ဒီဇင်ဘာ(၈)
UNODC အဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့များဆွေးနွေးနေပုံ
လှိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှာ
နေထိုင်တဲ့ အာရ်အက်ဖ်အေသတင်းထောက် တာဝန်ခံ ဦးကျော်မျိုးထွန်းဟာ ပင်လောင်းမြို့ကို ဒီဇင်ဘာလ(၇)ရက်နေ့
မနက်ပိုင်းမှာ ရောက်ရှိလာပြီး ဘိန်းခင်းများဖျက်ဆီးမှုအခြေအနေနဲ့ ဘိန်းအစားထိုးသီးနှံလိုအပ်ချက်တွေကို
လေ့လာမှတ်တမ်း တင်နေ တယ် လို့ သိရပါတယ်။
ဦးကျော်မျိုးထွန်းဟာ ပင်လောင်းမြို့က
ရဲမှူးနှင့်တွေ့ဆုံပြီး ဘိန်းခင်းဖျက်ဆီးနေမှုအခြေအနေနှင့် ဆက်လက် လုပ်ဆောင်မည့် အခြေအနေတွေကို
မေးမြန်းသွားပါတယ်။ ညနေပိုင်းမှာ ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာအုပ်စု တာငိုကျေးရွာအနီးမှာ
ဘိန်းခင်းဖျက်ဆီးနေမှုများကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ပြီး ရွာအုပ်ချုပ်ရေးမှုများနှင့်
တွေ့ဆုံကာ ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖျက်ဆီးနိုင်မှု၊ ဘိန်းအစားထိုးသီးနှံလိုအပ်မှု၊ ဘိန်းစိုက်ပျိုးမှု
ပပျောက်ရေးအတွက် လိုအပ်ချက်များကိုမေးမြန်းသွားခဲ့တယ်လို့ သိရပါတယ်။
ဦးကျော်မျိုးထွန်းက “ ကျွန်တော်အခုလိုလက်တွေ့လာရောက်
လေ့လာရတဲ့အကြောင်းကတော့ မြေပြင်မှာ ဘာတွေ လုပ်နေတယ်၊ ဘာတွေလိုအပ်နေတယ် စတဲ့အချက်တွေကို
မျက်မြင်ကိုယ်တွေ့သိဖို့နဲ့ မှတ်တမ်းတင်နိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်ရရှိတဲ့မှတ်တမ်းတွေ၊
အချက်အလက်တွေကို အာရ်အက်ဖ်အေကို ပြန်တင်ပြမှာဖြစ်ပြီးတော့ ရှမ်းပြည်နယ်အတွက် အဖိုးတန်တဲ့ အကူအညီတွေ အမြန်ဆုံးရရှိလာအောင်
ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့’’ ပြောပြသွားပါတယ်။