Friday, December 21, 2012

ရှမ်းပြည်နယ် အစိုးရ ဂုဏ်သိက္ခာ ရှိရန် ရပ်တည်မည်

0 comments
ဒီဇင်ဘာ(၂၁)


အင်းလေး ဒေသခံ ရွာသားများ ပြောနေသည့် ဟိုတယ်ဇုန် စီမံကိန်းနှင့် ပတ်သက်၍ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးဦးဝင်းမြင့် ကိုမေးမြန်းရာ ဟိုတယ်ဇုန်စီမံကိန်းကို ၂ဝ၁၁ခုနှစ် သြဂုတ်တွင် ရှမ်းပြည်နယ်အစိုးရက,ညောင်ရွှေ မြို့နယ်၊ တောင်ခြေပြန့့် ကျေးရွာအုပ်စု၊ စပျစ်စက်ရုံအနီးသို့လာရောက်ကြည့်ရှုပြီး သတ်မှတ်ပေးခဲ့သော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ကြောင်း၊
၂ဝ၁၂ခုနှစ် ဖေဖော်ဝါရီတွင် သလဲဦးကျေးရွာအုပ်စု၌ ဟိုတယ်ဇုန်ပြုလုပ်ရန် သစ်တောဌာနမှ ဟိုတယ်ဇုန်အဖွဲ့နှင့်တွေ့ ဆုံခဲ့ကြောင်း။၂ဝ၁၂ ခုနှစ်၊ မတ်လ,က နိုင်ငံတော်သမ္မတ,၏အင်းလေးခရီးစဉ်တွင် အင်လေးဒေသ,ဖွံ့ဖြိုးရေးအတွက် ဟိုတယ်ဇုန် လုပ်မည် ဟုပြောခဲ့ဖူးကြောင်း။သမ္မတ,အပြန်ခရီးတွင်လည်း ရဟတ်ယာဉ်ပေါ်မှ စစ်ဆေးကြည့်ရှုခဲ့ကြောင်း။မြေစာရင်းဦးစီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရတို့ ဟိုတယ်ဇုန်ပြုလုပ်မည့်နေရာကို ကွင်းဆင်း စစ်ဆေးခဲ့ခြင်းလည်း ရှိခဲ့ကြောင်း။ထို့အပြင် ၂ဝ၁၂ခုနှစ်၊ စက်တင်ဘာတွင်ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးရေးအဖွဲ့ခေါင်တိုင်၌အစည်းအဝေးလုပ်ခဲ့စဉ်က,လည်းထိုစဉ်က,ဟိုတယ်ဝန်ကြီးဖြစ်သူ ဦးတင်ဆန်း က, ဟိုတယ်ဇုန်ကို သလဲဦးကျေးရွာအုပ်စု ၆၂၂ ဧက,ကို သတ်မှတ်ပေးခဲ့သည်ဟု သိရကြောင်း။ ထိုကဲ့သို့သတ် မှတ်ပေးခဲ့သည်ကို အင်း တိုင်းရင်းသားရေးရာဝန်ကြီး တစ်ယောက်ဖြစ်သော ယင်းအနေဖြင့်ဒေသ,ခံရွာသားများပြောပြမှ သိခဲ့ရ,ကြောင်း။တရားဝင်အသိပေးခြင်း၊ တာဝန်ပေးခြင်း၊ အကြောင်းကြားခြင်းများမရှိကြောင်းတို့ကို ကနဦးထုတ်ဖော်ပြောကြား သည်။

