Thursday, April 18, 2013

အိုဘားမားဆီပို့တဲ့စာမှာ အဆိပ်ဓာတ် ပါဝင်နေ

0 comments
ဧပြီ(၁၈)


သမ္မတအိုဘားမားဆီကို လိပ်မူထားတဲ့ စာတစောင်မှာ "သံသယဖြစ်ဖွယ်ဒြပ်ပစ္စည်း" တမျိုး ပါဝင်နေတာကို အမေရိကန် ထောက်လှမ်းရေးတွေ စစ်ဆေး တွေ့ရှိခဲ့တယ် လို့ ဒီကနေ့ထွက်လာတဲ့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။

ဒီစာဟာ မကြာသေးခင်က အထက်လွှတ်တော်အမတ်  Roger Wicker ဆီကို ပို့တဲ့ စာနဲ့ အမျိုးအစား တော်တော်လေး ဆင်တူကြောင်း အရာရှိတယောက်က ပြောဆိုပါတယ် တဲ့။
အထက်လွှတ်တော်အမတ်ဆီပို့တဲ့စာကို စစ်ဆေးရာမှာ  ricin အဆိပ် ပါဝင်နေကြောင်း မနေ့က အဖြေထွက်ခဲ့တာပါ။

နောက်သတင်းတပုဒ်မှာတော့ အဲဒီအဆိပ်ဟာ ကြက်ဆူပင်ကရတဲ့အဆိပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို သံသယဖြစ်ဖွယ်စာတွေ ရောက်လာချိန်ဟာ ဘော်စတွန်မြို့မာရသွန်ပွဲ ဗုံးခွဲတိုက်ခိုက်ခံရချိန်နဲ့ တိုက်ဆိုင်နေတာပါ။

ပေါက်ကွဲမှုတွေနဲ့ သံသယဖြစ်ဖွယ်စာတွေ ဆက်စပ်မှု ရှိမရှိကိုတော့ အာဏာပိုင်တို့က ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး တဲ့။

ဒီဖြစ်ရပ်တွေကြောင့် အမေရိကန်ထောက်လှမ်းရေးတွေဟာ ခါတိုင်းထက်ပိုပြီး အလုပ်များနေကြပါတယ်။

ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here