ခရီးသည်တင် ယာဉ်လိုင်းက ယာဉ်မောင်းများ ဟာ အခြားယာဉ်မောင်းသူများ ထက် ပိုမိုစည်းကမ်းလိုက်နာဖို့လို ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ခရီး သည်အားလုံးရဲ့ အသက်နဲ့ခန္ဓာ၊ ဥစ္စာပစ္စည်းများကို ယာဉ်မောင်း သူထံတွင် အပ်နှံထားရလို့ပဲဖြစ် ပါတယ်။ ယာဉ်မောင်းသူရဲ့ စည်း ကမ်းဖောက်ဖျက်မှု တစ်ချက် ကြောင့် ခရီးသည်အများအပြား သေဆုံး၊ ဒဏ်ရာရ၊ မသန်မစွမ်း ဒုက်္ခိတဘ၀ရောက်ရှိစေနိုင်တဲ့ အတွက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရီးသည်တင်ယာဉ်လိုင်းတွေကို ယာဉ်ထိန်းတပ်ဖွဲ့အပါအ၀င်တခြား တာဝန်ရှိသူတွေက ကြပ်ကြပ်မတ် မတ် စစ်ဆေး အရေးယူဆောင် ရွက်နေကြတာပဲဖြစ်ပါတယ်။
““မီးပွိုင့်နောက်ကွယ်မှနေပြီး ယာဉ်များအားမှတ်သားဖမ်းဆီးမှု ပြုလုပ်နေ၍ ယာဉ်ပိုင်ရှင်များ အခက်အခဲဖြစ်လျက်ရှိနေ””ဆိုတဲ့ ကိစ္စကိုပြောရမယ်ဆိုရင် မီးပွိုင့် နောက်ကွယ်မှ သာမကဘဲအခြား လမ်းဆုံ၊ လမ်းခွများ၊ ယာဉ်ကြော ရှုပ်ထွေးနေတဲ့နေရာများ၊ မီးပွိုင့် ရှေ့များမှလည်း မှတ်သားဖမ်းဆီး မှုတွေရှိပါတယ်။ တာဝန်ကျယာဉ် ထိန်းရဲရှိနေတာတောင် အတင်း မောင်းဝင်၊ မောင်းထွက်ပြေးသွား တဲ့ ယာဉ်များ၊ စည်းကမ်းမဲ့ ဖြတ် သန်းမောင်းနှင်သွားသည့်ယာဉ် များ၊ မီးနီအတင်းဝင်ဖြတ်မောင်း သည့် ယာဉ်များစသည်ဖြင့် စည်း ကမ်းပျက်ယာဉ်များရှိနေတဲ့အတွက် အခြားနည်းဖြင့် တားဆီးခြင်း၊ ဖမ်းဆီးခြင်းမပြုနိုင်တဲ့အခါ မှတ် သားဖမ်းဆီးရခြင်းဖြစ်ပါတယ်။ အဲဒီလို ဖမ်းဆီးရာမှာ ကျူးလွန် တဲ့ ယာဉ်နံပတ်၊ အမျိုးအစား၊ နေ့ရက်၊ အချိန်၊ နေရာ ကျူးလွန် ပုံကျူးလွန်နည်းစတဲ့ အချက်တွေ ကို ပူးပေါင်းအဖွဲ့မှ သက်သေ များ နဲ့ မှတ်သားဖမ်းဆီးခြင်းဖြစ်ပါ တယ်။ ယာဉ်အန္တရာယ်ကင်းရှင်း စေရေး အတွက် မီးပွိုင့်တွေမှာ တာဝန်ချထားတဲ့ ယာဉ်ထိန်းတွေ ရှိသလို ယာဉ်ထိန်းမရှိတဲ့နေရာမှာ စည်းကမ်းမဲ့ သွားလာနေတဲ့ယာဉ် တွေကိုမှတ်သားဖမ်းဆီးမှုပြုလုပ် နေခြင်းများလည်းရှိပါတယ်။စည်း ကမ်းဖောက်ဖျက် တဲ့ ယာဉ်တွေကို ဖမ်းဆီးခြင်းဖြစ်ပြီး လိုင်းကား ယာဉ်သက်သက်ကိုသာ သတ် မှတ်ဖမ်းဆီးတာမျိုးမရှိပါဘူး။ အဲ ဒီမှာ ပြောချင်တဲ့အချက်က လမ်း မပေါ်မှာ ယာဉ်ထိန်းထွက်ရပ်ပြ နေမှ ယာဉ်ထိန်းရဲရှိနေမှစည်း