အင်းလေးဒေသတွင်ဖြစ်ပျက်နေသည့်ဟိုတယ်ဇုန်မြေယာပြဿနာ၌ဟိုတယ်ဇုန်စီမံကိန်းအတွက်၆၂၂ဧက,ပေးကာ ပြည်နယ်အစိုးရက,ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေသည်ကို တစ်ဆင့်စကားဖြင့်ကြားရ,ကြောင်း။ရွာသားများ ကန့်ကွက်စာတင်သည်ဟုလည်းကြားရ,ကာ အောက်တိုဘာတွင် ဟိုတယ်ဇုန် အတွက် မြေ စ,ပြင်သည်ဟုသိခဲ့ရ,ကြောင်း။မြေပြင်ခြင်းပြုလုပ်ပြီး၎၊၅ရက်အကြာတွင် ဒေသ,ခံရွာသားများဖြစ်သည့်ပင်စိမ်းကုန်းနှင့် ကံပဲရွာဒေသ,ခံ၁၁၄ ဦးတို့က သည်အင်းလေးဟိုတယ်ဇုန်ကို ကန့်ကွက်စာများလက်မှတ်ထိုးကာ ယင်းထံတင်ပြလာကြကြောင်း။
ရွာသားများအနေဖြင့် ယင်းတို့၏မြေကွက်များကို ဘူဒိုဇာနှင့်လာရောက်ထိုးသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ကို ပြောခဲ့သည် ဟုသိရ,ကြောင်း။ကျေးရွာအုပ်ချုပ်ရေးမှူးက, လျော်ကြေးနှင့်ပတ်သက်၍တိတိကျကျဖြေကြားပေးခြင်းမရှိသည့်အတွက်ယင်းထံသို့ကျေးရွာသားများက,တင်ပြလာကြောင်း။
ရွာသားများအနေဖြင့် သင့်တော်သည့်လျော်ကြေးရ,လိုကြကာ မြေကွက်ဖော်ထုတ်ရာမှထွက်လာသည့် ထင်းနှင့်သစ်သား များကို လည်း ဒေသ,ဖွံ့ဖြိုးရေးအတွက် အသုံးချပေးစေလိုကြကြောင်း။ဒေသတွင်းရှိ ရေထွက် ၆ခုကိုလည်း တစ်နှစ်ပတ်လုံးစိုက်ပျိုးရေး လုပ်နိုင်ရန် မခမ်းခြောက်အောင် ပြုလုပ်ပေးစေလိုသည်ဟု တင်ပြလာကြကြောင်း။အင်း တိုင်းရင်းသားရေးရာ ဝန်ကြီးဦးဝင်းမြင့် က, ပြောသည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဒေသ,ခံလူထုသဘောပေါက် ကျေနပ်နားလည်အောင်ရှင်းပြခဲ့ပါကယခုကဲ့သို့ပြဿနာများ ပေါ်ပေါက်လာမည်မဟုတ်ကြောင်း။
ရွာသားများတင်ပြလာသည့် စာကိုလည်း ပြည်နယ်ဝန်ကြီးချုပ်ထံ ယင်းကိုယ်တိုင် လက်မှတ်ထိုး တင်ပြခဲ့ကြောင်းတို့ကို လည်း ဆက်လက်ရှင်းလင်းပြောကြားသည်။

ယင်းသို့တင်ပြခဲ့သည့်အတွက် ပြည်နယ်ဝန်ကြီးချုပ်က, နိုဝင်ဘာ ၂၅ရက်၊ နေ့လယ်တွင် ပြည်နယ် ဌာနဆိုင်ရာများကိုခေါ်ကာ သလဲဦးဟိုတယ်ဇုန် ရှင်းလင်းဆောင်တွင် ဒေသ,ခံရွာသား ၂ဝဝ ကျော်နှင့်တွေ့ဆုံခဲ့သည်ဟု သိရှိရသည်။

