တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုမှ လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများနှင့် သက်ဆိုင်သောစာရွက်စာတမ်းများ လွှဲပြောင်းပေး အပ်ရာ ကျိုင်းတုံတပ်နယ် နယ်မြေခံတပ်မတော်ဆေးရုံ တပ်မှူး ဗိုလ်မှူးကြီးသိန်းဇော်က လက်ခံရယူစဉ်။
နေပြည်တော် ဒီဇင်ဘာ ၉
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ် သူရသက်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ တြိဂံဒေသ တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် ကျိုင်းတုံ တပ်နယ်မှ တပ်မတော် အရာရှိကြီး များနှင့်အတူ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ကျိုင်းတုံ တပ်နယ်ရှိ နယ်မြေခံ တပ်မတော် ဆေးရုံသို့ ရောက်ရှိကြပြီး ဆေးရုံသုံး ပစ္စည်းများအား ပေးအပ် လှူဒါန်းသည်။
ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုမှ နယ်မြေခံ တပ်မတော် ဆေးရုံအတွက် လှူဒါန်းသည့် မွေးကင်းစ ကလေးများအား အနွေးပေးစက် Incubator တစ်စုံနှင့် ယင်းနောက် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြ သူများသည် ဆေးရုံကြီး အတွင်း လှည့်လည် ကြည့်ရှုကြသည်။
¤င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဓမ္မသီရိ ဆေးရုံကြီး အပေါ်ဆုံး ထပ်ရှိ ဘုရားခန်းတွင် ကျိုင်းတုံမြို့ ဓမ္မောဒယ ကျောင်းတိုက် ဦးစီး ပဓာန နာယက ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိ က ဓဇ ဘဒ္ဒန္တ အာဇေယ အမှူးပြုသော ဆရာတော်၊ သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး အခမ်း အနားသို့ တက်ရောက် လာကြသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် မြို့မိမြို့ဖ များအား ရင်းရင်းနှီးနှီး လိုက် လံ နှုတ် ဆက်သည်။
အခမ်းအနား အစီအစဉ် ဒုတိယပိုင်း အနေဖြင့် ဓမ္မသီရိ ဆေးရုံကြီးအား လွှဲပြောင်း ပေးအပ်ခြင်း အခမ်း အနားကို ဆေးရုံကြီး အပေါ်ဆုံး ထပ်ရှိ ဘုရားခန်းတွင် ဆက်လက် ကျင်းပ ပြုလုပ်ရာ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ် ရွတ်ဆို၍ ဘုရား ကန်တော့ ဖွင့်လှစ်ပြီး ကျိုင်းတုံမြို့ ဓမ္မောဒယ ကျောင်းတိုက် ဦးစီး ပဓာန နာယက ဆရာတော် ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
၎င်းနောက် ဆရာတော်၊ သံဃာတော် များက မေတ္တသုတ် ပရိတ် တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော် မူကြသည်။
ယင်းနောက် နဂါးနှစ်ကောင် ကျောင်းတိုက် ဦးစီး ပဓာန နာယက ဆရာတော် နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဓမ္မ သီရိမှ (၈၄) နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဓမ္မသီရိ ဆေးရုံကြီးအား လွှဲပြောင်း ပေးအပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆေးရုံနှင့် ပတ်သက် သော စာရွက် စာတမ်းများအား လက်ခံ ရယူသည်။
မြ၀တီ