ရက်နေ့တွင် ဆယ်မိနစ်ခန့် ပျက်တောက်မည်ဖြစ်သည်။
လာမည့် နိုဝင်ဘာ(၁၇) ရက်နေ့ နံနက်(၂)နာရီမှ (၂)နာရီ (၁၀)မိနစ် အထိ (၁၀) မိနစ်ခန့် ယာယီဆိုင်းငံ့ သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက သိရသည်။ “ ဒီလို ဆက်သွယ်မှု ယာယီဆိုင်းငံ့ရတာဟာ ရန်ကုန်မြို့ ZTE- GSM( UMTS) စနစ်ကို MGW Capacity Expansion ပြုလုပ်ဖို့ အတွက်ပါ” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ်က ပြောသည်။
ယာယီ ဆိုင်းငံ့သွားမည် မြို့နယ်များမှာ အလုံ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ တာမွေ၊ ဗဟန်း၊ တောင်ဥက္ကလာ၊ လှိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ ဒဂုံ၊ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း အစရှိ သည့် မြို့နယ်များဖြစ်သည်။
ထို့အပြင် သုဝဏ္ဏ၊ ဒေါပုံ၊ သာကေတ၊ သန်လျင်၊ ခရမ်း၊ သုံးခွ၊ ဒလ၊ တွံတေး၊ ဆိတ်ကြီး ခနောင်တို၊ ကွမ်းခြံကုန်း နှင့် ကော့မှူး အစရှိတဲ့ မြို့နယ်များ၌လည်း မိနစ်ပိုင်းခန့် ဆက်သွယ်မှုယာယီ ဆိုင်းငံ့ သွားဖြစ်ကြောင်း သိရှိရသည်။
From- မြစ်မခမီဒီယာ