ယင်းတွေ့ဆုံမှုတွင် မြေစာရင်းဦးစီးဌာနနှင့်သစ်တောဦးစီးဌာနကဟိုတယ်ဇုန်မြေယာ၆၂၂ဧက,တွင်လက်ငုတ်လုပ်နေသည့် တောင်သူ လယ်မြေ ဧက, ၁၂.၅၅ဧက,ပါရှိကြောင်း။တောင်သူ ၇၁ဦး၏ ခြံမြေဧက ၁၁၉.၁၁ဧကမှာ သစ်တောကျူးကျော်မြေစာရင်းတွင် ပါနေသည်ဟု ဆွေးနွေးတင်ပြကြောင်းသိရှိရ,သဖြင့် ဝန်ကြီးဦးဝင်းမြင့်က,ထိုမြေများကို သစ်တောပိုင်မြေအဖြစ် သတ်မှတ်သည်
မှာ၂ဝ၁၁ခုနှစ်ရောက်မှဖြစ်ကြောင်း/ထိုမြေများကိုသစ်တောမြေအဖြစ်မသတ်မှတ်မီကတည်းက, ဒေသ,ခံများက,ရှေးဘိုးစဉ်ဘောင် ဆက် လုပ်ကိုင်ခဲ့ကြကြောင်း ရှင်းလင်းပြောပြခဲ့သကဲ့သို့ ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက,လည်း ဒေသ,ခံပြည်သူများ နစ်နာမှုမရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်း လည်းသိရသည်။ 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်က,လည်းရွာသူရွာသားများနစ်နာမှုမရှိစေရန်သီးနှံလျော်ကြေး၎၊၅နှစ်စာ ပေးသွား
မည်ဖြစ်ကြောင်း။ဟိုတယ်ဇုန်အတွင်းတွင်လည်းလွတ်လပ်စွာသွားခွင့်ပြုပေးပြီး ရေထွက်များမခမ်းခြောက်ရေးအတွက်လည်း ပြုလုပ်ပေး
မည်ဖြစ်ကြောင်း။ငွေရှင်ဘက် လိုက်ပါဆောင်ရွက်မည် မဟုတ်ကြောင်း၊ မတရားဆောင်ရွက်မည် မဟုတ်ကြောင်းနှင့် မျှမျှ တ,တ,ဆောင်ရွက်ပေး မည်ဟု ပြောဆိုသွားကြောင်း အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က,ထပ်မံရှင်းပြခဲ့သည်။

ယင်းတို့ဝန်ကြီးချုပ်၏ပြောကြားချက်ကတိကဝတ်ကို ဒေသ,ခံများက,လည်းသဘောတူကြောင်း၊ မြေများ သင့်တော် သည့်လျော်ကြေးပေးမည် ဆိုသဖြင့် ရွာသားများက,ကျေနပ်ခဲ့ကြောင်းလည်း သိရသည်။ အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် စီမံကိန်းများကိုပွင့်လင်းမြင်သာစွာဆောင်ရွက်မည်ဆိုလျှင် ဒေသ,ခံပြည်သူများနှင့် ဖြစ်ပွားနေသည့်အခက်အခဲများကို ကျော်လွှားနိုင် မည်ဟု ထင်မြင်ကြောင်း။မိမိအနေဖြင့်လည်း အင်းသူအင်းသားများနစ်နာမှုမရှိစေရန်နှင့် ရှမ်းပြည်နယ်အစိုးရ,ဂုဏ်သိက္ခာရှိစေရန် ရပ်တည်သွားမည်ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က,ထပ်လောင်းပြောသည်။

ယင်းအင်းလေးကန်ဒေသ,ဟိုတယ်ဇုန်စီမံကိန်းသည် အင်းလေးကန်နှင့်၂မိုင်အကွာအဝေးရှိသစ်တောကြိုးဝိုင်းမြေအတွင်း မြေဧက,  ၆၂၂ ဧက,တွင် တည်ဆောက်ဆဲဟိုတယ် ၁၆လုံးနှင့် ယခင်တားမြစ်ဟိုတယ် ၁၃လုံး၊ စုစုပေါင်း ၂၉လုံး ရှိမည်ဖြစ်ကြောင်း သိရသည်။

ဖူ့တာမိက် (အင်းဟှးလင်ဖ၀်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here