၂၀၁၂ခုနှစ်၊
နိုဝင်ဘာလ (၈)ရက် မနက်(၁၀)နာရီခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ပန်းလှိုင်
မီးရထားဝန်း၊ ကရင်အမျိုးသား ရပ်ကွက်တွင် ကလေးငယ်တစ်ဦး မှ လမ်းပြင်ရန်အတွက်
မြေတူး စဉ် ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါရပ်ကွက်ရှိ ပြည်သူ တစ်ဦးမှ ပြောကြားရာတွင် ““သူ စတူးတာကတော့ ဓားနဲ့ တူးတယ်။ တွေ့တွေ့ခြင်း ကျွန်တော်တို့ကို ခေါ်တယ်။ ရပ်ကွက်လူကြီးကို အကြောင်းကြား၊ သက်ဆိုင်ရာ ကို ခေါ်တယ်။ အခု သူက ဆယ် တန်းတက်နေတယ်။ အထက (၄)ကြည့်မြင်တိုင်မှာ တက်နေ တယ်”” ဟု ပြောကြား ခဲ့သည်။
တွေ့ရှိသည့် ဗုံးအမျိုးအစား မှာ ဒေသအခေါ် နာနတ်သီးဗုံး စစ်အခေါ် အမေရိကန်သုံးဗုံး၊ ဒုတိယကမ္ဘာစစ်မှ ကန်သော လက်ပစ်ဗုံးတစ်လုံးဖြစ်ကြောင်း ယူဆရပါသည်။
အဆိုပါလက်ပစ်ဗုံးကိုသက် ဆိုင်ရာမှ လုံခြုံစိတ်ချစေရန် ပြု လုပ်ပြီး သိမ်းဆည်းသွားကြောင်း သိရသည်။
From- Hot News Weekly