ကမ်းလိုက်နာမယ်ဆိုတဲ့ စိတ်ဓာတ်  မျိုးမရှိစေချင်ဘူး။ ယာဉ်ထိန်းရဲ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယာဉ်မောင်းသူများအနေနဲ့ စည်း ကမ်းလိုက်နာရမယ်ဆိုတဲ့ အသိ  မျိုးရှိစေချင်ပါတယ်။ ယာဉ်ထိန်း ရှိမှ စည်းကမ်းလိုက်နာမယ်ဆို တာ မဖြစ်သင့်ပါဘူး။ စင်ကာပူ နိုင်ငံမှာဆိုရင် လမ်းပေါ်နဲ့ မီးပွိုင့် တွေမှာ ယာဉ်ထိန်းရဲ (TRAFFIC Police) တွေ မတွေ့ရဘူး။ ဒါပေမဲ့ လမ်းအသုံးပြုသူများ ဟာ စည်းကမ်းမဖောက်ရဲကြ ဘူး။သတ် မှတ်ထားတဲ့ယာဉ်စည်းကမ်း၊လမ်း စည်းကမ်းအတိုင်း သွားလာကြပါ တယ်။ ဒါဟာ နိုင်ငံကြီးသားများ စည်းကမ်းလိုက်နာတတ်တဲ့အလေ့ အကျင့်ပဲဖြစ်ပါတယ်။ နောက်ပြီး သူတို့နိုင်ငံတွေမှာယာဉ်နဲ့ ပတ်သက် တဲ့ အထောက်အထားစာရွက်၊ စာတမ်းတွေကို အလေးအနက် ထားပြီး ပြည့်စုံအောင် ပြုလုပ် ထားကြတယ်။ မြန်မာနိုင်ငံက ယာဉ်ပိုင်ရှင်တွေလည်း ယာဉ်နဲ့ ပတ်သက်တဲ့ အထောက်အထား စာရွက်စာတမ်းတွေပြည့်စုံအောင် လုပ့်ထားဖို့လိုပါတယ်။ မှတ်သား ဖမ်းဆီးခြင်း၊ မဖမ်းဆီးခြင်းဟာ အဓိကမကျင်ပါဘူး။ စည်းကမ်း လိုက်နာမှု၊ မလိုက်နာမှုအဓိကကျ ပါတယ်။ ဒါကြောင့်မို့ ယာဉ်ပိုင် ရှင်တွေအနေနဲ့ ယာဉ်မောင်းတွေ စည်းကမ်း မဖောက်ဖျက်စေဖို့ ကြပ်မတ်ပေးရန် တာဝန်ရှိပါ တယ်။ စည်းကမ်းစနစ်တကျ မောင်းနှင်သွားလာမယ်ဆိုရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး မှတ် သားဖမ်းဆီးနေမှာ မဟုတ်ပါဘူး။  ဒါကြောင့်ယာဉ်ပိုင်ရှင်များ၊ ယာဉ် မောင်းများအနေဖြင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ပြေးဆွဲသွားလာကြဖို့ လိုအပ် ကြောင်းပြောလိုပါတယ်။
ဒဏ်ကြေးငွေပေးဆောင်ရာ တွင် အမြန်ဟူသောအကြောင်းပြ ချက်ဖြင့် အမြန်ကြေးပေး၊ ကိုယ် ကျိုးရှာလျက် ရှိနေ သည်၊ တရား ရုံးမှလည်း ယာဉ်ပိုင်ဆိုင်မှုစာချုပ် မှတ်ပုံတင်၊ သန်းခေါင်စာရင်းများ တောင်း၍ ကြန့်ကြာမှုဖြစ်အောင် လုပ်လျက်ရှိသည်ဆိုသည့် ကိစ်္စ နှင့်ပတ်သက်ပြီးပြောရရင် အဲဒီ မှာ အဓိကတာဝန်ရှိသူဟာ လာ ရောက် ဒဏ်ငွေဆောင်ရမည့် ယာဉ်မောင်း/ယာဉ်ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ သူတို့ကစပြီး စည်း ကမ်းဖောက်အချိန်ကုန်တယ်၊ အ လုပ်ရှုပ်တယ်ဆိုပြီး ကိုယ်တိုင်မ လာချင်ကြဘူး။ အခြားသူ ဒဏ် ငွေလာဆောင်ခိုင်းတယ်။ တချို့ က ကိုယ်တိုင်တော့လာတယ်။ တရားရုံးကိုသွားလို စိတ်မရှိကြဘူး။  အဲဒီမှာ တာဝန်ထမ်းဆောင်နေ တဲ့ ၀န်ထမ်းတွေထံ ချဉ်းကပ်ပြီး နည်းအမျိုးမျိုးနဲ့ အကူအညီ တောင်းခံကြတယ်။ ၀န်ထမ်းတွေ ဟာ သူတို့ရဲ့ အသုံးချခံဖြစ်နေပါ တယ်။  ကိုယ်တိုင် လာရောက်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဒဏ်ငွေ ပေးဆောင်မယ်ဆိုရင် ဘာပြဿ နာမှဖြစ်စရာ အကြောင်းမရှိဘူး၊ နည်းမှန်လမ်းမှန်နဲ့ သွားပါ။ ဆောင်ရွက်ပါဆိုရင် မလုပ်ချင် ကြဘူး။ သူတို့ရဲ့ ချို့ယွင်းချက်ကို မပြောဘဲ ၀န်ထမ်းတွေကို စိတ် ဓာတ်ကျအောင် အမျိုးမျိုး လျှောက်ပြောနေတဲ့ သဘောစြဖ် နေပါတယ်။ မိမိ ထမ်းဆောင်ရ မယ့် တာဝန်၊ ပေးသွင်းရမယ့် ဒဏ်ငွေကို ကိုယ်တိုင် ကိုယ်ကျ ပေးသွင်းမယ်ဆိုရင် အကောင်း ဆုံးဖြစ်ပါတယ်။ ငွေကြေးတောင်း ခံခဲ့ရင် သက်ဆိုင်ရာ အကြီးအကဲ ထံ အချိန်မရွေးတိုင်ကြားနိုင်ပါ တယ်။
နောက်ဆုံးအနေနဲ့ပြောလို တာက (၂၀၁၅)ခုနှစ် ((ASEAN PREE TRADE AREA)) မှာ နယ်စပ် ကို ဖြတ်ကျော်ပြီး ကား တွေပို့ဆောင်တာတွေရှိလာမယ်။ လူဦးရေတိုးတက်လာတာနဲ့အမျှ အသုံးပြုတဲ့ယာဉ်တွေ များလာမယ်။ အဲဒီမှာ ယာဉ်စည်းကမ်းကို ယခု ထက်ပိုပြီး စနစ်တကျ လိုက်နာဖို့ လိုလာမယ်။ လိုက်နာ တတ်တဲ့ အလေ့အကျင့်တွေရှိအောင်လည်း အခုကတည်းက ပြုစုပျိုးထောင် ကြရမယ်။ စည်းကမ်းဖောက်ဖျက် လို့ ဒဏ်ကြေးငွေပေးဆောင်ရ တာများတယ်ဆိုပြီး ပြောနေမယ့် အစား၊ ဒဏ်ငွေမဆောင်ရအောင် စည်းကမ်းမဖောက်ဘဲ စည်းကမ်း နဲ့အညီ သွားလာကြဖို့လိုပါတယ်။ ယာဉ်ပိုင်ရှင်များအနေနဲ့လည်း စည်းကမ်းဖောက်ဖျက်တတ်တဲ့ မိမိရဲ့ ယာဉ်မောင်းတွေကို ဘယ် လို ကြပ်မတ်ထိန်းသိမ်းမလဲဆိုတဲ့ ကိစ္စကို အလေးပေးဆောင်ရွက် သင့်တယ်လို့ ပြောချင်ပါ တယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ယာဉ်ထိန်း တပ်ဖွဲ့အနေနဲ့ အများပြည်သူတို့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် စည်း ကမ်းမဲ့ယာဉ်များကို ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက် ရှိပါကြောင်း တာဝန်ရှိသူတပ်ဖွဲ့ ၀င်မှ ရှင်းလင်းပြောကြားခဲ့သည်။

မင်းမင်းလတ် (မန်းတက္ကသိုလ်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here