Tuesday, December 18, 2012

လူကုန်ကူးရန် အမျိုးသမီးငယ် နှစ်ဦး ခေါ်ဆောင်သူ ဖမ်းဆီးရမိ

0 comments
(တောင်ကြီး  ဒီဇင်ဘာ ၁၈)
 
 

ရှမ်းပြည်နယ်  တာချီလိတ် မြို့နယ် မိုင်းဖုန်း (က) အုပ်စု ဝမ်းနား ကျေးရွာ တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ခွဲက တစ်ဖက် နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန်   လိမ်လည်၍ အမျိုးသမီးများ ခေါ်ဆောင် ထားသူကို ဖမ်းဆီး ရမိခဲ့သည်။

ဖြစ်စဉ်မှာ မနန်းအို့ ၂၈ နှစ် (ဘ) ဦးအိုက်မွမ်း ဝမ်းနားရွာ မိုင်းဖုန်း(က) အုပ်စု တာချီလိတ်မြို့ နေသူသည် တစ်ဖက် နိုင်ငံရှိ ၎င်း၏ အစ်မဖြစ်သူ မနန်းအမ်ရှဲန် ပိုင်ဆိုင်သော စားသောက်ဆိုင် တွင် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် အတွက် မနန်းဖောင်း ၁၆ နှစ် (ဘ) ဦးလုံးနန် ဝမ်မိုင်ရွာ  မိုင်းခါအုပ်စု မိုင်းပေါက် မြို့နယ်ခွဲနှင့် မနန်းပျဲန်း  ၁၅ နှစ် (ဘ)ဦးလုံးဆိုင် ဝမ်မိုင်ရွာ မိုင်းခါ အုပ်စု မိုင်းပေါက် မြို့နယ်ခွဲ နေသူ နှစ်ဦးအား လိမ်လည် သွေးဆောင် စည်းရုံးပြီး ခေါ်ဆောင် ထားသည်ကို သတင်း ရရှိ သဖြင့်  လူကုန်ကူး (အထူး) အဖွဲ့မှ ခေါ်ယူ စစ်ဆေးရာ ၄င်းအမျိုးသမီး နှစ်ဦးအား  ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သို့  ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်ရန် ခေါ်ဆောင်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် ဝမ်ပုံ ရဲစခန်းမှ (ပ) ၁၄/ ၂ဝ၁၂ လူကုန်ကူး ၂၄ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက် ထားရှိကြောင်း သတင်း ရရှိသည်။  
 
 
မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here